Pages

Thursday, August 23, 2007

ဘ၀ပြောင်းသွားသူများ ...

ဘ၀ပြောင်းသွားသူများ ...


သူတို့တွေ ...

ကြောက်စိတ်တွေကို ဘေးမှာချိတ်ထားပြီး

အမှန်တရားနောက်ကနေ အရိပ်လိုကပ်လိုက်

တရားမျှတမှုအတွက် ငြိမ်းချမ်းစွာတိုက်ကြတယ် ...။


သူတို့တွေ ...

သွေးစိမ်းရှင်ရှင်ထွက်နေတဲ့ နှလုံးသားဒဏ်ရာတွေနဲ့

အတိုင်အဖောက်မညီတော့တဲ့ ၀င်သက်ထွက်သက်တွေကိုစာနာ

ရင်ခုန်သံတွေကို စိတ်ဓါတ်နဲ့ မာကျောစေကြတယ် ...။


သူတို့တွေ ...

ခလုတ်ကန်သင်း ဆူးညှောင့်တွေခင်းတဲ့လမ်းမှာ

အပ်တိုတစ်ချောင်းမပါတဲ့ ခန္ဓာနဲ့ လမ်းလျှောက်

လူ့အခွင့်အရေးအတွက် ရဲရင့်စွာထွန်းတောက်ကြတယ် ...။


သူတို့လို ... သူရဲကောင်းတွေကိုရှေ့ထားပြီး

ငွေစက္ကူတစ်ရွက် နှစ်ရွက်အတွက်

ဒါမှမဟုတ် ...

ထမင်း တစ်နပ် နှစ်နပ်အတွက်

ဒါမှမဟုတ် ...

တစ်ဘ၀စာ

မက်လောက်စရာစွန့်ကြဲမှုတွေအတွက်

အရက်ခွက်တွေပါးစပ်ထဲလောင်းထည့်

ခိုင်းတဲ့အတိုင်း အစွမ်းကုန်ရိုင်းလိုက်မယ်ဆိုတဲ့သူတွေ

သေသေချာချာပြန်စဉ်းစား

ခင်ဗျားတို့ ဘယ်ဘ၀ရောက်သွားသလဲဆိုတာ ...။

ဘုန်းမင်းဇွန်

5 comments:

Mr.Pooh @ မောင်ပွတ် said...

ဘယ်ဘဝရောက်သွားသလဲဆိုတာ - မသိလို့မေးတာလား၊ သိသိနဲ့ မေးတာလားဗျာ။ ခွေးနဲ့ နှိုင်းရမှာတောင် ခွေးကိုသနားတယ်ဗျာ။ အောက်တန်းကျလွန်းတဲ့ အဲဒီကောင်တွေ ယောကျာ်း * တန်းထဲပို့ပစ်မယ်။

Anonymous said...

very good poem.

All are brain washing already. Not even wash with soup, wash with acid.....

Pinkgold said...

အိုး
ကိုနေဘုန်းလတ်ရေ
ပြောင်မြောက်လိုက်တဲ့ စာသားတွေ
ဒါပေမယ့် ဒီ 5000 တန်ကောင်တွေ အတွက်တော့ အချိန်ကုန်ခံပြီး စာဖွဲ့မနေပါနဲ့ ပင်ပန်းတယ်

MELODYMAUNG said...

ဒီကောင်တွေကတော့ စကောလောက်မှ စောက်မနက်၊ မြင်ရတာလဲ ကျက်သရေတုံး၊ အော့နှလုံး ဖင်ဆုံးအောင် နာသဗျို့
(ရိုင်းသွားရင် ဆောတီးနော်)

Aung said...

very powerful words , my heart is breaking,