Pages

Tuesday, May 1, 2007

For my brother and his son


မင်းဟာမျှော်လင့်ခြင်းတွေအားလုံးရဲ့ သင်္ကေတဖြစ်တယ်။
မင်းရဲ့ဖြစ်တည်မှုဟာ ငါ့ကမ္ဘာကိုပြည့်စုံစေတယ်။
မင်းဟာငါ့ဘ၀ရဲ့ အရာရာပဲ၊ မင်းဟာ ငါ့ဘ၀ရဲ့အချိုမြိန်ဆုံးပဲ။
မင်း ငါ့ဘ၀ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာတဲ့အတွက် ငါအရမ်းစိတ်လှုပ်ရှားမိတယ်။
ငါ့အတွက်တော့ တစ်ကမ္ဘာလုံးမှာ မင်းလိုလူနောက်တစ်ယောက်မရှိနိုင်ဘူး။
မင်းကိုငါဘယ်တော့မှ အကြာကြီးခွဲမထားခဲ့ပါဘူး။
မင်းရှိလာခြင်းဟာ ငါ့ဘ၀ကိုပိုကောင်းလာစေတယ်။
မင်းနဲ့အတူတူ ဒီဘ၀တစ်ခုကိုမျှဝေခံစားရမှာ ငါတကယ်ကံကောင်းတာပဲ။
အိမ်အပြန်လမ်းတွေရဲ့ ချိုမြိန်မှုဟာ မင်းရဲ့ချစ်စရာ့မျက်နှာလေးကြောင့် ပိုပြီးအသက်ဝင်လာတယ်။
သံစဉ်မပီတဲ့မင်းရဲ့စကားသံလေးတွေကိုက ငါ့အတွက်တော့ နားဝင်ချိုလှတဲ့ဆည်းလည်းသံလေးတွေပါပဲ။
ငါ့ရဲ့ရင်ငွေ့နွေးနွေးကိုလှုံပြီး မင်းအိပ်ပျော်သွားတဲ့အချိန်တွေမှာ မင်းမျက်နှာလေးကိုကြည့်ငေးနေရတာ ငါ့အတွက်တော့ ဘာနဲ့မှလဲလို့မရတဲ့ ကြည်နူးမှုအရသာပါ။
မင်းဟာငါ့ဘ၀ထဲကိုပျှော်ရွှင်မှုတွေယူဆောင်လာတယ်။
မိသားစုဆိုတဲ့စကားလုံးရဲ့ အဓိပ္ပါယ်ကိုမင်းက အပြည့်စုံဆုံးဖွင့်ဆိုပြနိုင်တယ်။
မင်းရဲ့ပျှော်ရွှင်မှုဟာ ငါ့ရဲ့ အလိုချင်ဆုံးအရာပဲ။
မင်းပြေးလွှားဆော့ကစားနေတာကိုကြည့်ပြီး ငါဝမ်းသာတယ်။
ကလေးပီပီ လောကကြီးထဲမှာဆော့ကစားလိုက်စမ်းပါ။
ဒါဟာ မင်းကို ဘ၀ရဲ့နေနည်းတွေသင်ပေးနေတာလည်းဖြစ်တယ်။
သားရယ် ...မိခင်၊ဖခင်ဆိုတဲ့စကားလုံးတွေရဲ့အဓိပ္ပါယ် မင်းသာမရှိခဲ့ရင် ဘယ်မှာလာပြည့်စုံမှာလဲကွယ်။


ကျွန်တော့်အစ်ကိုရဲ့ အမျိုးသမီး (ကျွန်တော့မရီး) သားလေးတစ်ယောက်ထပ်မွေးတော့ အစ်ကို့အစား ဖခင်တစ်ယောက်နေရာကနေ၀င်ခံစားပေးထားတာပါ။ အချို့စာကြောင်းလေးတွေက ဘာသာပြန်ထားတာတွေပါ။

5 comments:

Tesla said...

ဖခင်တယောက် ဖြစ်ရန် အရည်ချင်း ပြည့်မှီပြီ ဖြစ်ကြောင်း ထောက်ခံပါသည်- နွယ်မျက်သစ်ပင် ဆေးဘက်ဝင်၏ အမြန်ဆုံး အကောင်ထည်ဖော်နိုင်ရန် ကြိုးစားပါ- :P

Yan said...

Tesla ပြောတာမှန်တာမှ တအား

မသိပါဘူးဗျာ. ကိုနေဘုန်းလတ်ကြီး မိန်းမမရဘဲ ကလေးမွေးသွားသလားလို့ ပြူသွားတာပဲ. မျက်စိ
တုန်သွားတာပဲ. ရင်ဘတ်.. ရမ်းသွားတာပဲ ခေါင်း
ဟတ်ဟတ်ဟတ်

NayPhoneLatt said...

ကျွန်တော်လဲ ကိုတက်စလာပြောတာတွေ့တော့ တုန်သွားတယ် ရင်ဘတ်၊ ပြူးသွားတယ် မျက်စိ၊ ရမ်းသွားတယ် ခေါင်း၊ အခါခါချမိတယ် သက်ပြင်း၊ ဟင်း ဟင်း ဟင်း

soe222 said...

Cutest little baby, typicalt
Burmese features, looks like
going to be a manly man, when
he grows up. That smile can
bring 10,000 women to their
feet, ha ha. Soe

Thet Htoo@Myat Lone said...

ကိုနေဘုန်းလတ်ရေ။ ကျွန်တော့်မှာလည်း သားဦးလေး (အခုဆို တစ်နှစ်သားတောင် ရှိပြီပေါ့ခင်ဗျာ) ရှိနေပြီဆိုတော့ ကိုနေဘုန်းလတ်ရေးထားတာတွေက ကျွန်တော်မပြောပြတတ်တဲ့ ကျွန်တော့်စကားတွေပါပဲဗျာ။