Pages

Sunday, May 20, 2007

ကျွန်တော်နှင့် မေးခွန်းများ ...

ပြည်ထဲရေးဝန်ကြီးဌာနကဖျက်သိမ်းကြောင်းကြော်ငြာခဲ့သည့်အသင်းအဖွဲ့ များ

၁၊ သာရေးနာရေးအသင်း
၂၊ နာရေးကူညီမှု့ အသင်း
၃၊ တိုးတက်ရေးစာဖတ်သင်း (၁၉၅၄ စတင်တည်ထောင်)
၎၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း
၅၊ မြန်မာနိုင်ငံ ဗိသုကာများအသင်း
၆၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း
၇၊ ကချင်တိုင်းရင်းသား ရိုးရာနှင့် စာပေယဉ်ကျေးမှု့ အသင်း
၈၊ မင်းကွန်းပဋိပတ္တိ သာသနိနဂ္ဂ အသင်း
၉၊ တရုတ်ကုန်သည်များအသင်း
၁၀၊ အိန္ဒိယ- မြန်မာ စီးပွားရေးလုပ်ငန်းရှင်များအသင်း
၁၁၊ ဂုရုနာနတ် အခမဲ့ဆေးပေးရုံနှင့် မျက်စိကုဌာန
၁၂၊ မြန်မာပြည် တရုတ်အမျိုးသား ချင်းအမျိုးအနွယ် အွဲကင်းစာအသင်း
၁၃၊ ဘော်လီဘောမိသားစု သာရေးနာရေးအသင်း
၁၄၊ SPA Scholarship Foundation
၁၅၊ ဗလငါးတန် အားမာန် လူငယ်ဖြွုံဖိုးရေးအသင်း
၁၆၊ မြန်မာ-ဂျပန် ဗုဒ္ဓဘာသာအသင်း
၁၇၊ လူဝင်မှု့ ကြီးကြပ်ရေးနှင့် ပြည်သူ့ ဝန်ထမ်းဟောင်းများအသင်း
၁၈၊ မြန်မာနိုင်ငံ ယာဉ်နှင့် စက်ကိရိယာပစ္စည်းလုပ်ငန်း
၁၉၊ ကျူလီ မွတ်ဆလင်သာသနာ ပြန်ပွားရေးအသင်း
၂၀၊ အရိဆမာဂ်ျ ကုသိုလ်ဖြစ် ဆေးရုံ
၂၁၊ မြန်မာနိုင်ငံလုံးဆိုင်ရာ က္ကုန္ဒရာဟိန္ဒူ အဖွဲ့ ချုပ်
၂၂၊ ပဲနွယ်ကုန်းအသင်း
၂၃၊ ခြောက်ထပ်ကြီး ရွှေသာလောင်း မဟာဗုဒ္ဓဝေယျာဝစ္စအသင်း
၂၄၊ မြန်မာပြည် တရုတ်တိုင်းရင်းဆေး သမားတော်များအဖွဲ့ 

ဘာ့ကြောင့်လဲ … ဘာဖြစ်လို့လဲ ဆိုတဲ့မေးခွန်းကို နားရွက်ဆွဲ၊ခေါင်းခေါက်ပြီးမေးချင်တယ်။

နောက်ပြီး ... သူတို့လုပ်ပေးနေသလို ခင်ဗျားတို့တွေ စေတနာရှေ့ထားပြီး ကိုယ်ကျိုးမကြည့်ပဲ လုပ်ပေးနိုင်ကြလို့လားလို့ မေးချင်တယ်။

နောက်ပြီး … လူသားချင်းစာနာထောက်ထားတဲ့စိတ်တွေနဲ့ လူမှုဘ၀တွေရဲ့ကွက်လပ်တွေကို လိုက်လံဖြည့်စွတ် ပေးနေကြတဲ့ မြင်ကွင်း ခင်ဗျားတို့ဘာကြောင့်မမြင်ချင်ကြသလဲလို့မေးချင်တယ် …။

နောက်ပြီး … ဘယ်သူ့ကိုမှမထိခိုက်၊ ဘယ်သူ့အကျိုးစီးပွားကိုမှလဲမဖျက်ဆီးပဲ မရှိဆင်းရဲသားတွေအတွက် ပေးဆပ်ခြင်းသက်သက်နဲ့ ရပ်တည်နေကြသူတွေကို ဘာကြောင့်ရန်ရှာကြသလဲလို့ မေးချင်တယ် …။

နောက်ပြီး … ပြည်သူပြည်သားတွေမျက်ရည်ကျမှ အိပ်ပျော်စားဝင်ကြတာလားလို့ မေးချင်တယ် ...။

2 comments:

Anonymous said...

တော်တော်အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်တွေထဲက အဆိုးရွားဆိုး လုပ်ရပ်တစ်ခုပဲ..ဟိုနေ့တွေကတည်းက မနေနေနိုင်ရဲ့ ဘလော့ဂ် မှာ ဒီအကြောင်းကိုဖတ်လိုက်ရကတည်းက တော်တော် စိတ်တိုပြီးစိတ်မကောင်းဖြစ်နေတာ...
ခုဒီမှာ တစ်ခါပြန်ဖတ်ရတော့ စိတ်မကောင်းဘူး..ဒေါသထွက်ရတယ်.. ဘာပြောရမလဲတောင်မသိတော့ပါဘူး..
Why..?

Hteink Min said...

ဟုတ်တယ်ဗျာ..လုံးဝမလုပ်သင့်တဲ့ အရာတစ်ခုပါ..ပြည်သူ တွေကို ငတ်မွတ်အောင် ထားချင်တယ်ဆိုတာ..ပေါ်တင်ပြနေတာပါပဲ