Pages

Tuesday, February 6, 2007

ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော်

ဘလော့ဂ်လုပ်မယ်စိတ်ကူးတော့ ဘာနာမည်ပေးရမလဲလို့ကျွန်တော်စဉ်းစားတယ်။ စဉ်းစားနေရင်းပဲ ဒီဘလော့ဂ်မှာ ကျွန်တော်ဘာတွေတင်မှာလဲဆိုတာကို ကျွန်တော့်ကိုကျွန်တော်ပြန်မေးကြည့်တယ်။ သေချာတာကတော့ ကျွန်တော်ရေးဖြစ်တဲ့ ကဗျာတွေ၊ စာတွေကို တင်ဖြစ်လိမ့်မယ်။ ပြီးတော့ ကျွန်တော့်ရဲ့ လတ်တလောခံစားရတာတွေကို ရင်ဖွင့်ထားတဲ့ အက်ဆေးဆန်ဆန်စာလေးတွေ တင်ဖြစ်လိမ့်မယ်။ အမှန်အတိုင်းဝန်ခံရရင် ကျွန်တော့်မှန်းမျှော်ခဲ့ဖူးတဲ့မြို့တော်လေးမှာ ကျွန်တော်ဟာ စာရေးဆရာတစ်ယောက် ဖြစ်တယ်။ ဒါပေမယ့် တကယ်တမ်း လောကထဲမှာကျွန်တော်ရခဲ့တဲ့ဘ၀က ဟိုလိုလိုဒီလိုလိုနဲ့ ကိုယ်ကိုယ်တိုင်ဘာမှန်းမသိတဲ့ဘ၀ဖြစ်ခဲ့တယ်။ ကျွန်တော့မှာ လွတ်ကျခဲ့တဲ့ မြို့တော်တစ်ခုရှိတယ်။ အဲဒီ့မြို့တော်လေးကို ကျွန်တော်နဲ့အတူ အားလုံး ဒီ ဘလော့ဂ်လေးမှာတွေ့ကြရလိမ့်မယ်။

2 comments:

Unknown said...

တကယ်ဖြစ်ချင်တကယ်လုပ်အဟုတ်ဖြစ်ရမယ်တဲ့။ တစ်နေရာမှာ မဖြစ်ရင် တစ်နေရာမှာ ဖြစ်ရမယ်ကွ။ ညီညီငါ့ကိုလာပြောသလိုပဲပြောလိုက်မယ်။ ဆက်လုပ် . . .ရဲဘော်။

ညီညီ(သံလွင်) said...

မင်းအတွက် နေရာလေးတစ်ခု ကူညီဖန်တီး ပေးလိုက်ရလို့ ငါဝမ်းသာပါတယ်။ မင်းရဲ့ လွတ်ကျခဲ့တဲ့ မြို့တော်ကို ဒီဘလော့ခ်ကနေတဆင့် ဖြည်းဖြည်းချင်း တည်ဆောက်သွားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်..