Pages

Wednesday, August 8, 2007

လိုဂိုရှင်းလင်းချက်များ

လိုဂိုရှင်းလင်းချက်များ


ဘယ်သူတွေဆွဲထားတဲ့လိုဂိုလဲဆိုတာကို ဒီနေရာမှာ မဖော်ပြထားပါဘူး။ မဲပေးသူတွေအနေနဲ့ ပုဂ္ဂိုလ်ဆွဲတွေနဲ့ မဲပေးတာမျိုးမဖြစ်ရအောင်လို့ပါ။ အတည်ရွေးချယ်ပြီးတဲ့အခါကျမှသာ ဘယ်သူဆွဲတာပါဆိုတာကို ကျွန်တော်တို့ကြေငြာပေးပ့ါမယ်။ ကျေးဇူးပြု၍ မိမိအနှစ်သက်ဆုံးပုံတစ်ပုံအား တစ်ကြိမ်တည်းသာမဲပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ လိုဂိုဆွဲကြသူများအနေနဲ့ မိမိဆွဲတဲ့ပုံကို မိမိမဲပြန်မပေးကြဖို့လဲ မေတ္တာရပ်ခံပါတယ်။ အခြားသူရဲ့ပုံကိုတော့ ကြိုက်နှစ်သက်ပါက မဲပေးနိုင်ပါတယ်။ MBS ရဲ့ဆောင်ပုဒ်ကိုတော့ ဖိုရမ်ထဲမှာ အများစုသဘောတူထားတဲ့ We Blog , We Unite ဆိုတာလေးကိုပဲရွေးချယ်လိုက်ကြမယ်လို့ ကျွန်တော်တို့စဉ်းစားထားပါတယ်။

Logo . 1

MBS ဆိုတဲ့ စာလုံးလေးသုံးလုံးကို မညီညာတဲ့ frame လေး ၃ ခု နဲ့ လုပ်ထားတာက ကျွန်တော်တို့ မြန်မာဘလော့ခ်ဂါတွေက မတူညီတဲ့ အရပ်ဒေသတွေ၊ ခြားနားတဲ့ အသက်အရွယ်တွေ၊ ကွဲပြားတဲ့ အမြင်တွေ ရှိကြပေမယ့် အတူတကွ ကျွန်းကို ကိုင်းမှီ၊ ကိုင်းကို ကျွန်းမှီ စည်းစည်းလုံးလုံး ရှိကြတယ်ဆိုတာကို ရည်ရွယ်ပါတယ်။ M လေးရဲ့ အပြာရောင်လေးက မြန်မာဘလော့ခ်ဂါတွေ အေးချမ်းစွာ ပေါင်းစည်းမှုကို ဆိုလိုပါတယ်။ B ဆိုတဲ့ အစိမ်းရောင်လေးက ကျွန်တော်တို့ဟာ အဖွဲအစည်းဟာ ပရဟိတ အတွက် ရည်ရွှယ်ပါတယ်လို့ ဆိုလိုတာပါ။ S ဆိုတဲ့ အနီရောင်လေးကတော့ ကျွန်တော်တို့က ရဲရင့်ပြီး နိုင်ငံကို အမိနိုင်ငံကို ချစ်မြတ်နိုးတဲ့ အဓိပါယ်ကို ဆိုလိုပါတယ်။

အထက်ပါလိုဂိုကလေးမှာ အပြာရောင်ဆိုတာ မြန်မာဘလော့ဂါအပေါင်း ထာဝရငြိမ်းချမ်းအေးမြနိုင်စေဖို့ ရည်ရွယ်ပါတယ် .. ။ အနီရောင်ဆိုတာ .. ရဲရင့်တယ် .. တက်ကြွတယ် .. စုစည်းညီညွတ်တယ်။ အစိမ်းရောင်ကတော့ ဟာမိုနီကျတယ်ပေါ့ဗျာ .. ။ ဘယ်သူတွေ ဘယ်လိုပင် တစ်ယောက်တစ်ပေါက်ပြေနေကြစေကာမူ ကျွန်တော်တို့အားလုံးဟာ ဘလော့ဂ်ရေးခြင်းအပေါ်မှာ သော်လည်းကောင်း၊ ဘလော့ဂါများအပေါ်မှာသော်လည်းကောင်း လိုက်လျောညီထွေ ဆက်ဆံနိုင်လောက်သော စိတ်ဓါတ်ခွန်အား အခြေခံထားနိုင်ကြတယ်လို့ .. သတ်မှတ်ပါတယ်။ အရောင်တိုင်းမှာ အဖြူဘက်ကို တဖြည်းဖြည်းချင်းသမ်းသွားတာကတော့ အဆိုပါ ခံစားချက်များ ပြင်းထန်လွန်းရာကနေထွက်ပေါ်လာမယ့် ဘေးထွက်ဆိုးကျိုးတွေကို လျှော့ပါးစေလိုတာပဲ ဖြစ်ပါတယ်။ စာလုံးများကို အဖြူရောင်သုံးစွဲထားတာကတော့ မြန်မာဘလော့ဂါတွေရဲ့ .. အတွင်းစိတ်တစ်နေရာက ဖြူစင်လွန်းတဲ့ စေတနာလေးကို ဖော်ကျူးထားခြင်းဖြစ်ပါတယ်။ M နဲ့ S မှာ အစက်ကလေးတစ်စက်ဆီပါဝင်နေတာကတော့ မြန်မာတွေရဲ့ လူမှုအဖွဲ့အစည်းတိုင်းမှာ ပါဝင်လေ့ရှိကြတဲ့ စုန်းပြူးများကို သတိပြုထိန်းသိမ်းနိုင်ဖို့ ရည်ရွယ်ပါတယ်။ နောက်ခံအရောင် အနက်ကတော့ လိုဂိုကို ပိုမိုပေါ်လွင်စေရန် သက်သက်မျှသာဖြစ်ပါတယ်။ ဓာတ်သဘောအရပြောမယ်ဆိုရင် အဖြူရောင်ဆိုတာ ၀ါယောဓာတ်ပါ .. ။ (အ၀ါရောင်ဆိုရင် ပိုမိုသင့်လျှော်ပါတယ် .. ဒါပေမယ့် သာသနာကိစ္စတွေမှာ အများဆုံးအသုံးပြုတာမို့ တမင်ပဲအဖြူရောင်ကို သုံးခဲ့တာပါ)အပြာရောင်ဆိုတာ အာပေါဓာတ်ပါ .. ။ အနီရောင်ဆိုတာ တေဇောဓာတ်ပါ .. ။ အစိမ်းရောင်ဆိုတာ ပထ၀ီဓါတ်ပါ .. ။ ဓါတ်ကြီးလေးပါးအရလည်း မျှတပါတယ်။

Logo . 2

ဘဲဥပုံလေးလုပ်ပြီးထောင်လိုက်တော့ မောက်စ်လေးနဲ့တူသွားပါတယ်။ MBS နဲ့ Internet နဲ့ ဆက်စပ်မှုကိုဖော်ညွှန်းပါတယ်။ ဘလော့ဂါတွေတစ်ယောက်နဲ့တစ်ယောက် မောက်စ်လေးကနေတဆင့် Link ချိတ်ထားတဲ့သဘောလဲသက်ရောက်ပါတယ်။
အပြာရောင် M ဆိုတဲ့ စကားလုံးအပေါ်မှာ Myanmar Bloggers Society ဆိုတာကို အဖြူနဲ့ရေးထားတာကတော့ ငြိမ်းချမ်းရှင်းသန့်မြန်မာစိတ်ဓါတ်နဲ့ MBS ဆိုတဲ့ online society လေးတစ်ခု ဖြူဖြူစင်စင်နဲ့ပေါ်ပေါက်လာတယ်ဆိုတဲ့ အဓိပ္ပ့ါယ်ပါ။
အနီနဲ့ အဖြူ နှစ်ရောင်စပ်ထားတဲ့ B ဆိုတဲ့စကားလုံးကတော့ ဖြူစင်ရဲရင့်တဲ့ ဘလော့ဂါတွေကို ကိုယ်စားပြုပါတယ်။
မြေသားဆန်ဆန်အရောင်နဲ့ S ကတော့ စည်းလုံးညီညွတ်မှုရှိတဲ့ Society တစ်ခုကိုကိုယ်စားပြုပါတယ်။
အရောင်တွေကို အဆင်မပြေရင် အခြားအဓိပ္ပါယ်တွေ ပြောင်းလဲဖွင့်လှစ်လို့ရပါသေးတယ်။

Logo . 3

၁။MBS စာလုံးတွေကိုလိုဂိုပုံ ထွင်းထားတာပါ။ မျက်စိထဲစွဲလွယ် မှတ်မိလွယ် ပြီး Actively & Lively ဖြစ်စေအောင်ကြိုးစားထားပါတယ်။ ငြိမ်းချမ်းခြင်းအပြာရောင်နဲ့ အရေးပါတဲ့ အချက်တွေကိုအနီရောင်နဲ့ highlight လုပ်ထားတယ်။
၂။ B ကို အနီ ရောင် လုပ်ထားပြီး သူ့ အထဲမှာ Heart ပုံ စံမောက်(စ)က လေးထွင်းထားတယ်။ စုစည်းခြင်း၊နားလည်ခြင်း၊
မြန်မာ့ နှလုံးသွေးစိတ်ဓာတ်နဲ့  ယုံကြည်ပူးပေါင်းလုပ်ဆောင်ခြင်းကိုရည်ညွှန်းတယ်။ ကမ္ဘာ လုံးပုံအ၀ိုင်းလေးနောက်မှာ ရေးရေးခံပေးထားတယ်။ Mouseကြိုးလေးနဲ့ Mကိုပတ်ထားတယ်။Mouse တစ်ချက်နှိပ်ရုံနဲ့ မြန်မာတွေကမ္ဘာပတ်၊ နယ်နမိတ်။အချိန်အပိုင်းအခြားမဲ့ ဘလော့(ဂ)နိုင်၊ စုစည်းနိုင်မယ့် ရည်ရွယ်ချက်ဖြစ်တယ်။
၃။ Society ကိုယ်စားပြု S ကို မိုးကြိုးသွားပုံစံထွင်းထားတယ်။
S အောက်ပိုင်း မိုးကြိုးသွား Tip ကလေးကို ကညစ်ပုံ လုပ်ထားပြီး အနီရောင်နဲ့ ထင်းထင်း ပြထားတယ်။ အဓိပ္ပါယ်က ဓားသွားထက် ကလောင်သွားထက်ဆိုတာကို အင်အားပြင်းတဲ့ မိုးကြိုးလိုထစ်ချုန်းခြင်း နဲ သင်္ကေတပြုထားပြီး ရဲရဲတောက် ကညစ်အဖျားကို အနီ သွင်းပေးထားပါတယ်။
ကညစ် ရဲ့ ရေးချက်ကလေး က Myanmar ကိုယ်စားပြု M စာလုံးအောက်က အ၀ိုင်းလေးကနေ စဆွဲလာလိုက်တာ MBS အောက်ကိုတောက်လျှောက်
ဖြတ်သန်းသွားတယ်။ မည်သူမဆို ဘလော(ဂ)ရေးရင်း လက်သွေးရင်းနဲ့ အများအတွက် အကျိုးရှိတဲ့ အကျိုးပြုလုပ်ငန်းတွေ နိုင်ငံတိုးတက်ဖို့ လုပ်ငန်းတွေ၊ နေရာအနှံ့ ရောက်နေတဲ့ မြန်မာ ဘလော့ဂါတွေ MBS အောက်မှာ စုစည်း လုပ်ဆောင်ကြပါစို့ ဆို တဲ့ အနက်ကိုဖော်ထားတဲ့ လိုဂိုကလေးဖြစ်တယ်။

Logo . 4

MBS ဆိုတဲ့ စာလုံးလေးသုံးလုံးကို မညီညာတဲ့ frame လေး ၃ ခု နဲ့ လုပ်ထားတာက ကျွန်တော်တို့ မြန်မာဘလော့ခ်ဂါတွေက မတူညီတဲ့ အရပ်ဒေသတွေ၊ ခြားနားတဲ့ အသက်အရွယ်တွေ၊ ကွဲပြားတဲ့ အမြင်တွေ ရှိကြပေမယ့် အတူတကွ ကျွန်းကို ကိုင်းမှီ၊ ကိုင်းကို ကျွန်းမှီ စည်းစည်းလုံးလုံး ရှိကြတယ်ဆိုတာကို ရည်ရွယ်ပါတယ်။ M လေးရဲ့ အပြာရောင်လေးက မြန်မာဘလော့ခ်ဂါတွေ အေးချမ်းစွာ ပေါင်းစည်းမှုကို ဆိုလိုပါတယ်။ B ဆိုတဲ့ အစိမ်းရောင်လေးက ကျွန်တော်တို့ဟာ အဖွဲအစည်းဟာ ပရဟိတ အတွက် ရည်ရွှယ်ပါတယ်လို့ ဆိုလိုတာပါ။ S ဆိုတဲ့ အနီရောင်လေးကတော့ ကျွန်တော်တို့က ရဲရင့်ပြီး နိုင်ငံကို အမိနိုင်ငံကို ချစ်မြတ်နိုးတဲ့ အဓိပါယ်ကို ဆိုလိုပါတယ်။

Logo . 5

အ၀န်းအ၀ိုင်းလေးက ကမ္ဘာကြီးကို ဆိုလိုတာပါ။ အဲဒီကမ္ဘာမှာ နေရာအသီးသီး၊ အယူအဆ အသီးအသီးနဲ့ မြန်မာဘလော့ဂါတွေပြန့်ကျဲနေတဲ့သဘောနဲ့ အပေါ်မှာ တစ်ရောင် မီးခိုးရောင်နဲ့ အောက်မှာ တစ်ရောင် အပြာရောင်တို့ရှိကြပါတယ်။
အဲဒီမတူညီတဲ့ဒေသတွေနဲ့ မတူညီတဲ့ နောက်ခံအသီးသီးရှိကြတဲ့ မြန်မာဘလော့ဂါများကို MBS ဆိုတဲ့ အဖွဲ့အစည်းက စုစည်းချိတ်ဆက်ပေးပုံကို အောက် ဗယ်ဘက်အစွန်းမှာ M ရဲ့ အောက်အစွန်နဲ့ ထိစပ်ထားပြီး အပေါ်ညာဘက်အစွန်ကို S ရဲ့ အပေါ်အစွန်နဲ့ ချိတ်ဆက်ထားပါတယ်။
နောက်တစ်ချက်က အောက်ဘက် အပြာရောင်နဲ့ အပေါ်က မီးခိုးရောင်တို့ကို MBS ဆိုတဲ့ စာလုံးမှာ နှစ်ခုရောယှက်သွားတာကတော့ ဟိုဘက်အစွန်းနဲ့ ဒီဘက်အစွန်း ကွာဝေးပေမယ့် MBS မှာ လာပြီး ညီတူညီမျှ ၊ ခွဲခြားလို့မရပဲ ပေါင်းစည်းမိတယ်ဆိုတယ်သဘောပါ။

Logo 6

ကျွန်တော့်အစ်ကိုလိုခင်ရတဲ့သူတစ်ယောက်ဆွဲပြီး ပို့ထားတာပါ။ ရှင်းလင်းချက်မပါပါဘူး …။

Logo 7

the orange floating lines represent myanmar bloggers (i use orange colour since blogger's logo is orange)
floating represent that they are free to write whatever they want
those lines meet at some points,that means bloggers may have some common interest and ideas
and those lines go different directions as well, that means they also have their own unique ideas.
the background colour is not part of the logo.so it can be any color.but white will be the best to use with.
the logo includes only MBS, myanmarbloggerssociety and orange lines.

Logo 8

ရှင်းလင်းချက်မပါပါ။

4 comments:

ခွန်မြလှိုင် said...

အဖွဲ့အစည်း တစ်ခုအတွက် မရှိမဖြစ် လိုဂိုရယ်၊ ရငိထိုးရယ်၊ တံဆိပ်တုံး endorsement ရယ် အားလုံးနဲ့ ကိုက်တာ က လိုဂို ၂မို့ လိုဂို၂ကိုပဲ မဲပေးခဲ့ပါတယ်။ အဲဒီအချက်လေးပါ ထည့်ရေးပေးရင် ပိုကောင်းပါမယ် ထင်ပါတယ်

Anonymous said...

လိုဂို ၁-ကို ရှင်းထားတာ လွဲနေသလိုပဲ။
"B ဆိုတဲ့ အစိမ်းရောင်လေးက .............. S ဆိုတဲ့ အနီရောင်လေးကတော့ ........ အဓိပါယ်ကို ဆိုလိုပါတယ်။"
မြင်ရသလောက်တော့ B က အနီရောင်၊ S က အစိမ်းရောင်လို့ ထင်တာပဲ။
လိုဂို ၅၊ ၆၊ ၇ ကို သဘောကျပါတယ်။
၅ မှာ အပေါ်အ၀ိုက်နဲ့ S ကို တသားထဲ ကျအောင် ဆက်ပေးလိုက်ရင် ရှင်းလင်းချက်နဲ့ ပိုကိုက်ညီမလား ထင်မိတယ်။ M နဲ့ အောက်အ၀ိုက်ကို ဆက်တာလဲ ဒီ့ထက်ပို ဟာမိုနီကျအောင် ဆက်ရင် ပိုကောင်း မလားလို့။ MBS ရဲ့ စာလုံးပုံစံကို ဆက်လို့ အဆင်ပြေတဲ့ ပုံစံမျိုးပြောင်းလိုက်ရင်ပဲ ဖြစ်ဖြစ်ပေါ့။
လိုဂို ၆ မှာ B နေရာမှာ ထည့်ထားတဲ့ မြန်မာပြည်မြေပုံ နဲနဲ ဖွာပြီး ၀ါးနေသလိုပဲ။ ဘလော့ဂါလိုဂိုရဲ့ အရောင်ကို အစိမ်းရောင် မဟုတ်ဘဲ နဂိုအရောင်ဆိုရင် မကောင်းဘူးလား။
လိုဂို ၇ - တည်တည်ငြိမ်ငြိမ်နဲ့ အားလုံးထဲမှာ ကြည့်ရ အဆင်ပြေဆုံးလို့ ထင်မိပါတယ်။

Thinzar said...

logo 6 ကို မဲပေးခဲ့ပါတယ်။ ဒါပေမယ့် တစ်ခု စဉ်းစားမိတယ်။ blogspot logo ကြီးနဲ့ ဆိုတော့ တခြား blogging platform (ဥပမာ - wordpress, livejournal) သုံးတဲ့ မြန်မာ ဘလော့ဂ်ဂါတွေကို ကိုယ်စား မပြုသလိုများ ဖြစ်နေမလားလို့။ ဒီဇိုင်းတော့ အရမ်းကြိုက်တယ်။

Anonymous said...

လိုဂို ၆ ကို သဘောကျတယ် မြန်မာကိုလည်း ကိုယ်စားပြုသလို ဘလောဂ့်ဂါတွေကိုလည်း ကိုယ်စားပြုတယ်လေ.. ဒါပေမဲ့ ဘလောဂ့်ပုံစံကို အစိမ်းအစား အနီရောင်ဆိုတဲ့ ရဲရင့်ခြင်းအဓိပာယ်ကို ဖော်ဆောင်တဲ့ အရောင်ကို သုံးရင် ပိုပြီး တက်ကြွမှုရှိသလားလို့ပါနော်။ ယမင်းကတော့ အဲ ဆောင်ပုဒ်လို့ပြောရင်လည်း ရတယ်။ မပြောချင်လည်း ရတယ်။ ဒါကတော့ မြန်မာဘလောဂ့်ဂါများ ဘလောဂ့်လောကကို လွှမ်းနိုင်တော့မယ်ဆိုတဲ့ စကားလေးပါ။