Pages

Monday, July 16, 2007

နောက်ဆုံးမဟုတ်တဲ့ အဆုံး

နောက်ဆုံးမဟုတ်တဲ့ အဆုံး ...

လှည့်ပတ်နေတဲ့သွေးတွေ ရပ်တန့်သွားတယ်
လှုပ်ရှားနေတဲ့အစိတ်အပိုင်းတွေ ငြိမ်သက်သွားကြတယ် …
နေခွင့်မရှိတော့တဲ့အိမ်က ထွက်လာရသလိုမျိုး
ဖြေရှင်းခွင့်မရှိပဲ ရှေ့ဆက်တိုးရတယ် …
မပြတ်နိုင်တဲ့ကြိုးတွေက
ဘ၀တစ်ခုရဲ့အဆုံးသတ်ကို
အခြားဘ၀တစ်ခုရဲ့အစမှတ်နဲ့ ဆက်ပေးတယ် …
ယူလာလို့မရတာတွေကို ထားခဲ့ပြီး
ထားခဲ့လို့မရတာတွေကို ယူခဲ့ရတယ် …
ပြီးခဲ့ပြီပဲ …
လက်မခံချင်သူတွေ
လက်မခံနိုင်သူတွေကို
ကံကြမ္မာက
အဲဒီ့ အဘိဓမ္မာတစ်ခု ဖွင့်ပြတယ် …
မျက်ရည်ကျသူကကျ
မျက်လွှာချသူကချ
အဲဒီ့အခိုက်အတန့်လေးမှာတော့
သေခြင်းတရားဆိုတာကို … သတိရကြရဲ့ …။

2 comments:

MELODYMAUNG said...

ဒီရက်ပိုင်း သေခြင်းတရားနဲ့ ပါတ်သက်တဲ့ သံဝေဂတွေ ရစေပါလား ဒီကဗျာရဲ့ ခေါင်းစဉ်လေးလဲ ကြိုက်ပါတယ်

ညီညီ(သံလွင်) said...

ယူလာလို့မရတာတွေကို ထားခဲ့ပြီး
ထားခဲ့လို့မရတာတွေကို ယူခဲ့ရတယ် … ဆိုတာလေး လန်းတယ်ကွာ

ကဗျာဆရာနွေလေရေ.. ကဗျာများများ ရေးပါဗျို့