Pages

Wednesday, February 21, 2007

ကျွန်တော်နှင့် ထူးအိမ်သင်၏သီချင်းများ(၁)

ကျွန်တော်နှင့် ထူးအိမ်သင်၏သီချင်းများ(၁)

ကျွန်တော်ဟာ သီချင်းတွေကိုကြိုက်တတ်တဲ့သူတစ်ယောက်ပါ။ အထူးသဖြင့် မြန်မာအဆိုတော်တွေထဲကဆို ထူးအိမ်သင်ကိုကြိုက်ပါတယ်။ ထူးအိမ်သင်ရဲ့သီချင်းတွေကို ကျွန်တော် နားထောင်ခံစားတာထက်ပိုပြီး နှစ်ခြိုက်ခဲ့ဖူးပါတယ်။ စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောသဖွယ်ဖြစ်တဲ့ဧရာဝတီမြစ်ကြီးအကြောင်းကိုရေးဖွဲ့သီဆိုထားတဲ့ ရာဇ၀င်များရဲ့သတို့သမီးဆိုတဲ့သီချင်းလေးကို နားထောင်အပြီးမှာ ကိုငှက်(ထူးအိမ်သင်)ကို စကားလေးတွေပြောချင်တဲ့စိတ် ရင်ထဲပေါက်ဖွားလာတာနဲ့ပဲ တေးခံစားမှုဆောင်းပါးလေးတစ်ပုဒ်ကိုရေးဖြစ်ခဲ့ပါတယ်။
ရာဇ၀င်ထဲကမြစ်တစ်စင်းလို့ ကျွန်တော်အမည်ပေးထားတဲ့အဲဒီ့ဆောင်းပါးလေးဟာ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းကိုပို့ခဲ့ပေမယ့် စီစစ်ရေးရဲ့ အများပြည်သူကိုတင်ပြရန်မသင့်ဆိုတဲ့စာရင်းထဲမှာပါခဲ့ပြီး အပယ်ခံခဲ့ရတာကတော့ တကယ့်ကိုမှတ်မှတ်ရရပါပဲ။ ကျွန်တော်ဘာတွေများမဟုတ်မဟတ်တွေရေးခဲ့လို့လဲဆိုတာကို အောက်ပါလင့်ခ်လေးကိုသွားပြီးဖတ်ကြည့်ကြပါဦး။ သံလွင်အိပ်မက် အမှတ် (၂) မှာပါ။

Click here to read the article

2 comments:

dinga said...

ကိုနေဘုန်းလတ်ရဲ့ ထူးအိမ်သင်အကြောင်း ဆောင်းပါးကို www.htooeainthin.com မှာ တစုတစည်းထဲ ဖော်ပြနိုင်ရင် ကောင်းမယ် ထင်မိပါကြောင်း။

NayPhoneLatt said...

အဲဒီ့ဆိုဒ်ကို သိသိခြင်းတုန်းက ကျွန်တော်တစ်ခါပို့ခဲ့ဖူးပါတယ်။ ထပ်ပို့ကြည့်ပါဦးမယ်။ အခုလိုအကြံပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။