Pages

Thursday, May 17, 2007

ရန်ကုန်မှ မြန်မာဘလော့ဂါများ၏ ဒုတိယအကြိမ်အစည်းအဝေး

ရန်ကုန်မှ မြန်မာဘလော့ဂါများ၏ ဒုတိယအကြိမ်အစည်းအဝေး


နေ့ရက် ။ ။ ၁၇.၀၅.၂၀၀၇ (ကြာသပတေးနေ့)
အချိန် ။ ။ ညနေ ၅နာရီ မှ ည ၉နာရီ
နေရာ ။ ။ Coffee King (ဗိုလ်အောင်ကျော်လမ်း)
အစည်းအဝေးတက်ရောက်သူများ ။
။ကိုစစ်အိမ် (sisain.blogspot.com)
ကိုညီလင်းဆက် (nyilynnseck.blogspot.com)
ကိုစိုးဇေယျ (soezeya.blogspot.com)
ကိုနေဘုန်းလတ် (nayphonelatt.blogspot.com)
ကိုစေတန်ဂေါ့ (saturngot.blogspot.com)
MrPooh (myanmaroa6.blogspot.com)

မေလ ၁၂ ရက်နေ့က စင်ကာပူမှာလုပ်ခဲ့တဲ့ အစည်းအဝေးမှတ်တမ်းကိုအခြေခံပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါတယ်။

၁) အမည်ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးကြရမှာ စင်ကာပူအစည်းအဝေးကရွေးချယ်ခဲ့တဲ့ ဘလော့ဂ်ဆိုသည်မှာ နဲ့ အနာဂတ်လှိုင်း၏ဆုံမှတ်များ ဆိုတဲ့အမည်နှစ်ခု၊ ဘလော့ဂါဖိုရမ်မှာ မဲခွဲဆုံးဖြတ်ဖို့ကျန်တဲ့ အမည် ၄ခုအနက်မှ `အနာဂတ်လှိုင်း၏ဆုံမှတ်များ´ ကို ရွေးချယ်ခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီ့ခေါင်းစဉ်မှာ ဘလော့ဂ်ဆိုတဲ့စကားလုံးမပါတာကြောင့် မြန်မာဘလော့ဂါတွေရဲ့ ဘလော့ဂ်တွေထဲက စာတွေကို စုစည်းထုတ်ဝေတယ်ဆိုတဲ့အချက်ကို ပေါ်လွင်စေဖို့ ခေါင်းစဉ်နဲ့ အတူ စာကြောင်းတစ်ကြောင်းပါထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
`မြန်မာဘလော့ဂါ(Bloggers)များ၏ စုစည်းတင်ဆက်မှု ...´ ဆိုတဲ့စာကြောင်းကိုထည့်ဖို့ ကိုစစ်အိမ်မှအကြံပြုပါတယ်။

၂) အုပ်ရေ ၁၀၀၀ ရိုက်နှိပ်ဖို့ကို အားလုံးက သဘောတူကြပါတယ်။

၃) စာအုပ်ဆိုဒ်ကို နားလည်တတ်ကျွမ်းသူများရဲ့ အကြံပြုချက်အရ ၅.၁ လက်မ _ ၈.၁ လက်မ ကိုရွေးချယ်ခဲ့ကြပါတယ်။ အဆိုပါဆိုဒ်ဟာ စာရွက်ဖြတ်ရာမှာ အလေအလွင့်အနည်းဆုံးဖြစ်တယ်လို့ သိရပါတယ်။ စာမူအရေအတွက်ကို လိုက်ပြီး စာအုပ်အထူအပါး ကွာခြားသွားမှာဖြစ်ပြီး ဆိုဒ်ကို တော့ ဒီအတိုင်းပဲအတည်ပြုခဲ့ကြပါတယ်။

၎) စင်ကာပူအစည်းအဝေး၏ အတည်ပြုချက်အတိုင်း အုပ်ရေ ၁၀၀ ကို စင်ကာပူသို့ပို့မှာဖြစ်ပြီး ၊ ကျန်ရှိတဲ့ ၉၀၀ကို ရန်ကုန်နဲ့မန္တလေးမြို့များသို့ဖြန့်ဝေဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ရန်ကုန်ရှိဘလော့ဂ်များထဲမှ ရောင်းပေးနိုင်သူများရှိပါက ဘယ်နေရာမှာစာအုပ်လာယူနိုင်ကြောင်းကို စာအုပ်ထုတ်ဝေပြီးချိန်မှာ တင်ပြပေးမှာဖြစ်ပါတယ်။ ဖြန့်ဝေရေးကိစ္စများကို ကိုစိုးဇေယျဦးဆောင်တဲ့ ရန်ကုန်ရှိဘလော့ဂါများမှာ ကိုယ်တိုင်ကိုယ်ကျလုပ်ဆောင်မှာဖြစ်တဲ့အတွက် ပါဝင်ကူညီနိုင်ကြသူများ ကိုစိုးဇေယျနဲ့ ဆက်သွယ်ဆောင်ရွက် ကြဖို့ဖိတ်ခေါ်ပါတယ်။ စာအုပ်တိုက်တစ်တိုက်ကိုအပ်လိုက်ပါက အလုပ်မရှုပ်တော့ကြောင်း ကိုစစ်အိမ်မှအကြံပြုခဲ့ပေမယ့် ... စာအုပ်ရဲ့ အောင်မြင်မှု၊ ဆုံးရှုံးမှုတွေကို ကိုယ်တိုင်ကိုယ်ကျ မျှဝေခံစားချင်ကြတဲ့ စိတ်နဲ့ ကိုယ်တိုင်ပဲလုပ်ကြဖို့ဆုံးဖြတ် ခဲ့ကြပါတယ်။

၅) ကြော်ငြာကိစ္စနဲ့ပတ်သက်ပြီး ရှေ့နောက် မျက်နှာဖုံးရဲ့အနောက်ဖက်အခြမ်း နှစ်မျက်နှာနဲ့ ရှေ့ဆုံးနဲ့ နောက်ဆုံးတစ်ရွက်ဆီ စုစုပေါင်း ၆မျက်နှာအတွက် ကြော်ငြာထည့်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ကြော်ငြာအတွက် ဈေးနှုန်းကိုတော့ နောက်အပတ်အတွင်းမှာ တွက်ချက်တင်ပြသွားဖို့ရှိပါတယ်။ စာအုပ်အတွင်း မျက်နှာများတွင်ကြော်ငြာလုံးဝမထည့်ပါ။ Mr Pooh မှ စာရွက်တိုင်း၏ Header နှင့် Footer နေရာများတွင်လည်း Sponsar by ------ ဆိုတာမျိုး ထည့်သွင်းသင့်ကြောင်း အကြံပြုခဲ့ပါတယ်။ ထိုအကြံပြုချက်ကိုတော့ Fan ငွေမလုံလောက်ပါက ထည့်သွင်းစဉ်းစားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

၆) ထုတ်ဝေရန်အချိန်နှင့် ပတ်သက်၍ ဘလော့ဂါနေ့တော့ မမီနိုင်ကြောင်း ၊ အချိန်အတိအကျကိုတော့ ခန့်မှန်းဖို့ခဲယဉ်းကြောင်း၊ စက်တင်ဘာလ ဟုအကြမ်းဖျဉ်းသတ်မှတ်နိုင်ကြောင်းဆွေးနွေးခဲ့ကြပါတယ်။

၇) အမှာစာအတွက် စင်ကာပူအစည်းအဝေးမှ တင်ပြခဲ့သူမှားအနက် ကိုတာနှင့် ဂျူးတို့ကိုဆန္ဒပြုခဲ့ကြပြီး၊ အခြားထည့်သွင်းစဉ်းစားသင့်သူများအနေဖြင့် လူထုစိန်ဝင်း၊ ဒေါက်တာခင်မောင်ညို တို့ကိုဖြည့်စွတ်ခဲ့ပါတယ်။ ကိုညီလင်းဆက်မှ တာရာမင်းဝေနှင့် မနော်ဟရီတို့မှာ ဘလော့ဂ်များကိုအမြဲတမ်းဖတ်ကြောင်း ပြောပြီး သူတို့ကို ဆန္ဒပြုခဲ့ပါတယ်။ အမှာစာအတွက် အနဲဆုံးနှစ်ယောက်ကို ပထမဦးစားပေးနှင့် ဒုတိယဦးစားပေးဟု အပြီးသတ်ရွေးချယ်သင့်ကြောင်းဆုံးဖြတ်ခဲ့ကြပါတယ်။ တစ်ယောက်က မရေးပေးနိုင်ဟုငြင်းခဲ့လျှင် နောက်တစ်ယောက် ကြိုးစားရန်အတွက်ဖြစ်ပါတယ်။ နှစ်ယောက်လုံးရေးပေးနိုင်လျှင်လဲ နှစ်ခုစလုံး သုံးလို့ရပါတယ်။

၈) စာမူများကို ကဏ္ဍများခွဲရာတွင် စင်ကာပူအစည်းအဝေး၏ဆုံးဖြတ်ချက်များထဲမှ ဓါတ်ပုံကဏ္ဍကိုဖြုတ်ပြီး၊ ဘာသာပြန်ကဏ္ဍကိုထည့်သွင်းခဲ့ပါတယ်။

၉) စာမူများကိုအပြီးသတ်ရွေးချယ်ရန်အတွက် အယ်ဒီတာများအဖွဲ့ကိုရွေးချယ်ရန်ဆွေးနွေးကြရာ၌ သတ်မှတ်ထားသောအချိန်အကန့်အသတ် (ခန့်မှန်း ၁၀ ရက်) အတွင်း စာမူများအားလုံးကို အပြီးဖတ်နိုင်ပြီး ranking ပေးနိုင်မည့်သူများကိုသာရွေးချယ်သင့်ကြောင်းဆုံးဖြတ်ခဲ့ပါတယ်။ ကိုစစ်အိမ်၊ ကိုစိုးဇေယျ၊ ကိုနေဘုန်းလတ်၊Mr Poohတို့မှဖတ်ပေးနိုင်ကြောင်းအဆိုပြုခဲ့ပါတယ်။ အခြားဖတ်နိုင်မည့်သူများ မိမိကိုယ်ကိုအဆိုပြုနိုင်ပါတယ်။ အဆိုပြုသူများကို အယ်ဒီတာများအဖွဲ့မှာထည့်သွင်းမှာဖြစ်ပြီး စဖတ်ရမယ့်နေ့နဲ့ အချိန်အကန့်အသတ်အတိအကျကိုတော့ မေးလ်ကနေတဆင့် အသိပေးသွားမှာဖြစ်ပါတယ်။
mmblogbook2.blogspot.com မှာရှိတဲ့ပို့တွေအားလုံးမှာ ranking ပေးနိုင်အောင် လုပ်ပေးနိုင်သူများလုပ်ပေးဖို့ တောင်းဆိုပါတယ်။
စာမူများကို အပြီးသတ်ရွေးချယ်ပြီးပါက စာလုံးပေါင်းစစ်ရန် ကိုစစ်အိမ်၊ ကိုညီလင်းဆက်၊ မမေဓါဝီ (ဖတ်ပေးမည်ဟုပြောပါသည်) တို့ကတာဝန်ယူပါသည်။ ရုံးတင်ထားစဉ်ကာလအတွင်း ကော်ပီ ၃စောင်ကို အဆိုပါသုံးယောက်ဆီပို့မှာဖြစ်ပါတယ်။

၁၀) စင်ကာပူအစည်းအဝေးမှ ဘလော့ဂါများသဘောတူခဲ့ကြတဲ့ ဘလော့ဂါတွေရဲ့ နေထိုင်ရာနိုင်ငံတွေကို သက်ဆိုင်ရာပို့စ်အောက်မှာ ဖော်ပြပေးဖို့ဆိုတဲ့ ကိစ္စကိုတော့ စဉ်းစားဖို့နဲ့ မလိုအပ်ရင် မထည့်ဖို့အားလုံးက တောင်းဆိုခဲ့ကြပါတယ်။

၁၁) စာအုပ် အဖုံးဒီဇိုင်းကိစ္စနဲ့ ပတ်သက်ပြီးဆွေးနွေးကြရာမှာ mmblogger.forum5.com က ဒီဇိုင်း တော့ပစ်မှာဆွေးနွေးထားကြ၊ တင်ထားကြတာတွေထဲက အိုင်ဒီယာတွေကိုယူပြီး အပြီးသတ်ဒီဇိုင်း တစ်ခုဆွဲပေးရန် ကိုညီလင်းဆက်ကို တောင်းဆိုခဲ့ကြရာ ကိုညီလင်းဆက်မှာသဘောတူလက်ခံခဲ့ပါတယ်။ ကိုစစ်အိမ်မှ ကိုညီလင်းဆက်အားကူညီရန်သဘောတူခဲ့ပါတယ်။ စာအုပ်အတွင်းပိုင်း Illustration အတွက်မူ ကျွမ်းကျင်သော Layout Designer တစ်ယောက်ငှားပြီး လိုချင်သည့်ပုံစံကို ဘေးမှဝိုင်းပြောပြကြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

၁၂) ဆက်လက်ပြီး ရံပုံငွေကောက်ခံခဲ့ကြရာမှာ
ကိုစစ်အိမ် - ၁၀၀၀၀၀ကျပ်
ကိုညီလင်းဆက် - ၁၀၀၀၀ကျပ်
မမယ်လိုဒီမောင် - ၁၀၀၀၀ကျပ်
ကိုနေဘုန်းလတ် - ၁၀၀၀၀ကျပ်
ကိုစေတန်ဂေါ့ - ၁၀၀၀၀ကျပ်
ကိုစိုးဇေယျ - ၂၀၀၀ကျပ်
MrPooh - ၂၀၀၀ကျပ်
စုစုပေါင်း - ၁၄၄၀၀၀ကျပ် ရရှိခဲ့ပါတယ်။


ကိုစစ်အိမ်၏တိုက်တွန်းချက်အရ ဖုန်းနံပါတ်ရှိသူများထံသို့ ဖုန်းဆက်၍ အတင်းအကျပ်ရံပုံငွေကောက်ခံရာ
ကိုတက်စလာမှ ၃၀၀၀၀ (လကုန်ပေးမည်ဟုပြောပါသည်)
ကိုမြတ်စိုးငြိမ်းမှ ၁၀၀၀၀
မထက်ထက်မှ ၁၃၀၀၀ ထည့်ဝင်ကြမည်ဟု ကတိစကားရရှိပြီးဖြစ်ပါသည်။
ရရှိပြီးသောရံပုံငွေများကို ကိုနေဘုန်းလတ်မှတာဝန်ယူထိန်းသိမ်းးထားပါသည်။

စင်ကာပူအစည်းအဝေးတွင် တက်ရောက်သူများသော်လည်း ရံပုံငွေထည့်ဝင်သူမှာ ၄ ယောက်ပဲရှိသောကြောင့် အခြားဘလော့ဂါများမှ ရံပုံငွေ အမြန်ဆုံးထည့်ဝင်ကြရန် နှိုးဆော်လိုက်ပါသည်။

ရန်ကုန်မှဘလော့ဂါများအနေနှင့်လဲ

ကိုနေဘုန်းလတ် (၀ - ၉ ၅ ၁- ၅ ၀ ၈ ၀ ၂)
Explorer Internet & Training Center
အမှတ် ၁၅၄၊ ၃၈ လမ်း အလယ်ဘလောက်
ကျောက်တံတားမြို့နယ်
ထံသို့ ဆက်သွယ်ပေးပို့နိုင်ပါသည်။ လာရောက်ကောက်ခံရမည်ဆိုပါကလည်း ဖုန်းဆက်၍အကြောင်းကြားနိုင်ပါသည်။

ကိုစစ်အိမ်မှ နောင်ရေးကိုမျှော်တွေး၍ ဘလော့ဂါအသင်းအဖွဲ့တစ်ခုကို အသင်းဝင်ကြေးကောက်ခံပြီး ဖွဲ့စည်းရန်အကြံပြုခဲ့ပါသည်။
အလှူငွေထည့်ဝင်ပြီးသူများသည် နောင်ဖွဲ့စည်းမည့် ဘလော့ဂါအသင်းတွင် အလိုအလျောက်အဖွဲ့ဝင်ဖြစ်ပြီးဖြစ်ပါသည်။

အစည်းအဝေးတွင် ဘာမသိညာမသိလူကြီးမင်းလုပ်ပြီး လိုက်မှတ်ထားတာလေးတွေကို ချရေးလိုက်တာပါ။
သဘူတောရင် လက်ခုပ်တီးပါ ... ဖြောင်း ... ဖြောင်း ... ဖြောင်း


ပြီးပါပြီ ...

1 comment:

ကိုဖြိုး said...

လက်ခုပ်တီးပါဆိုတော့ တီးလိုက်ပါတယ်ဗျာ ဖြောင်း ဖြောင်း ဖြောင်း