Pages

Friday, August 17, 2012

မနက်ဖြန် ဘာဖြစ်မှာလဲ ... ကျနော်မသိဘူး ...။ ဘယ်တုန်းကမှ မသေချာခဲ့တဲ့ မနက်ဖြန်တွေ ... အခုလဲ ကျနော့်အတွက် ထွေထွေထူးထူး မရေရာနေခဲ့ပါဘူး။ အဆင်မပြေခြင်းတွေနဲ့ ဝရုန်းသုံးကားဖြစ်ပြီးမှ ... ဘဝက ပြန်ပြန်ပြီး သေသပ်ကျနခဲ့ရတာ အခါခါ ...။ ကြာတော့လဲ ... မျှော်လင့်ချက်တွေ ပြည့်ဝခွင့်ရမယ့်နေ့ဟာ အခက်အခဲတွေနဲ့ မလှမပ ပေါင်းဖက်စုံမက် ... ပြီးမှ ကျနော့်ဆီရောက်လာမှာပါလားရယ်လို့ ... နားလည်ထားလိုက်တယ် ...။ ရပါတယ် ... ကျနော် ခံနိုင်ရည်ရှိဖို့ကြိုးစားတယ် ...။ ခံနိုင်ရည်မရှိတော့တဲ့ နေ့ရောက်လာခဲ့ရင်လဲ ... မျှော်လင့်နေရခြင်းအလုပ်ကို ရပ်တန့်ပစ်လိုက်ရတော့မှာပဲ ...။

Friday, August 3, 2012

ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော် ... စာအုပ် မိတ်ဆက်ပွဲနှင့်အရောင်းပွဲ
















ကြွရောက်လာကြတဲ့ စာဖတ်ပရိသတ်များ ၊ တက်ရောက်ပြီး နှုတ်ခွန်းဆက်စကား ပြောကြားပေးကြတဲ့ စာရေးဆရာမောင်ဝံသ၊ စာရေးဆရာမင်းလူ၊ ဦးသူရ(ခ) ဇာဂနာ၊ စာရေးဆရာမင်းကိုနိုင်၊ အခန်းအနားမှူးအဖြစ်ဆောင်ရွက်ပေးတဲ့ ကိုဇော်သက်ထွေး ... စာအုပ်ထွက်နိုင်ဖို့ အစမှအဆုံးအထိ မငြီးမငြူ ကူညီပေးခဲ့တဲ ညီငယ် မြေမှုန်လွင်၊ မျက်နှာဖုံးဒီဇိုင်းကို မေတ္တာနဲ့ရေးဆွဲပေးခဲ့တဲ့ ညီငယ် မောင်ပွတ်၊ အတွင်းပန်းချီပုံတွေရေးဆွဲပေးခဲ့တဲ့ ကိုလင်းဝဏ္ဏ၊  ပွဲပြုလုပ်ခွင့်ပေးခဲ့တဲ့ HOME မှတာဝန်ရှိသူများ၊ MIDO အဖွဲ့မှ ညီငယ် ညီမငယ်များအားလုံး ... ချစ်သောမိသားစုတွေနဲ့ ... ကျေးဇူးတင်ထိုက်သူများအားလုံးကိုကျေးဇူးတင်ပါတယ် ...။