Pages

Sunday, October 28, 2007

စစ်ပွဲတွေရပ်ကြပါ ...

စစ်ပွဲတွေရပ်ကြပါ ...

စင်ကာပူမှာ ခဏနေတုန်းက နားထောင်ဖြစ်ခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ပါ။ သီချင်းလေးရဲ့နာမည်က ပြည်တွင်းစစ် တဲ့ ...။ ကျွန်တော့်ရင်ထဲမှာ လတ်တလောဖြစ်ပေါ်နေတဲ့ ခံစားချက်လေးတွေနဲ့တိုက်ဆိုင်လို့ ဒီသီချင်းစာသားလေးကို တင်ပေးလိုက်ပါတယ် ...။ သီချင်းလေးရဲ့ လင့်ခ်ကို အခု မသိတော့ပါဘူး ... ။ သိတဲ့သူငယ်ချင်းတွေရှိရင် ... လက်တို့ပေးကြပါဦး ... နားထောင်ချင်သူတွေနားထောင်လို့ရအောင်ပါ ...။

ပြည်တွင်းစစ်

Beat: Slow Go Go
C F G C
ကြည်ပြာရောင်မိုးထက်မှာ ယမ်းငွေ့တွေဝေနေတယ်
C F G C
နေရောင်ခြည်အလင်းအောက်မှာ မီးခိုးတွေပိတ်မှောင်ဆဲ

ငိုယိုသံညည်းတွားသံ ဘုရားတသံညံနေတယ်

ကယ်ပါယူပါဘ၀ပျက်ကာ ဒုက္ခသည်တွေပြည့်နေဆဲ

C F G C

တစ်နေရာမှာကလေးတစ်ယောက်ဟာ အမိတကာငိုနေတယ်

ဒဏ်ရာရှင်မွေးမိခင် အသက်ဝိဥာဉ်ကင်းပြီကွယ်
C F G C
ရင်နာစရာအဖြစ်အပျက်တွေ စစ်မက်တွေကြုံရဆဲ
C F G C C7
ဘယ်အချိန်မှာပြီးဆုံးကာ ငြိမ်းချမ်းကြရမှာလဲ

F Em F Em
CHO (လူလူခြင်းသတ်ဖြတ်မှုတွေ လူလူခြင်းနှိပ်စက်မှုတွေ
Dm G C C7
ကမ္ဘာမြေကိုအကျည်းတန်စေပြီ
F Em F Em
လူလူခြင်းညှင်းပမ်းမှုတွေ လူလူခြင်းရက်စက်မှုတွေ
D7 G
ဒါတွေကိုရပ်ဖို့သင့်ပြီလေ)

ကြည်ပြာရောင် . . . . . . . . ပိတ်မှောင်ဆဲ

ရင်နာစရာ . . . . . . . . . ငြိမ်းချမ်းကြရမှာလဲ

C F G C

(CHO)

ကြည်ပြာရောင် . . . . . . . . ပိတ်မှောင်ဆဲ

တစ်နေရာမှာ . . . . . . . . . အသက်ဝိဥာဉ်ကင်းပြီကွယ်

2 comments:

ခွန်မြလှိုင် said...

လင့်ခ်တော့ မရှိဘူး ဗွီဒီယို ကလစ်ပဲ ရှိတာဟ အဲဒါလေး ငါပို့ပေးခဲ့တာ ဆိုတော့ နင့် အီးမေးလ်ထဲမှာ အဲဒီ ဗွီဒီယို ကလစ်လေး ရှိနေဦးမလား မသိ။ နင့်အီးမေးထဲ မရှိတော့ရင် ငါပြန်ပို့ပေးမယ်လေ

tayzar said...

အဲဒီ သီချင်းက Guns N Roses ရဲ့ Civil War ကို ပြန်ဆိုထားတာလား အကိုရေ။