Pages

Tuesday, May 8, 2007

ဘလော့ဂ်ရဲ့ သမိုင်းကို လှန်ကြည့်တဲ့အခါ ...

ဘလော့ဂ်ရဲ့ သမိုင်းကို လှန်ကြည့်တဲ့အခါ ...

အခုနောက်ပိုင်း ကမ္ဘာပေါ်မှာ websiteတွေကိုကျော်ပြီး ခေတ်စားလာတာကတော့ Web log (Blog) တွေပဲဖြစ်ပါတယ်။ Website တစ်ခု တည်ဆောက်ရတာလောက်အလုပ်လဲမများ၊ ပိုက်ဆံလဲမကုန်တဲ့အတွက် အခုနောက်ပိုင်းမှာ(Blog)အရေအတွက်ဟာ သိသိသာသာကြီးကို တိုးလာတာတွေ့ရပါတယ်။(Blog) တွေကို အသုံးများလာရခြင်းရဲ့အဓိကအချက်ကတော့ အသုံးပြုရတာလွယ်ကူ အဆင်ပြေလွန်းတဲ့အတွက်ပဲဖြစ်ပါတယ်။ Domain Name လဲဝယ်စရာမလိုပါဘူး။ web host တွေကလည်းအခုအချိန်အထိတော့ free service ပေးနေပါသေးတယ်။ နောက်ပြီး HTML ကိုလဲနားလည်စရာမလိုပါဘူး။ နည်းနည်းပါးပါးနားလည်ထားရင်တော့ ပိုကောင်းပါတယ်။ ဘလော့ဂ်တွေရဲ့ သမိုင်းကိုလိုက်ကောက်ကြည့်မယ်ဆိုရင်တော့ ဂျပ်စတင်ဟော(Justin Hall) ဆိုတဲ့သူက ဆွက်မိုးကောလိပ် (Swarthmore College) မှာ ကျောင်းသားတစ်ယောက်အဖြစ် စာပေသင်ယူနေစဉ် ၁၉၉၄ခုနှစ်မှာပဲ Justin's Links from the Underground လို့အမည်ရတဲ့ သူ့ရဲ့ ကိုယ်ပိုင်ဘလော့ဂ် www.links.net ကိုစတင်ခဲ့ပါတယ်။ တွေ့ရှိချက်တွေအရတော့ သူ့ကို မျက်မှောက်ခေတ်ဘလော့ဂါ (Blogger) တွေရဲ့ ဘိုးအေလို့ယူဆလို့ရပါတယ်။ ၂၀၀၄ခုနှစ် ဒီဇင်ဘာလထုတ် နယူးယောက်တိုင်း မဂ္ဂဇင်း ကလည်း သူ့ကို ကိုယ်ပိုင်ဘလော့ဂ်တွေရဲ့တည်ထောင်သူ the founding father of personal blogging အဖြစ်ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ဘလော့ဂ် Blog ဆိုတဲ့ စကားလုံးဖြစ်လာစေတဲ့ web ဆိုတဲ့စကားလုံးနဲ့ log ဆိုတဲ့စကားလုံးကို ပေါင်းစပ်လိုက်တဲ့သူကတော့ ဂျွန်ဘာဂါ (Jorn Barger) ဆိုသူပဲဖြစ်ပါတယ်။ ဂျွန်ဘာဂါက weblog ဆိုတဲ့စကားလုံးအတွဲအဆက်ကို ၁၉၉၇ ဒီဇင်ဘာလမှာပဲ robot wisdom weblogs လို့အမည်ရတဲ့ သူ့ရဲ့ ကိုယ်ပိုင်ဘလော့ဂ် www.robotwisdom.com ထဲမှာ ချပြခဲ့ပါတယ်။ ၁၉၉၉ခုနှစ် နှစ်ဆန်းပိုင်းမှာတော့ Peter Merholz ဆိုတဲ့သူက Weblog ဆိုတဲ့စကားလုံးကို we blog လို့ခွဲချလိုက်ပြီး BLog ဆိုတဲ့စကားလုံးတစ်ခုပေါ်လာခဲ့ပါတယ်။ Weblog ဆိုတဲ့စကားလုံးဟာ the Oxford English Dictionary မှာ အမှန်တကယ်တရားဝင် ပါဝင်ခဲ့တာကတော့ ၂၀၀၃ခုနှစ် မတ်လမှဖြစ်ပါတယ်။ "weblog" "weblogging" “weblogger” ဆိုပြီး verb အနေနဲ့ပါဝင်လာခဲ့တာပါ။ ၂၀၀၄ခုနှစ်မှာတော့ Merriam-Webster's Dictionary က blog ဆိုတဲ့စကားလုံးကို the word of the year in 2004 အဖြစ် ဖော်ပြခဲ့ပါတယ်။
ဘလော့ဂ် (Blog) တွေဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ လူသားတွေအားလုံးဆီကို အလွန်လျှင်မြန်တဲ့နှုံးနဲ့ ရောက်ရှိသတင်းပေး နိုင်တဲ့အပြင်၊ ဘလော့ဂ်ရေးသူနဲ့ ဘလော့ဂ်ဖတ်သူတွေ အပြန်အလှန်ဆက်သွယ်ပြောဆိုလို့လဲရနေတာကြောင့် နောက်ပိုင်းမှာ blogosphere လို့ခေါ်တဲ့ ဘလော့ဂ်လောကဟာ အင်တာနက်နဲ့အကျွမ်းတ၀င်ရှိကြတဲ့လူတန်းစားအားလုံးရဲ့ အတွေ့အကြုံ၊ အတွေးအမြင်၊ အယူအဆ၊ ခံစားချက်တွေဖလှယ်ရာ စကားဝိုင်း ( forum) တစ်ခုအသွင်ဆောင်လာပါတယ်။ စက်တင်ဘာ ၁၁ ရက် (World Trade Center) အကြမ်းဖက်မှုအပြီးမှာဆိုရင် ဒီအကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ၊ ထင်မြင် ယူဆချက်တွေ၊ တွေ့ကြုံခံစားရမှုတွေကို ဆက်သွယ်ဖလှယ်ကြတဲ့နေရာမှာ ဘလော့ဂ်တွေဟာ အခြားသောနည်းလမ်းဟောင်းတွေထက် ပိုမိုလွယ်ကူမြန်ဆန်တာကြောင့် အဓိကအနေနဲ့ အသုံးပြုခြင်း ခံခဲ့ရပါတယ်။ အီရတ်စစ်ပွဲဟာဆိုရင်လဲ တနည်းအားဖြင့် ဘလော့ဂ်စစ်ပွဲတစ်ခုလို့ဆိုရလောက်အောင်ကို ဘဂ္ဂဒက်မှာရှိတဲ့ ဘလော့ဂါတွေရဲ့ဘလော့ဂ်တွေဟာ များစွာသောဖတ်ရှုသူတွေရရှိခဲ့ပါတယ်။
စလမ်ပက်ရှ် (Salam Pax) ဆိုသူဟာဆိုရင် သူ့ရဲ့ဘလော့ဂ်ဖြစ်တဲ့ dear_raed.blogspot.com ကို စာအုပ်အဖြစ်တောင် ထုတ်ဝေခဲ့ပါသေးတယ်။
ကိုယ်ပိုင်ဘလော့ဂ်တစ်ခုလုပ်ထားခြင်းအားဖြင့် ကောင်းကျိုးတွေများစွာရှိနိုင်သလို ဆိုးကျိုးအချို့လဲရှိတာကိုတွေ့ရပါတယ်။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် Google ဆိုတဲ့နာမည်ကြီး ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ မက်ဂျမ် (Mark Jem) ဆိုသူရဲ့အကြောင်းဟာ အထင်ရှားဆုံးလို့ ဆိုရမှာဖြစ်ပါတယ်။ သူဟာ 99zeros.blogspot.com ဆိုတဲ့ သူ့ရဲ့ဘလော့ဂ်မှာ Google မှာလုပ်ခဲ့တဲ့ သူရဲ့အတွေ့အကြုံအသေးစိတ်တွေ၊ ကုမ္ပဏီရဲ့စီမံခန့်ခွဲပုံအဆင့်ဆင့်တွေကိုဖော်ပြခဲ့ပါတယ်။ အဲဒီ့လိုဖော်ပြခဲ့တာတွေထဲက တစ်ခုမှာ ကုမ္ပဏီရဲ့ လျှို့ဝှက်အုပ်ချုပ်မှုစနစ်တွေအကြောင်းပါဝင်ခဲ့ပါတယ်။ နောက်ပြီး မက်ဂျမ်ဟာ Google ရဲ့ ကျန်းမာရေးထောက်ပံ့မှုစနစ်ဟာ သူအရင်အလုပ်လုပ်ခဲ့ဖူးတဲ့ Microsoft လောက်မကောင်းဘူးလို့လဲ သူ့ရဲ့ဘလော့ဂ်ထဲမှာဝေဖန်ခဲ့ပါသေးတယ်။ ဒါကို Google ရဲ့အုပ်ချုပ်ရေးပိုင်းက မက်ဂျမ်ရဲ့ဘလော့ဂ်ဟာ ကုမ္ပဏီရဲ့လျှို့ဝှက်အချက်အလက်တွေကို လူကြားထဲစိမ့်ထွက်အောင်လုပ်နေတယ်လို့ ယူဆပြီး အချို့ post တွေကိုဖျက်ခိုင်းခဲ့ပါတယ်။ မက်ဂျမ်ကလဲ ဖျက်ခိုင်းတဲ့ post တွေကိုဖျက်လိုက်ပေမယ့် နောက်နှစ်ရက်အကြာမှာပဲ အလုပ်ထုတ်ခံလိုက်ရပါတယ်။ မက်ဂျမ်က တိုက်ရိုက်ပဲဖြစ်ဖြစ်၊ သွယ်ဝိုက်ပြီးတော့ပဲဖြစ်ဖြစ် သူ့ရဲ့ဘလော့ဂ်ဟာ သူအလုပ်ထုတ်ခံရခြင်းရဲ့ အကြောင်းရင်းတစ်ခုပဲလို့ပြောပါတယ်။
ဒီအဖြစ်အပျက်ကိုကြည့်ခြင်းအားဖြင့် ဘလော့ဂါတွေအနေနဲ့ ကိုယ့်ရဲ့ ဘလော့ဂ်ပေါ်မှာတင်ထားတဲ့စာတွေနဲ့ပတ်သက်ပြီး မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာနိုင်တာကြောင့် သတိကြီးကြီးထားဖို့တော့လိုအပ်တယ်ဆိုတာကိုတွေ့ရပါတယ်။ ကိုယ်ပိုင်ဘလော့ဂ် တစ်ခုကို တည်ဆောက်ချင်တယ်ဆိုရင်တော့ www.blogger.com, www.wordpress.com, www.blogster.com စတဲ့ website တွေမှာ သွားရောက်ပြီး အခမဲ့တည်ဆောက်လို့ရပါတယ်။ ဘယ်လိုတည်ဆောက်ရမယ်ဆိုတဲ့အချက်အလက်တွေကိုလဲ အဆိုပါ website တွေမှာလမ်းညွှန်ထားပါတယ်။

ရှာလို့ဖွေလိုရသလောက်ကို တတ်သလောက် မှတ်သလောက်နဲ့ပေါင်းပြီး အများသိရအောင်တင်ပြခြင်းဖြစ်ပါတယ်။ သိပြီးသားတွေချည်းဆိုရင်တော့လဲ တွေ့ပုချိပါ။

4 comments:

pandora said...

ဗဟုသုတ ရစေတဲ့ ပို့စ်ပဲ.. ပန်ဒိုရာသိချင်နေတာ ရှာဖတ်ရမှာ ပျင်းလို့.. ခုတော့ အတော်ပဲ. ကျေးဇူး ဂေါ်ဇီလာပါ။

Mr.Pooh @ မောင်ပွတ် said...

ပြည့်စုံလွန်းပါတယ်ဗျာ

nay said...

ဒုန်း ... မြောက်ပြီး အိမ်ခေါင်မိုးနဲ့ ခေါင်းနဲ့ဆောင့်တဲ့အသံ ...

MELODYMAUNG said...

I will post it in mmblogbook as my rekon
very useful post for interesting person about blogging