Pages

Tuesday, June 19, 2007

အာဇာနည်ရဲ့အသံ

အန်တီ့ကိုရည်စူးပြီးရေးဖြစ်ခဲ့တဲ့ကဗျာလေးတစ်ပုဒ်ပါ။ အန်တီ့ရင်ထဲက စကားသံတွေကို အန်တီကပြောနေတဲ့ပုံစံနဲ့ရေးထားပါတယ်။ ဒီနေ့ အန်တီ့ရဲ့ ၆၂ နှစ်ပြည့်မွေးနေ့မှာ အမှတ်တရ ဒီပို့စ်လေးကိုတင်ပါတယ်။
ကော်နက်ရှင်မကောင်းလို့ အခု ည၉နာရီရောက်မှပဲ ဒီ့ပို့စ်ကိုတင်လို့ရတော့တယ်။

အာဇာနည်ရဲ့အသံ

အဝေးတစ်နေရာကနေ
မွေးရပ်မြေကိုပြန်ငေး
ပြည်သူတို့ရဲ့ ငိုကျွေးသံတွေ
ငါ့သွေးတွေကို ဆူပွက်စေခဲ့ပြီ။

မြင်ကွင်းရဲ့မလှပမှုတွေကို
တရားမျှတမှုနဲ့ချိန်ထိုး
တိုင်းပြည်ရဲ့အဖြစ်ဆိုးက
ငါ့ရင်ကို ၀င်တိုးခဲ့ပြီ။

အာဇာနည်ရဲ့သွေးနဲ့ဖွဲ့တဲ့
ငါ့နှလုံးအိမ်တည့်တည့်ကို
အာဏာရှင်ရဲ့မြားချက်တွေဖောက်ထွင်း
ငါ့ရဲ့ဆုံးဖြတ်ချက်တွေရှင်းခဲ့ပြီ။

တိတ်ဆိတ်ခြင်းတွေနဲ့ကြီးပြင်း
အနိဋာရုံတွေနဲ့ ပေါင်းသင်းခဲ့ရတဲ့
နိုင်ငံရဲ့သမိုင်းကြောင်း...
ပြောင်းကြဖို့အချိန်တန်ပြီ။

လွတ်လပ်ခြင်းရဲ့အနှစ်သာရ
အပြည့်အ၀မရသေးတဲ့တိုင်းပြည်
လူတစ်ဦးခြင်းစီရဲ့အခွင့်အရေး
ငါရယူပေးချင်ပြီ။

ငြိမ်းချမ်းရေးတေးကို
အပူအပင်ကင်းစွာဟစ်ကြွေး
ပြည်သူတို့ရဲ့ရှေ့ရေး
စိတ်အေးကြတာမြင်ချင်ပြီ။

ဘယ်သူတွေဘယ်လောက်မိုက်မိုက်
အကြမ်းမဖက်တဲ့နည်းနဲ့ဆက်တိုက်
အဲဒီ့အမှောင်တိုက်မှာ...
အလင်းမှတ်တိုင်ငါစိုက်မည်။

ချစ်စရာမြန်မာစိတ်ဓါတ်နဲ့
ဖြူစင်ကြတဲ့ ပြည်သူတို့ရဲ့အား
ငါ့နှလုံးသားမှာထည့်ထားပြီး
လွတ်မြောက်ခြင်းရဲ့ခရီးလမ်း
မဆုံးသရွေ့ငါဆက်လှမ်းမည်။ ။

6 comments:

pandora said...

အာဇာနည်ရဲ့ နှလုံးသားကို တကယ် ထင်ဟပ်စေပါတယ်.. ဒီကဗျာအတွက် ကျေးဇူးပါ နေဘုန်းလတ်။

MELODYMAUNG said...

ဒီမွေးနေ့ လက်ဆောင်ကဗျာလေး တင်ပေးတာ ကျေးဇူးတင်တယ် နာ့ ပို့ စ်ထဲမှာလဲ ထည့် ချင်လို့ မသွားမယ်နော် ရရင်အကြောင်းပြန် သူငယ်ချင်း

မေဓာဝီ said...

ကဗျာကို ဖတ်ပြီး ... အာဇာနည်ရဲ့ အသံကို ကြားယောင် မိပါတယ် ...
ကဗျာလေး သိပ်ကောင်းတယ် ... လို့ ပြောလိုက်ရင် ပေါ့သွားမှာစိုးလို့ ... ဖတ်ရှုခံစား ပြီး ပြန်သွားပါပြီ ...

M.Y. said...

မယ်လိုဒီ ဆီမှာဖတ်ရ လို့ ဒီပြန်လာပြီး မှတ်ချက်ရေးတာပါ..
ဒီကဗျာအတွက် လေးစားစွာ ကျေးဇူးတင်ပါတယ်…
မောင်ရင်

Unknown said...

အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Unknown said...

bravo fren. :)