Pages

Sunday, March 18, 2007

ဆရာ၊ ကျောင်းသားနှင့် ဖြစ်ရပ်များ

ဖြစ်ရပ်(၁)

ဆရာက ကျောင်းသားနှစ်ယောက်ကို မေးခွန်းတွေ မေးပါတယ်။ အင်မတန်အဆင့်မြင့်ပြီး တော်တော်စဉ်း စားယူရတဲ့ သင်္ချာဥာဏ်စမ်းမေးခွန်းတွေပေါ့။
ပထမကျောင်းသားက မေးခွန်းခက်ခက်ကြီးတွေကိုမြင်တော့ ဒီလို စဉ်းစားမိပါတယ်။
[ဆရာက ငါမဖြေနိုင်မယ့် မေးခွန်းတွေကို တမင်သက်သက်မေးတာပဲ။ ဟိုတစ်ခါတုန်းက သူလာတာကို ထနှုတ်မဆက်ဘဲ ငါ သင်္ချာတွေ ထိုင်တွက်နေမိတာကို မကျေနပ်လို့ဖြစ်မယ်။ သူ ဒီလို မလုပ်သင့်ပါဘူး။]
သူ အဲဒီလို စတွေးမိတဲ့အတွက် ဆရာမေးတဲ့ မေးခွန်းတွေကို သူ ကောင်းကောင်း မဖြေနိုင်ခဲ့ပါဘူး။
ဒုတိယကျောင်းသားကတော့ တစ်မျိုးစဉ်းစားပါတယ်။
[ဆရာ့မေးခွန်းတွေက တော်တော်အဆင့်မြင့်တာပဲ။ ငါတို့အဆင့်နဲ့ ဖြေလို့ရတဲ့ မေးခွန်းတွေတော့ ဖြစ်လောက်ပါတယ်။ မြှုပ်ကွက်လေးတွေကိုရှာပြီး ကြိုးစားဖြေကြည့်ဦးမှပဲ]
သူကတော့ မေးခွန်းတော်တော်များများကို ဆရာ ကျေနပ်လောက်တဲ့အထိ ဖြေဆိုနိုင်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်လေးကို ကြည့်မယ်ဆိုရင် Perception လို့ခေါ်တဲံ့ကြိုတင်ထင်မြင် ယူဆချက်တစ်ခုဟာ အစစအရာရာမှာ အဆင်ပြေချောမွေ့စေဖို့အတွက် ဘယ်အတိုင်းအတာအထိ အရေးပါအရာ ရောက်တယ်ဆိုတာကို ကျွန်တော်တို့ တွေ့မြင်နိုင်ပါတယ်။ အခြားသူတစ်ယောက်ရဲ့ စိတ်ထဲမှာ ဘယ်လိုပဲရှိနေနေ၊ သူက ဘာရည်ရွယ်ချက်နဲ့ပဲ မေးမေး ကျွန်တော်တို့က ဒုတိယကျောင်းသားလိုပဲ ရိုးရိုးတွေးပြီး အကောင်းဆုံးအဖြေပေးသင့်ပါတယ်။

3 comments:

jit said...

thank you bro
this post reminds me of what I've forgotten.

Hnin

ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော် said...

glad to hear that sis.

စိတ်ကူးချိုချိုများ said...

ဒီစာလေးကအရမ်းကိုတန်ဖိုးရှိပါတယ်..တခါတလေညီမတို့ လည်းကိုယ်မဖြေနိုင်ရင်teacherရစ်တယ်လို့ ထင်ချင်တယ်လေ..ခုအကို့စာလေးကြောင့်စာသင်နေရင်..ဒုတိယတစ်ယောက်လိုစိတ်ထားနိုင်အောင်ကြိုးစားပါအုန်းမယ်....ဒါလေးကိုလည်းသူငယ်ချင်းတွေကိုပေးဖတ်ချင်လို့ ယူသွားပါတယ်အကို..ရေးသားသူနေရာမှာလည်းအကိုနာမည်နဲ့ယူသွားပါတယ်..ခွင့်ပြုပါရှင်