Pages

Tuesday, July 24, 2007

Seminar ကိစ္စ အစည်းအဝေး

Seminar ကိစ္စ အစည်းအဝေး


လာမယ့် ကြာသပတေးနေ့ (၂၆.၀၇.၂၀၀၇) ညနေ ၅နာရီ မှာ ကျွန်တော်တို့ ရန်ကုန်မှာရှိတဲ့ ဘလော့ဂါတွေအားလုံး လာမယ့်ဘလော့ဂ်ဒေး (ရက် မသေချာသေးပါ) မှာကျင်းပဖို့ ရှိတဲ့ Seminar
ကိစ္စအတွက် အသေးစိတ်ဆွေးနွေးတိုင်ပင်ကြရန် အစည်းအဝေးတစ်ခုကိုကျင်းပဖို့ရှိပါတယ်။ နေရာကတော့ ဗိုလ်အောင်ကျော်လမ်း ၊ အာလာဒင်ရှေ့မှာရှိတဲ့ Coffee King မှာဖြစ်ပါတယ်။ အစည်းအဝေးဆိုတဲ့ သဘောမျိုးထက် ကျွန်တော်တို့ ဘလော့ဂါတွေစုစည်းစီစဉ်ကြမယ့် Seminar ကြီးကို အောင်အောင်မြင်မြင် နဲ့ ကျင်းပနိုင်ဖို့အတွက် ဘလော့ဂါတွေအားလုံး တိုင်တိုင်ပင်ပင်နဲ့ တာဝန်တွေခွဲဝေ ဆောင်ရွက်ကြဖို့အတွက်ဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်ရမယ့် အလုပ်တွေထဲမှာ ပထမဆုံးအနေနဲ့က Seminar ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေဖြစ်ပြီး ၊ ဒုတိယအနေနဲ့ကတော့ Seminar လုပ်နေစဉ်အတွင်းဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေပါ ၀င်မှာဖြစ်ပါတယ်။ အဲဒီ့လုပ်ငန်းဆောင်တာတွေအတွက် ရန်ကုန်မှာရှိကြတဲ့ ဘလော့ဂါတွေအနေနဲ့ ကိုယ်တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီအားဖြည့်နိုင်ဖို့ အတွက် အားလုံးကို ဖိတ်ခေါ်ရခြင်းဖြစ်ပါတယ်။ ဒီအစည်းအဝေးလေးမှာ ဖြစ်နိုင်ရင် တစ်ခါတည်း အစုအဖွဲ့လေးတွေဖွဲ့ပြီး တာဝန်တွေတစ်ခါတည်းခွဲဝေပေးလိုက်မှဖြစ်တဲ့အတွက် အစည်းအဝေးကို တတ်နိုင်သမျှကြိုးစားပြီး တက်ရောက်ပေးကြဖို့အားလုံးကို မေတ္တာရပ်ခံပါတယ်။

1 comment:

hnin said...

အခုမှ အလုပ်က ပြန်လာလို့ မလာဖြစ်တော့ဘူး။ ဒါပေမဲ့ လိုအပ်ရင်တော့ ကူညီဖို့အသင့်ပါ။ အစည်းအဝေးကြီး အောင်မြင်စွာ ပြီးဆုံးပါစေလို့ ဆုတောင်းပေးပါတယ်။