Pages

Tuesday, February 6, 2007

the birthday of my blog

ဒီနေ့ (၀၇.၀၂.၂၀၀၇ ) အင်္ဂါနေ့မှာ ကျွန်တော့်ရဲ့ ဘလော့ဂ်လေး စတင်မွေးဖွားတယ်။ မှတ်မှတ်ရရပါပဲ ...။
နေ့စွဲတွေ၊ကိန်းဂဏန်းတွေကို မှတ်မိလေ့မရှိတဲ့ ကျွန်တော် ဒီနေ့လေးကိုတော့ မှတ်မိလိမ့်မယ်ထင်ပါတယ် ...။ ထူးထူးခြားခြား ကျွန်တော့်ရဲ့စိုးမိုးဂဏန်းလို့ ဗေဒင်ဝါသနာပါတဲ့သူငယ်ချင်းတစ်ယောက်ကပြောဖူးတဲ့ (၂) ရယ်။ ကျွန်တော့်ကြိုက်ခဲ့ဖူးတဲ့နံပါတ် (၇) ရယ် ၊ အဓိပ္ပါယ်ရှိလွန်းတဲ့ (၀) ရယ် ဂဏန်းသုံးလုံးပဲပါတဲ့အတွက် ကျွန်တော်မှတ်မိဖို့များပါတယ်။
ဘလော့ဂ်လုပ်ဖို့ဝိုင်းတိုက်တွန်းကြတဲ့သူငယ်ချင်းတွေ၊ ဘန်နာဒီဇိုင်းလုပ်ပေးတဲ့ စည်သူ ၊ လမ်းပြရုံမက တွဲပါခေါ်တဲ့ ညီညီ ... သူငယ်ချင်းတွေအတွက် ဒီစကားဟာ တစိမ်းဆန်ပေမယ့် ကျွန်တော်ပြောချင်ပါတယ် ...
ကျေးဇူးပါ လို့ ...။
နောက်ပိုင်းဝင်ဖတ်မယ်လို့ယူဆရတဲ့ သူတွေကိုလည်း တစ်ခါတည်းကျေးဇူးတင်လိုက်ပါရစေ ...။

1 comment:

Ko Zey said...

7.2.2007 မှသည် နောက်နှစ်ပေါင်းများစွာတိုင် ရှင်သန် နေမည့် ခန်းနားထည်ဝါသော မြို့တော်လေး ဖြစ်နေပါစေ။