Pages

Wednesday, August 29, 2007

ကျွန်တော်ရေးထားတဲ့အထဲက ကျွန်တော်အကြိုက်ဆုံးပို့စ်များ

ကျွန်တော်ရေးထားတဲ့အထဲက ကျွန်တော်အကြိုက်ဆုံးပို့စ်များ

ကိုရန်အောင်ကြီးက အကြိုက်ဆုံးပို့စ်ငါးခုကိုရွေးပေးပါလို့လာ Tag တယ်။ သူ့ဘလော့ဂ်မှာသွားပြီး ငါးခုတည်းလား ကိုရန်အောင်ရယ် ... လို့တောင်သွားနောက်လိုက်သေးတယ်။
အမှန်အတိုင်းပြောရရင် ... ကျွန်တော်တင်ခဲ့တဲ့ပို့စ်တွေအားလုံးကိုကျွန်တော်ကြိုက်တယ်လို့
ပြောလို့ရပါတယ် ...။ ကောင်းလွန်းလို့တော့မဟုတ်ပါဘူး ဒါပေမယ့် ကျွန်တော့်စာတွေဟာ စာဖတ်သူတွေကိုဘယ်လိုအဆိပ်အတောက် မျိုးမှမဖြစ်စေနိုင်ဘူးလို့ ယုံကြည်လို့ပါ ...။ ကျွန်တော်ကိုယ်တိုင်မကြိုက်တဲ့ အချို့စာတွေ ကျွန်တော့်မှာရှိပါတယ် ...။ အဓိကကတော့ ကဗျာတွေပါ ... ကဗျာနဲ့ပတ်သက်လာရင် ကျွန်တော်အားနည်းပါတယ် ... ။ ကိုယ်တိုင်ရေးတဲ့ ကဗျာတစ်ပုဒ်ကိုဖတ်မိတိုင်း အားမလိုအားမရစိတ်တွေဖြစ်ရပါတယ် ...။ ဒါပေမယ့်လဲ ကြိုးစားရေးဖွဲ့နေရင်း ကဗျာကောင်းလေးတွေတော့ရခဲ့ဖူးပါတယ် ...။ ကျွန်တော်ရေးခဲ့တဲ့ပို့စ်လေးတွေထဲက ကျွန်တော်အကြိုက်ဆုံးပို့စ်တွေကို မဖြစ်မနေရွေးပေးပါဆိုရင်တော့ ဒါလေးတွေကိုရွေးချင်ပါတယ်။

ကျွန်တော်လွှတ်ချခဲ့တဲ့မြို့တော် ...
အချစ်အကြောင်းရေးထားတဲ့ ကျွန်တော့်ရဲ့ရှားရှားပါးပါး ၀တ္ထုတိုလေးပါ ...။

ကျွန်တော်နှင့်အရောင်များ
မြင်နေတွေ့နေရတဲ့အရောင်တွေကို အဓိပ္ပါယ်တွေလိုက်ဖွင့်ဆိုကြည့်နေမိရင်းက ဒီဝတ္ထုတိုလေးကိုရခဲ့တာပါ။

ငါဖြတ်သန်းပြီးခဲ့တဲ့ဘ၀တစ်ခုထဲမှာ

ကျွန်တော့်ရဲ့ ၂၇နှစ်ပြည့်မွေးနေ့မှာ အမှတ်တရရေးဖြစ်ခဲ့တဲ့ကဗျာလေးပါ ...။

ကျွန်တော်နှင့်လောကမှတ်တိုင်များ

ဖတ်ဖူးတဲ့ကဗျာလေးတစ်ပုဒ်ထဲက ထူးခြားတဲ့အတွေးလေးကိုယူပြီး A ကနေ Z အထိကို ကဗျာလေးစပ်ကြည့်ခဲ့တာပါ ...။ A ဆိုတာက Art , B ဆိုတာက Blind စသည်ဖြင့် စာတစ်ပိုဒ်ချင်းမှာ အဓိပ္ပါယ်လေးတွေပါနေအောင်ရေးထားတာပါ။

အသာလွန်ဆုံးများ

သူငယ်ချင်းတစ်ယောက်လှမ်းပို့လိုက်တဲ့ slide show လေးထဲက စာကြောင်းလေးတွေကို ဘာသာပြန်ပြီး ကိုယ့်အမြင်လေးတွေပေါင်းထည့်ထားတဲ့ ဆောင်းပါးလေးတစ်ပုဒ်ပါ ...

ကျွန်တော့်အကြိုက်တွေကိုတော့ရွေးပေးပြီးပါပြီ ... ဒါကိုတော့သူများတွေကိုပြန် မ Tag တော့ပါဘူး ...။
ကျွန်တော့်ဘလော့ဂ်လေးကို လာရောက်ဖတ်ရှုကြတဲ့သူတွေကို ကျွန်တော်တစ်ခုလောက်ပဲ ပြန်ပြီးမေတ္တာရပ်ခံချင်ပါတယ် ...
ကျွန်တော်က ကျွန်တော့်အကြိုက်တွေကိုတော့ရွေးပေးပြီးတဲ့နောက်မှာ... စာဖတ်သူတွေကလည်း စာဖတ်သူအကြိုက် ၅ခုဆီကိုရွေးပေးကြဖို့ပါ ... ဒီပို့စ်လေးရဲ့ကွန့်မန့်အောက်မှာ ရွေးပြီး ခေါင်းစဉ်လေးတွေရေးပေးစေချင်ပါတယ် ... ၉.၉.၂၀၀၇ ကျရင် စာဖတ်သူအကြိုက် ငါးခုကိုမဲခွဲပြီးကျွန်တော်ပြန်တင်ပေးပါ့မယ် ...
ကျေးဇူးတင်ပါတယ်ခင်ဗျာ ...

7 comments:

su wai said...

ကြိုက်တဲ့ပို့(စ်)တွေ အများကြီးပဲ ရှိတယ်။ ငါးခုပဲရွေးပေးပါ ဆိုတော့လဲ…

- ကျွန်တော်နှင့်အရောင်များ
- သိပ်စိတ်မညစ်ကြပါနဲ့ ( အကြောင်းတစ်ခုခုကြောင့် စိတ်ညစ်လာတိုင်း ဒီပို့(စ်)လေးကို ပြန်ဖတ်တယ် )
- အသာလွန်ဆုံးများ
- လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ က ခေါင်းဆောင်မှု ( ဘာသာရေးနဲ့နွယ်ပြီး ကိုယ်ပြောချင်တဲ့အကြောင်းအရာတွေကို ထိထိမိမိ ပြောထားလို့ ကြိုက်တယ် )
- ကျွန်တော်လွှတ်ချခဲ့တဲ့ မြို့တော် ( ရှားရှားပါးပါး အချစ်ဝတ္ထုလေးမို့လို့ )

Anonymous said...

ကျွန်တော်နှင့်သုတေသနမြို့
တန်ဖိုး
ဒေါ်လာ ၂၀
ဆရာနှင့်ကျောင်းသား ဖြစ်ရပ် (၂), (၆)
စိတ်ကူးမယဉ်ဝံ့တဲ့သူ

Yan said...

ကိုနေကြိုက်တဲ့ ငါးခုကို ကျွန်တော်ကြိုက်တယ်ဗျာ. စာရေးသူကိုယ်တိုင်တောင် ကြိုက်မှတော့ ကျွန်တော်လည်းကြိုက်ပြီပေါ့. ဒါကြောင့်ထပ်ရွေးစရာလိုတော့ဝူးနော်. ဟတ်ဟတ်ဟတ်

ခွန်မြလှိုင် said...

နင်ဒီပို့စ်ကို မရေးခင်တည်းက ငါ့ ဘလော့မှာ ရွေးပြီးသားဟ
အဓိပ္ပါယ်များကို ခံစားခြင်း ၊
ဗုဒ္ဓနှင့်စံပြခေါင်းဆောင်မှု (လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ က ခေါင်းဆောင်မှု)
ဆရာ၊ကျောင်းသားနဲ့ ဖြစ်ရပ်များ
ကျွန်တော်နဲ့ပင်ဂွင်းငှက်များ
ပြီးတော့ နင်ပြီးအောင် မရေးရသေးတဲ့ မျက်နှာဖုံးများ ဆိုတဲ့ ပို့စ်နဲ့ အဲဒီ စာအုပ်ဟောင်း လေးထဲက လျှောက်ခြစ်ထားတဲ့ ကဗျာလေးတွေ

Anonymous said...

ကျွန်တော်လွှတ်ချခဲ့တဲ့မြို့တော် ...
ငါဖြတ်သန်းပြီးခဲ့တဲ့ဘ၀တစ်ခုထဲမှာ
ကျွန်တော်နှင့်အရောင်များ
တန်ဖိုး
ဆရာ၊ကျောင်းသားနဲ့ ဖြစ်ရပ်များ

High Lander said...

လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ က ခေါင်းဆောင်မှု
တန်ဖိုး
ဒေါ်လာ ၂၀
ဆရာနှင့်ကျောင်းသား ဖြစ်ရပ်
ကျွန်တော်နဲ့ပင်ဂွင်းငှက်များ

စိုးဇေယျထွန်း said...

ကျွန်တော်နှင့် အရောင်များ