Pages

Monday, June 18, 2007

အစည်းအဝေးဖိတ်ကြားခြင်း

မြန်မာဘလော့ဂ်ဂါများ၏ စုစည်းတင်ဆက်မှုဖြစ်သည့် `အနာဂတ်လှိုင်း၏ဆုံမှတ်များ´ ဟုအမည်ရသော မြန်မာဘလော့ဂ်မိတ်ဆက်စာအုပ် ရိုက်နှိပ်ထုတ်ဝေမည့် ကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးသမျှအခြေအနေများကို တင်ပြရန်နှင့် စာအုပ်ထုတ်ဝေရေးအတွက် လိုအပ်သော အခြားလုပ်ငန်းဆောင်တာများအတွက် ၀ိုင်းဝန်းဆွေးနွေးကြရန် ရန်ကုန်မြို့တွင် အစည်းအဝေးတစ်ရပ်ထပ်မံကျင်းပမည်ဖြစ်ပါသည်။
နေ့ရက် - ၂၄.၀၆.၂၀၀၇ (တနင်္ဂနွေနေ့)
အချိန် - နေ့လည် ၁ နာရီတိတိ
နေရာ - COFFEE KING ( ဗိုလ်အောင်ကျော်လမ်း ၊ အာလာဒင်ရှေ့)
အထူးအစီအစဉ်အနေဖြင့် လာမည့် ဇွန် ၂၈တွင်ကျရောက်မည့် မွေးနေ့ အကြိုအဖြစ် ကျွန်တော် နေဘုန်းလတ်မှ အစည်းအဝေးတက်ရောက်သူများအားလုံးကို အစား (အာလူးကြော် တစ်ချောင်း) အသောက် (ရေတစ်ခွက်) များဖြင့် ဧည့်ခံမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ( ဒါမှ လာကြမှာ၊ )

စာကြွင်း ၁၊၊ ။မွေးနေ့လက်ဆောင်ယူမလာခြင်း သည်းခံပါ။း-)
စာကြွင်း ၂။ ။အစည်းအဝေး၏ ပထမ section အတွက်သာ တာဝန်ယူခြင်းဖြစ်ပါသည်။ ဒုတိယ section နှင့် တတိယ section များအတွက်မူ ကိုယ့်ဒေါသနှင့် ကိုယ်ဖြစ်ပါသည်။

1 comment:

Anonymous said...

စင်ကာပူကလူတွေကိုတော့ အာလူးကြော်တစ်ချောင်း + ရေတစ်ခွက်တောင် မတိုက်ဘူးလား..?? =) Happy Advance Birthday Bro.. ဘယ်နှနှစ်ပြည့်မှာလဲ ဆိုတာတော့ အားနာလို့မေးတော့ပါဘူး.. =)