Pages

Monday, February 13, 2012

 ပြည်ထောင်စုနေ့ စတုဒီသာ

၁၂.၀၂.၂၀၁၂ ပြည်ထောင်စုနေ့က ကျနော်တို့လမ်းထဲမှာ အုန်းနို့ခေါက်ဆွဲ စတုဒီသာ ကျွေးပါတယ်။ ပြီးတော့ ကလေးတွေကို ဗိုလ်ချုပ်ပုံရင်ထိုးလေးတွေဝေတယ်။ ဘားကမ့်ရန်ကုန်ဒုတိယနေ့ရဲ့ Beercampကိုမနွှဲတော့ပဲ အိမ်ကိုအပြေးပြန်ပြီး ဓါတ်ပုံလေးတွေရိုက်ဖြစ်ခဲ့တယ် ...။ ကလေးတွေ ပြုံးပျော်နေကြ တာကို မြင်ရတာ တကယ့်ကိုကြည်နူးကျေနပ်စရာပါပဲ။ ဒီလိုမျိုး ချစ်စရာ အလေ့အထလေးတွေကို တစ်ခုချင်းစီပြန်လည်အစဖော်ကြဖို့ ကျနော်တို့အားလုံးကြိုးစားသင့်ပါတယ်။ လမ်းထဲမှာ လုပ်တဲ့ အဲဒီ့ပွဲလေးအတွက် အားတက်သရောစီစဉ်ဆောင်ရွက်ကြတဲ့သူတွေ၊ ၀ိုင်းဝန်းလုပ်အားပေးကြတဲ့ အစ်ကိုတွေ၊ အစ်မတွေအားလုံးကို ကျေးဇူးအထူးတင်မိပါတယ်။ ကျနော်ကတော့ သူတို့လို ကိုယ်ထိ လက်ရောက် ဘာမှမလုပ်ပေးနိုင်ခဲ့ပေမယ့် အလှူငွေတစ်သောင်းနဲ့ အခြားလိုအပ်တဲ့ ဗာဟီရကိစ္စလေးတွေပဲ ကူညီပေးနိုင်ခဲ့ ပါတယ်။ မြန်မာ့ယဉ်ကျေးမှုကိုဖော်ဆောင်တဲ့ အခုလိုပွဲမျိုးလေးတွေ များများကျင်းပပေးနိုင်ခြင်းဟာ ရပ်ကွက်အတွင်းချစ်ကြည်ရင်းနှီးမှုတွေတိုးလာစေရုံမကပဲ ရပ်ကွက်အတွင်းမှာရှိကြတဲ့ လူကြီးလူငယ်အားလုံး ပူးပေါင်းဆောင်ရွက်မှုစွမ်းရည်ကိုလဲ တိုးတက်လာစေနိုင်တယ်လို့ ကျနော်မြင်ပါတယ် ...။




7 comments:

လင်းဦး(စိတ်ပညာ) said...

Cheer Bro

waiwaisoe07 said...

ဲပြည်ထောင်စုနေ့ နဲ့ ညီညွတ်ခြင်း စတုဒီသာ ... :)

မောင်သီဟ said...

ပိတိဖြစ်မိတယ်
ကလေးသူငယ်လေးတွေအနာဂတ်ထွန်းပြောင်ဖို့
နိုင်ရာဏ္ဍကနေပံ့ပိုးလုပ်ဆောင်သူတိုင်းကိုလေးစားပါတယ်
ရှေ့ဆက်လျှောက်....

thiri said...

ဝမ်းသာပီတိဖြစ်ရပါတယ် ... ကိုနေဘုန်းလတ်
အုန်းနို့ခေါက်ဆွဲချက်နေရလို့ BarCamp ကိုနောက်ကျမှ လာတာလား ... BeerCamp မဆင်နွဲလိုက်ရပဲ Coconut Noodle Camp ဆင်နွဲလိုက်တာပေါ့ ...

အမ်တီအန် said...

မွန်မြတ်တဲ့ စတုဒီသာ အစီအစဉ်လေးပါ။ ဗိုလ်ချုပ်အကြောင်း မူလတန်းအရွယ် ကလေးတွေကစလို့ ဒီထက် ကျယ်ကျယ်ပျံ့ပျံ့သိအောင် ဆောင်ရွက်စေချင်လှတယ်..။

Nuria 's World said...

မွန်မြတ်တဲ့အလှူဒါနတစ်ခုပါပဲ.....နေ့ထူးနေ့မြတ်မှာလှူရတဲ့အတွက်ဂုဏ်ယူပါတယ်

mabaydar said...

စတုဒီသာကျွေးရတာ အရမ်းပျော်တယ်... ဟန်ဆောင်မျက်နှာဖုံးတွေနဲ့ အကြီးအကျယ်တွေလုပ်ပြီး နောက်ဆုံး အတင်းခုတ်ခံရတာထက်စာရင်... တကယ်ဝမ်းပမ်းတသာ ကိုယ်ကျွေးတာကို စားနေတဲ့သူတွေကိုကြည့်ရတာ ပီတိဖြစ်စရာအကောင်းဆုံးပဲ...