Pages

Monday, February 6, 2012

Happy Birthday " ကျွန်တော် လွတ်ကျခဲ့တဲ့မြို့တော် "


          ဒီနေ့ဟာ ကျွန်တော့်ဘလောဂ့်လေးရဲ့ (၅)နှစ်ပြည့် မွေးနေ့ပါ ....။ အမှန်အတိုင်းဝန်ခံရရင် ကျွန်တော်ဖန်တီးခဲ့တဲ့ ဒီဘလောဂ့်လေးဟာ .... ကျွန်တော့် ရင်ထဲကခံစားရသမျှတွေကို .... အနုပညာပုံစံမျိုးစုံနဲ့ ခင်းဖြန့်ချပြခဲ့ရာနေရာလေး ဖြစ်တဲ့အတွက် .... ကျွန်တော့်ရဲ့ ရင်သွေးလို့ပြောလို့ရပါတယ်   ..... ။ ကျွန်တော့်ရဲ့ ရင်သွေးဟာ ..... (၁) နှစ်သားမပြည့်ခင်မှာပဲ .... သူ့ဖခင်နဲ့ဝေးခဲ့ရတယ် ... ။ ဒါပေမယ့် .... ကံကောင်းထောက်မစွာနဲ့ပဲ .... ချစ်သော မိတ်ဆွေ ၊ သူငယ်ချင်းများ ၊ ပရိတ်သတ်များ ရဲ့ နွေးထွေးသောရင်ငွေ့နဲ့ ဆက်လက်ကြီးပြင်းလာနိုင် ခဲ့တယ် ... တကယ်ပြောတာပါ ...       (၄)နှစ်တာ ခွဲခွာခဲ့ ရပြီးနောက်  ...           Online ပေါ်ပြန်အတက်မှာ ...   " ကျွန်တော် လွတ်ကျခဲ့တဲ့မြို့တော် " လေးကို ... ကြည့်ရှု့စောင့်ရှောက် ခဲ့ကြသူတို့ရဲ့ ခြေရာလက်ရာတွေနဲ့ အတူ သန်သန်စွမ်းစွမ်း ကျန်းကျန်းမာမာ  ပြန်တွေ့လိုက်ရခြင်းဟာ .... ကျွန်တော့် အတွက်တော့ ဖော်မပြနိုင်လောက်အောင်ကို ပီတိဖြစ်ရပါတယ် ...။ ကျွန်တော် အနားမှာရှိမနေနိုင်ပေမယ့် .... ၀န်းကျင်ကောင်းမှာ ကြီးပြင်းခဲ့ရတဲ့ ကလေး တစ်ယောက်လိုပါပဲ .... ကျွန်တော့်ဘလောဂ့် လေးဟာ.... ဖျက်ဆီးခြင်းမခံရပဲ ၊ အထီးကျန်သိမ်ငယ်မနေရပဲ ရှေ့ခရီးကို ရဲရဲဆက်နိုင်ဖို့ အားအင်တွေအပြည့် ရခဲ့ပါတယ် ။ အားလုံးကိုကျေးဇူးတင်ပါတယ် ....။ အဲဒီထက်ပိုပြီး လေးနက်တဲ့စကား တစ်ခွန်းကို ပြောချင်ပါသေးတယ် ... ။ ကျွန်တော့် ရဲ့ရင်သွေးဟာ .... အားလုံးပေးထားတဲ့ အသက်နဲ့ဆက်နေရတာလို့ပဲ ကျွန်တော် ခံယူပါတယ် ...... ။ အဲဒီလို အဖိုးမဖြတ်နိုင်တဲ့ ကျေးဇူးတွေကိုဆပ်ဖို့ .... သူအစွမ်းကုန်ကြိုးစားလိမ့်မယ် လို့လဲ .... ကျွန်တော်ယုံကြည်ပါတယ် .... 
Happy Birthday ပါ " ကျွန်တော် လွတ်ကျခဲ့တဲ့မြို့တော် "


ကျွန်တော့်ဘလော့ဂ်လေးကို စတင်မွေးဖွားတဲ့နေ့တုန်းက တင်ခဲ့တဲ့ ပို့စ်လေးကို ဒီနေရာ မှာသွားဖတ်နိုင် ပါတယ်။

14 comments:

May Oo Moe said...

Happy birthday!!!

su wai said...

Happy Birthday ပါ ငါးနှစ်သား မြို့တော်လေးရေ... မြို့စားကြီးရဲ့ ပြုစုပျိုးထောင်မှုအောက်မှာ နှစ်ပေါင်းများစွာတိုင် ရှင်သန်ကြီးပြင်းနိုင်ပါစေ...:)

NangNyi said...

မွေးနေ့ဆိုတော့ မုန့်ကျွေးရတယ်လေ.. =D

Mr.Pooh @ မောင်ပွတ် said...

မြို့စားကြီး က ပျောက်ချက်သား ကောင်းနေတယ်ဗျာ။ ဘလော့မွေးနေ့ပေါင်းများစွာကို ပို့စ်ပေါင်းများစွာနဲ့ ဖြတ်သန်းနိုင်ပါစေ။

Unknown said...

ဟက်ပီဘတ်ဒေး လွတ်ကျခဲ့တဲ့မြို့တော်း)

Yan said...

ဟက်ပီးဘက်သ်ဒေးပါ မြို့တော်ကြီးရေ...
;)

Y.

htawoo said...

ဆရာရေ...
အလည်လာပါတယ်ခင်ဗျာ
လွတ်မြောက်လာတဲ့အတွက်ရော ဘလော့မွေးနေ့ အတွက်ပါထပ်တူ ၀မ်းသာရပါတယ်
ကျွန်တော်ကteenမှာ စာရေးနေသူတစ်ယောက်ပါ..
ထော်ဦး(ဘားအံကွန်ပျူတာ)
http://htawoo.blogspot.com

Ko Zey said...

5 နှစ်မှသည် နောက်နှစ်ပေါင်းများစွာတိုင် ဒီဘလော့လေး တည်တန့်ခိုင်မြဲနိုင်ပါစေ။

အမ်တီအန် said...

Happy Birthday ပါ မြို့တော်ကြီးရေ...
ကိုယ်ကျန်းမား စိတ်ချမ်းသာစွာနဲ့ လွတ်လပ်စွာ ငြိမ်းချမ်းစွာ စာတွေရေးနိုင်ပါစေ..

လရောင်ချို.... said...

fighting!!!!!!!!!!!!

Nuria 's World said...

May b matured more n more 'The City I dropped down'....Ur future will b bright n brave....u fully believe....fighting!!!!!!!!

လင်းဦး(စိတ်ပညာ) said...

HAPPY Birthday

Anonymous said...

ဆရာခင်ဗျား........ဒီလဖူးငုံမှာ ဖတ်ရတဲ့ ဆရာ့ ၀တ္ထုလေးကို သဘောကျရပါတယ်။ ဘုန်းဦးမော် ဆိုတာ နေဘုန်းလတ်မှန်းမသိခင် ဖူးငုံမှာ စာတွေရေးနေကတည်းက သဘောကျနှစ်ခြိုက်ခဲ့ရတာပါ။ ဖူးငုံမှာ ပါတဲ့ ၀တ္ထုတွေကို ဂရုတစိုက်ဖတ်ဖြစ်သလို အခုအချိန် ကျွန်တော်ကိုယ်တိုင် ဘလော့ဂါတစ်ဦးဖြစ်လာတဲ့ အခါမှာလဲ ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်ကို ၀င်ရောက်ကြည့်ရှုဖြစ်ပါတယ်။ ဆက်ပြီး ၀တ္ထုကောင်းတွေ များစွာ ဆက်ရေးနိုင်ပါစေလို့ ဆုမွန်ချွေလိုက်ရပါတုယ်ခင်ဗျာ။

Z@! said...

Happy Belated Birthday ပါ ခင်ဗျာ.
ကျွန်တော်က အကို Barcamp 2012 မှာပြောသွားတဲ့ Project ကိုစိတ်ဝင်စားပါတယ်။ ကျွန်တော်ကိုယ်တိုင် လိုက်ပြီး မကူညီနိုင်ပေမယ့် အကိုတို့အဆင်ပြေစေဖို့အတွက် Local Link တွေကိုတော့ ကျွန်တော် ချိတ်ဆက်ပေးနိုင်ပါတယ်။ အထူးသဖြင့် ရှမ်းပြည်ပေါ့။ အကိုတို့တွေ Project စရင် ပို့လာမယ့် email ကို စောင့်မျှော်နေပါတယ်