စစ်ပွဲတွေရပ်ကြပါ ...
စင်ကာပူမှာ ခဏနေတုန်းက နားထောင်ဖြစ်ခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ပါ။ သီချင်းလေးရဲ့နာမည်က ပြည်တွင်းစစ် တဲ့ ...။ ကျွန်တော့်ရင်ထဲမှာ လတ်တလောဖြစ်ပေါ်နေတဲ့ ခံစားချက်လေးတွေနဲ့တိုက်ဆိုင်လို့ ဒီသီချင်းစာသားလေးကို တင်ပေးလိုက်ပါတယ် ...။ သီချင်းလေးရဲ့ လင့်ခ်ကို အခု မသိတော့ပါဘူး ... ။ သိတဲ့သူငယ်ချင်းတွေရှိရင် ... လက်တို့ပေးကြပါဦး ... နားထောင်ချင်သူတွေနားထောင်လို့ရအောင်ပါ ...။
ပြည်တွင်းစစ်
Beat: Slow Go Go
C F G C
ကြည်ပြာရောင်မိုးထက်မှာ ယမ်းငွေ့တွေဝေနေတယ်
C F G C
နေရောင်ခြည်အလင်းအောက်မှာ မီးခိုးတွေပိတ်မှောင်ဆဲ
ငိုယိုသံညည်းတွားသံ ဘုရားတသံညံနေတယ်
ကယ်ပါယူပါဘ၀ပျက်ကာ ဒုက္ခသည်တွေပြည့်နေဆဲ
C F G C
တစ်နေရာမှာကလေးတစ်ယောက်ဟာ အမိတကာငိုနေတယ်
ဒဏ်ရာရှင်မွေးမိခင် အသက်ဝိဥာဉ်ကင်းပြီကွယ်
C F G C
ရင်နာစရာအဖြစ်အပျက်တွေ စစ်မက်တွေကြုံရဆဲ
C F G C C7
ဘယ်အချိန်မှာပြီးဆုံးကာ ငြိမ်းချမ်းကြရမှာလဲ
F Em F Em
CHO (လူလူခြင်းသတ်ဖြတ်မှုတွေ လူလူခြင်းနှိပ်စက်မှုတွေ
Dm G C C7
ကမ္ဘာမြေကိုအကျည်းတန်စေပြီ
F Em F Em
လူလူခြင်းညှင်းပမ်းမှုတွေ လူလူခြင်းရက်စက်မှုတွေ
D7 G
ဒါတွေကိုရပ်ဖို့သင့်ပြီလေ)
ကြည်ပြာရောင် . . . . . . . . ပိတ်မှောင်ဆဲ
ရင်နာစရာ . . . . . . . . . ငြိမ်းချမ်းကြရမှာလဲ
C F G C
(CHO)
ကြည်ပြာရောင် . . . . . . . . ပိတ်မှောင်ဆဲ
တစ်နေရာမှာ . . . . . . . . . အသက်ဝိဥာဉ်ကင်းပြီကွယ်
2 comments:
လင့်ခ်တော့ မရှိဘူး ဗွီဒီယို ကလစ်ပဲ ရှိတာဟ အဲဒါလေး ငါပို့ပေးခဲ့တာ ဆိုတော့ နင့် အီးမေးလ်ထဲမှာ အဲဒီ ဗွီဒီယို ကလစ်လေး ရှိနေဦးမလား မသိ။ နင့်အီးမေးထဲ မရှိတော့ရင် ငါပြန်ပို့ပေးမယ်လေ
အဲဒီ သီချင်းက Guns N Roses ရဲ့ Civil War ကို ပြန်ဆိုထားတာလား အကိုရေ။
Post a Comment