Pages

Saturday, January 14, 2012

ငါတို့ပြန်လိုချင်တဲ့အရာ

ငါတို့ပြန်လိုချင်တဲ့အရာ

မျှော်လင့်နေခြင်းမှာတင်
ငါတို့ရပ်တန့်မနေခဲ့ကြ ...
ခြေလှမ်းတွေကိုကန့်သတ်ထားကြလို့
နံရံအထပ်ထပ်နဲ့ကာရံကွယ်ဟန့်ထားလို့
ခြောက်လုံးလှန့်လုံးတွေကို ကြောက်လန့်နေရလို့
ဘယ်လိုအခြေအနေမျိုးထဲမှာမဆို
ငါတို့ရှေ့ဆက်လှမ်းရဲခဲ့ကြတယ်
ကာလတရားရဲ့ရှည်ကြာမှုမှာ
အဆက်ဆက်သောမျိုးဆက်တို့ရဲ့
ဝင်သက်ထွက်သက်တွေတောင်
ကိုက်ခဲနာကျင်ခဲ့ကြရ ...
ပေးဆပ်ခဲ့ရခြင်းတွေများစွာအတွက်
ငါတို့ရဲ့ ... တစ်ခုတည်းသောပြန်လိုချင်မှုဟာ
ထာဝရငြိမ်းချမ်းသော ကမ္ဘာဖြစ်တယ် ...။ ။

ထာဝရငြိမ်းချမ်းသော မြန်မာပြည်မှသည် ထာဝရငြိမ်းချမ်းသော ကမ္ဘာဆီသို့ ...


What we want back ...

At the state of hoping
We didn't stop and still
As the steps were limited
As the walls obstructed us
As we were afraid of scary facts
No matter how the situation was
We dared to go ahead
In the longevity of the period
Even the breath in and out
Of the incessant generations
Become achy and feel pain
For much sacrifices
The only thing we want back
Is the forever peaceful planet.


From the peaceful Myanmar to the peaceful world .

37 comments:

San San Htun said...

ကဗျာလေးမှာအားမာန်တွေ၊ ဆန္ဒတွေ၊ မျှော်လင့်ချက်တွေ တွေ့ ရတယ်..မြို့ စားကြီး ပြန်လာတာ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်ဗျား

Phoe Thar said...

ပြန်လာတာကို ၀မ်းမြောက်ဝမ်းသာကြိုဆိုပါတယ်ဗျာ။

ကျနော်လိုအပ်သော တခြားကမ္ဘာတစ်ခု said...

i'm glad u r back..
keep going for your mother country ..
Cheers!!!

မေဓာဝီ said...

ဟုတ်တယ် ... ပြန်လိုချင်တာ အဲဒီတခုထဲပဲ ....

Anonymous said...

အကို့စာတွေပြန်ဖတ်ရတာ ၀မ်းသာတယ်

NSA said...

ပြန်လာတာ သိပ်ဝမ်းသာတယ်။
စာကို ဒီလောက်မြန်မြန်ရေးတာလည်း ဝမ်းသာတယ်။

Kyal Sin said...

Welcome back Ko Nay Phone Latt!

tharchit said...

စာတွေကဗျာတွေပြန်လည်ေ၇းသားလာခွင်.ရတဲ.အကို.ကိုကြိုဆိုပါတယ်၊အကို.ကဗျာတွေစောင်.မျှော်နေပါတယ်၊

tharchit said...

စာတွေကဗျာတွေပြန်လည်ေ၇းသားလာခွင်.ရတဲ.အကို.ကိုကြိုဆိုပါတယ်၊အကို.ကဗျာတွေစောင်.မျှော်နေပါတယ်၊

ပလူးတာရဲ့အရူးလွယ်အိတ် said...

Welcome Back Brother...

စာချစ်သူ said...

ထိတယ်ဗျာ.. မြန်မြန် ဖန်တီးနိုင်လို့ ၀မ်းသာတယ်။ ဒီထက်မကလဲ ဖန်တီးနိုင်ပါစေ..အကို ..။

မိစံ said...

ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျပါစေရှင်

လေးစားလျှက်

မိုးခါး said...

အရမ်း ၀မ်းသာမိပါတယ် .. လိုချင်တဲ့အရာတွေနဲ့လည်း မဝေးတော့ဘူးလို့ ယုံကြည် မျှော်လင့်မိပါတယ် .. (ပေးဆပ်ထားရတာတွေလည်း နည်းမှ မနည်းတော့ပဲကိုးနော် ..း))

စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ လွတ်ကျခဲ့တဲ့ မြို့တော် ရယ် သံလွင်အိပ်မက်တွေရယ်ကို အမြန်ဆုံး ရုပ်လုံးဖော်နိုင်ပါစေ ..း))

လေးစားစွာဖြင့်

White said...

ထင်ထားတာထက် မြန်မြန်ဖတ်ခွင့်ရလိုက်တဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်..။ စိတ်ရောလူရောအလန်းဆန်းဆုံးဖြစ်အောင် အနားယူပြီးရင် နောက်ထပ်စာတွေအဆက်မပြတ် ဖတ်ခွင့်ရမယ်လို့ မျှော်လင့်ပါတယ်ရှင်..။

Zaw Wonna said...

အကိုလွတ်ကျခဲ့တဲ့ မြို့တော်ကို ပြန်လည်ပွေ့ဖက်ခွင့်ရတာ တွေ့ရတဲ့အတွက် အရမ်းကို ဝမ်းသာပါတယ် ခင်ဗျာ။ Facebook မှာလည်း ဆုံတွေ့ချင်ပါသေးတယ်။

ကိုရင်နော်ခင်လေးငယ် said...

ကိုနေဘုန်းလတ်ရေ...

((((အားရပါးရကြီး ကြိုဆိုပါတယ်...))))

ပြောစရာ.. ရေးစရာ.. တွေးထားတာတွေ ရင်ဘတ်ကြီးနဲ့ မဆံ့လောက်အောင် များနေမယ်လို့ ထင်ပါတယ်..

ရေးသမျှဖတ်ဖို့၊ ပေးသမျှယူဖို့ ပရိသတ်ကြီး မျှော်နေပြီ..။

ကျန်းမာချမ်းသာစွာဖြင့် လူထုတာဝန်များ ဆက်လက်ထမ်းဆောင်နိုင်ပါစေ..။

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
(ကိုရင်နော်)

yemyatthu said...

welcome from online blog place. please come also to Facebook brother.

♫♪★လွမ်းပိုင်ရှင်★♪♫ said...

လွတ်ကျခဲ့တဲ့ မြို့တော်ကို ဆက်လက်အသက်သွင်းဖို့ အားမာန်တွေအပြည့်နဲ့ပေါ့အကို အစဉ်အမြဲလေးစားလျှက်ပါ

အလွမ်းပြေ said...

လိုချင်တဲ့ ငြိမ်းချမ်းရေးကို ရရှိဖို့ ရပ်တန့်မနေဘဲ ဆက်ကြိုးစားကြတာပေါ့.. အရမ်းဝမ်းသာပါတယ် မြို့စားကြီးး)

ngs said...
This comment has been removed by the author.
ngs said...

၈၈ မျိုးဆက်သစ်ကျောင်းသားများ အင်္ဂလန် မှ ကိုနေဘုန်းလတ် နေကောင်းကျမ္မာစွာဖြင့် အေးချမ်းစွာချစ်သောမိသားစုနှင့် ပြန်လည်နေထိုင်နိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ဗမာနိုင်ငံဒီမိုကရေစီအရေးအတွက် မိမိတတ်ကျွမ်းသော ခံစားမှု အနုပညာအားဖြင့် ၁၃၊၁၊၂၀၁၂ရက်နေ့ ပြန်လည်လွတ်မြောက်လာချိန်မှသည် အမြဲထာဝရ ဆက်လက် ကြိုးစားအားထုတ်နေမည်ဟု အခိုင်အမာယုံကြည်လျှက် ဒီနေရာ ဘလောဒ်ကနေ လေးစားစွာ နှုတ်ခွန်းဆက်လိုက်ပါတယ်။

သတိုး said...

အစကတည်းက ကိုယ့်နေရာ... ။ ဒါကြောင့်လည်း ရောက်ဆို ချက်ချင်းပြန်လာတာ..မဟုတ်လား။
အရမ်းဝမ်းသာပါတယ် ခင်ဗျာ။
လေးစားလျှက်...
သတိုး

Ko Agga said...

ဝမ်းမြောက်ကြိုဆိုပါတယ်

ZT said...

Welcome back Ko Nay Phone Latt!!!

Dream said...

လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ စာတွေပြန်ရေးတော့ ဝမ်းသာစွာနဲ့ ဖတ်သွားတယ်။
လေးစားစွာဖြင့်
မက်မက်

New Burma Foundation said...

Welcome Back Ko Nay Phone Latt!!

We are very happy that you can write back on your blog that's treasure to us....

With best regards

Ko Win

http://www.newburma.me/

thwelinset said...
This comment has been removed by the author.
သွယ်လင်းဆက် said...

တစ်နေ့နေ့တော့တစ်နေ့နေ့ပါပဲ ကိုနေဘုန်းလတ်။ ဒီလောက်မြန်လိမ့်မယ်လို့တော့ မထင်ထားဘူး။

ညီလင်းသစ် said...

ကျန်းကျန်းမာမာနဲ့ ပြန်လာတာ တွေ့ရလို့ တကယ်ပဲ ဝမ်းသာတယ်ဗျာ၊ မြို့တော်ဟာ လွတ်ကျခဲ့တဲ့ နေရာက မရွေ့ဘဲ ကိုနေဘုန်းလတ်ကို သစ္စာရှိစွာ စောင့်နေခဲ့ ပါတယ်၊ ဟုတ်တယ်၊ ကျနော်တို့အားလုံး လိုချင်တာ အဲဒီ ထာဝရ ငြိမ်းချမ်းသော ကမ္ဘာသာလျှင် ဖြစ်တယ်..၊

Thet Su said...

အားနဲ့မာန်နဲ့ အပြန်ခရီးကို ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ် အကိုရေ...။

Thet Su said...
This comment has been removed by the author.
Rose said...

သည်နေ့လိုမွေးနေ့မှာ မှတ်မှတ်ရရ နေဘုန်းလတ်ရဲ့
စာကိုပြန်ဖတ်ရတာ တကယ့်အမှတ်တရပါဘဲ..
နေဘုန်းလတ်ပြန်လာတာ ကိုယ့်သူငယ်ချင်း၊ဆွေမျိုးသားချင်းတစ်ယောက်လို
အရမ်းဝမ်းသာရပါတယ်
နေဘုန်းလတ်ရဲ့ “လွတ်ကျခဲ့တဲ့မြို့တော်” မှာအကျိုးရှိတဲ့
စာတွေအများကြီးရေးနိုင်ပြီး နိုင်ငံသားကောင်းရတနာ
တစ်ယောက်ဖြစ်ပါစေ။
ခင်မင်ရင်းနှီးစွာဖြင့်....

အမ်တီအန် said...

“ လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနှင့် အနုပညာ ” ပွဲမှာ ကိုနေဘုန်းလတ်ရဲ့ ရင်ထဲက အသံတွေကို နားနဲ့ဆတ်ဆတ် ကြားခွင့်ရလိုက်လို့ ဘလော့ဂါတစ်ယောက်အနေနဲ့ ကျေနပ်မိတယ်။ “ လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနှင့် အနုပညာ ”
ရှေ့သို့ဆက်ပါ ကိုနေဘုန်းလတ်..။

လေးစားစွာ...

မြသွေးနီ
www.myathwayni.com

minlatt said...

အစ်ကို့ နာမည်ကိုတော်တော်ရင်းရင်းနှီးနှီး ကြားဖူးပေမယ့် စာတွေကိုမဖတ်မိခဲ့ဘူး ။။။ ဒီကဗျာလေးဖတ်မိတော့ တော်တော်ကို လေးစားမိပါတယ် ... ၁၃ရက်နေ့ ကဓာတ်ပုံကို facebook ပေါ်မှာတွေ့ လိုက်ရတော့ တော်တော်လေးကိုပျော်မိတယ် ... ယုံကြည်ချက်တွေတကယ်အကောင်ထည်ဖော်နိုင်မှာပါ ....

May Oo Moe said...

Welcome back.. Ko Nay Phone Latt..

ThuHninSee said...

ပြန်လာတာ..၀မ်းသာတယ်။

Anonymous said...

ဆရာခင်ဗျား..................
အားပေးနေပါကြောင်း။