Pages

Tuesday, July 10, 2007

ဘယ်လိုစဉ်းစားကြမလဲ . . .

ဘယ်လိုစဉ်းစားကြမလဲ . . .

ဟိုးရှေးရှေးတုန်းက ဘုရင်ကြီးတစ်ပါး ရှိပါတယ်။ အဲဒီဘုရင်ကြီးမှာ အင်မတန်မှ အကျင့်မကောင်းတဲ့ ညီတော်တစ်ပါးလည်း ရှိတယ်။ ညီတော်ရဲ့ အဆိုးဝါးဆုံး အကျင့်ကတော့ သူတပါးပစ္စည်းတွေကို ခိုးတတ် ၀ှက်တတ်ခြင်းပဲ ဖြစ်ပါတယ်။ နန်းတော်ထဲမှာ ပစ္စည်းပျောက်မှုတွေ ခဏခဏ ဖြစ်ပေမယ့် ဘုရင်ကြီးရဲ့ လျစ်လျူရှုမှုကြောင့် ညီဖြစ်သူဟာ ဒီလိုပဲ အပြစ်ဒဏ်ကနေ တနည်းနည်းနဲ့ လွတ်နေတာပါပဲ။ တစ်နေ့မှာတော့… မိဖုရားခေါင်ကြီးရဲ့ အမြတ်တနိုး ဆင်မြန်းလေ့ရှိတဲ့ လည်ဆွဲရတနာဟာ ပျောက်ချင်းမလှ ပျောက်သွားပါတယ်။ ဘုရင်ကြီးလည်း မိဖုရားခေါင်ကြီးရဲ့ ပစ္စည်းဖြစ်တာကြောင့် အပူတပြင်း စုံစမ်းဖော်ထုတ်တဲ့အခါမှာ ထုံးစံအတိုင်း သူ့ရဲ့ညီတော်လက်ချက်ပဲ ဖြစ်နေပါတော့တယ်။ ဘုရင့်ရဲ့ ဘဏ္ဍာတော်ကို ခိုးယူခြင်းအတွက် ခံစားရမယ့် အပြစ်တော်ကတော့ အလျှော့အပေါ့မရှိ သေဒဏ်ဖြစ်ပါတယ်။ ဘုရင်ကြီး အခက်တွေ့ပါပြီ…။ ညီတော်ကို အပြစ်က ကင်းလွတ်ခွင့် ပေးချင်ပေမယ့် မင်းပရိသတ်တွေရဲ့ရှေ့မှာ အသားလွတ်ကြီး လွတ်စေ ဆိုပြီး လုပ်လိုက်ဖို့ဆိုတာက သိပ်မလွယ်တဲ့ကိစ္စပါ…။ အဲဒါနဲ့ ဘုရင်ကြီးလည်း… ဥာဏ်ရှိရင်တော့ လွတ်ပေါ့ကွာ ဆိုပြီး… အခုလို စီစဉ်လိုက်ပါတယ်။ ခွေးတစ်ကောင်ကို ယူလာစေပြီး ညီတော်ကို ဒီလို ပြောလိုက်ပါတယ်။

``ဒီခွေးကို မင်းသတ်ပါ…။ မင်း အဲဒီခွေးကို သတ်သလိုမျိုး မင်းကိုလည်း အာဏာပါးကွက်သားတွေက ပြန်သတ်လိမ့်မယ်…။ ဒါမင်းအတွက် အပြစ်ဒဏ်ပဲ…´´

ဘုရင်ကြီးရဲ့ အဲဒီစကားကိုကြားတော့ ညီတော်ခမျာ မျက်စိမျက်နှာ ပျက်သွားပါတယ်။ ဒီခွေးကို ဓားနဲ့ထိုးသတ်ရင် သူ့ကိုလည်း ဓားနဲ့ ထိုးလိမ့်မယ်။ ဒီခွေးကို ရေနှစ်သတ်ရင် သူ့ကိုလည်း ရေထဲနှစ်ပြီး သတ်ကြမယ်…။ ဒါပေမယ့် သူ့ရဲ့နောင်တော်က အကြောင်းမရှိပဲနဲ့တော့ ဒီလို ထူးထူးဆန်းဆန်း မိန့်မှာ မဟုတ်ဘူးလို့ တွေးမိပြီး အပြင်းအထန် စဉ်းစားပါတော့တယ်။

ကဲ… ခင်ဗျားသာ… သူ့နေရာမှာဆို ခွေးကို ဘယ်လိုနည်းနဲ့ သတ်မလဲ…။

ဘုရင်ကြီးရဲ့ညီတော်ကတော့ ခွေးကိုအောင်အောင်မြင်မြင်နဲ့သတ်လိုက်နိုင်ပြီး သူကတော့ အပြစ်ကနေလွတ်သွားခဲ့ပါတယ်။

အဖြေသိချင်ရင် ကွန်မန့်မှာကြည့်ပါဗျို့ …။ မစဉ်းစားပဲ ၀င်မကြည့်ကြေး ...။


14 comments:

ညီညီ(သံလွင်) said...

ငါသာ ညီတော် နေရာမှာဆိုရင် ဘုရင်ကြီးကို ဒီလိုပြောမယ်..
“ခွေးရဲ့ ခြေထောက်မှာ ခဲဆွဲပြီး လေးပေနက်တဲ့ ရေကန်ထဲ ပစ်ချပါ။ ပြီးရင် ကျွန်တော့်ကိုလည်း အဲဒီလို သတ်ပါ” လို့

(ခွေးအများစုသည် လေးပေထက်နိမ့်သည်ဟု ယူဆပြီး လူအများစုသည် အနည်းဆုံး လေးပေထက်မြင့်သည်ဟု ယူဆပြီး တွေးကြည့်တာပါ)

MELODYMAUNG said...

စားလဲဒီစိတ် အိပ်လဲဒီစိတ်
နဖူးပေါ်လက်တင်ပြီး စဉ်းစား စဥ်းစား
လက်ပေါ်နဖူးတင်ပြီး စဉ်းစား စဉ်းစား
အိပ်မပျော် ထိပ်ပေါ်ခဲကျ အဲလေ..ယောင်လို့
ခွေးကို ဘယ်လိုသတ်ရမှန်းကို သိဘူး
သတ်နည်းပေါင်းစုံနဲ့ သတ်ရလွန်းလို့ မနောကံ အကုသိုလ်တွေလဲများပြီး
ဒယ်အိုးကို သွားရမလားတောင် မသိဘူး အီးဟီး 
အဖြေလဲရသေးဘူး
ပန်းပေးပြီ အဖြေ မြန်မြန်ပြောပြပါတော့

Unknown said...

မမီ >> အဖြေပြောဖို့နဲနဲ စောပါသေးတယ်။ ဟီးဟီး နဖူးပေါ် လက်တင်၊ လက်ပေါ် နဖူးလေး တစ်ရက်လောက် ထပ်တင်လိုက်ဦးနော်။

NayPhoneLatt said...

ညီညီရေ … ငါပြောဖို့တစ်ခုလိုသွားတယ်။ ညီတော်က နန်းရင်ပြင်ထဲမှာပဲ ခွေးကိုသတ်လိုက်တာကွ။ အနားမှာ ရေကန်မရှိဘူး။ အဟီး . . . ။
အဖြေက နဲနဲတော့နီးစပ်နေပြီ ထပ်စဉ်းစားလိုက်ဦး။

Doughnut IO said...

အမဲသားကို အဆိပ်လူးပြီး ခွေးရှေ့မှာ ပစ်ချထားလိုက်ပါတယ်။
အာဏာသားတွေကလဲ အမဲ့သားလုံးကို အဆိပ်လူးပြီး မင်းသားရှေ့မှာ ပစ်ချထားပါတယ်။ ဒါပါပဲ။

Anonymous said...

လူနဲ့ ခွေးရဲ့ physically ကွာခြားချက်ကို အရင်ရှာပါမယ်။ ( ဥပမာ လူမှာ ပါးစပ်တခုရှိပြီး ခွေးမှာ ပါးစပ် ဘယ်နှစ်ခုရှိ သလဲ ...)လူမှာမရှိပဲ ခွေးမှာပဲရှိမယ့် အစိတ်အပိုင်းလေးကို အသုံးချပြီး အဲဒီခွေးကို သေအောင်လုပ်ပါမယ်။ ဟုတ်မယ် ထင်တယ်နော်...၊ ဒါဆို ... ဆက်မဖြေတော့ဘူး...(ဒေးလ်ကာနက်ဂျီ ကတောင် အဲဒါလေးကို သတိတရရှိလို့ ပြောခဲ့သေးတယ် )

NayPhoneLatt said...

ခွေးရှေ့ကို အဆိပ်သုတ်ထားတဲ့ အမဲသားတုံးပစ်ချတာဟာ ခွေးကိုအဆိပ်ခတ်သတ်တာနဲ့တူတူပါပဲ။ အဲဒါဆိုသူလဲ အဆိပ်လူးထားတဲ့အမဲသားတုံးကိုစားကိုစားရပါလိမ့်မယ်။ ခွေးက စားတာကို သူကခွေးမဟုတ်လို့မစားဘူးလို့ လုပ်လို့မရပါဘူး law shay ရေ။ အဖြေမှားနေပါသေးတယ် ခင်ဗျာ။

NayPhoneLatt said...

ကျွန်တော်တို့ ဒီဥာဏ်စမ်းလေးကိုစဉ်းစားတဲ့နေရာမှာ ခွေးနဲ့ လူရဲ့ မတူညီတဲ့အချက်တွေကို အခြေခံပြီးစဉ်းစားရမှာဖြစ်ပါတယ်။ အားလုံးလဲ အဲဒီ့လိုပဲ စဉ်းစားကြတာကိုတွေ့ရပါတယ်။ ညီညီက အရပ်ကိုစဉ်းစားပါတယ်။ နန်းရင်ပြင်ထဲမှာသတ်လိုက်တာမဟုတ်ရင်တော့ ညီညီအဖြေဟာ လဲ မှန်ကန်ပါတယ်။ Law Shay က အသိဥာဏ်ဆိုတဲ့ မတူညီမှုကိုစဉ်းစားပါတယ်။ ဒါပေမယ့် မင်းမိန့်ဆိုတဲ့ မလွန်ဆန်နိုင်တဲ့ အရာတစ်ခုကြောင့် ညီတော်က မစားရဘူးအဆိပ်လူးထားတယ်ဆိုတာကို သိပေမယ့် မစားလို့မရဘူးဖြစ်သွားပါတယ်။ အချို့လဲ အမြီးဆိုတာကို စဉ်းစားမိကြပါတယ်။ အမြီးကို မီးရှို့မယ်၊ အမြီးကိုဖြတ်ပစ်မယ်ဆိုတဲ့အဖြေတွေထွက်လာပါတယ်။ ဒါပေမယ့် အဲဒီ့အဖြေတွေက ခွေးကို အမှန်တကယ်သေစေဖို့အတွက် မလုံလောက်ပါဘူး။ ထပ်စဉ်းစားမယ်ဆိုရင် အခြားသတ်စရာနည်းလမ်းတွေလဲ ထွက်လာနိုင်ပါသေးတယ်။
ဒါပေမယ့် ညီတော် တကယ်သတ်လိုက်တာကတော့ ခွေးကို အမြီးကနေကိုင်ပြီး ကြမ်းပြင်မှာ ရိုက်သတ်လိုက်တာပါ။ ခွေးက သေသွားပေမယ့် အာဏာပါးကွက်သားတွေကတော့ ဘာမှမတတ်နိုင်လိုက်ပါဘူး။ ညီတော်လွတ်မြောက်သွားပါတယ်။ အဖြေမမှန်တဲ့သူတွေ သေဒဏ် … ဒန်တန့်တန် …။း-)

sisain said...

ခွေးကို လှေကားအမြင့်ကြီးကနေ အောက်ဆင်းခိုင်းလိုက်မယ်လေ။ မရဘူးလား။ လှေကားပေါ်တင်တာနဲ့တင် ခွေးက ခြေကားယား လက်ကားယားနဲ့ ကျသေပေမယ့် လူကတော့ အသာလေး ဆင်းသွားရုံပေါ့-

NayPhoneLatt said...

အချို့ခွေးတွေများ လှေကားအတက်အဆင်းကို လူတွေထက်တောင် ကျွမ်းသေး ကိုစစ်အိမ်ရေ။ ဆပ်ကပ်တွေထဲမှာတွေ့ဘူးတာပဲ။း-)

စိုးဇေယျထွန်း said...

အမြီးကနေ ကိုင်ပေါက်လိုက်။ တစ်ခုတော့ရှိတယ် ကိုနေဘုန်းလတ်မှာ အမြီးရှိလား။ ဒါဆိုရင် အဲဒီနည်းက ရမှာ မဟုတ်ဘူး :D

Anonymous said...

surpricing that this king's brother has some idea to save his life. Imagine if Thanswe or his bro, I don't thibk they has some ideas. haha
Then poor thing. (may be they go and ask Khin Nwent)
Ohhh! sorry. They will go and ask Ko NayMyo :P

Anonymous said...

hand nae thet lite pop!! dog head ko hand nae thet pay lite.!

သွယ်လေး said...

1 phay phay a that kyi p that tae ni ko thone pay par ,nyi answe mhan lar ma thi bu