Pages

Sunday, September 2, 2007

ဆီမီနာကြီးတစ်ခုကျွန်တော်တို့လက်ကနေ လှလှပပကြီးလွတ်ကျသွားတယ် … ။

ဆီမီနာကြီးတစ်ခုကျွန်တော်တို့လက်ကနေ လှလှပပကြီးလွတ်ကျသွားတယ် …

အဲဒီ့နေ့က MICT Park ကို ၈နာရီခွဲလောက်ကတည်းကကျွန်တော်ရောက်နေခဲ့တယ် … ချိန်းထားတာက ၉နာရီမှပါ … ကျွန်တော်ကိုက စိတ်စောနေပြီး အစောကြီးရောက်သွားတာ။ ကိုယ့်ထက်စောတဲ့သူ တစ်ယောက်က ရှိနေတယ် … သူက စိတ်ကူး …။ ခန်းမထဲကို ခဏ၀င်ကြည့် … နောက်ဆုံးတန်းကခုံတွေကိုရှေ့နဲနဲတိုးစီခိုင်းပြီး … ကျန်တာဘာမှလုပ်စရာမရှိတာနဲ့ … Service + ကအဖွဲ့တွေကို လည်တဆန့်ဆန့်နဲ့မျှော်နေလိုက်တယ် …။ လာကြပါပြီ … ရှေ့ပြေးတစ်ဖွဲ့ … သူတို့နဲ့အတူ ကပ်ဖို့ဗီနိုင်းတွေ၊ ဝေဖို့ စာရွက်စာတမ်းတွေက ပါလာပြီ …။ အဲဒီ့ကစပြီး အလုပ်စရှုပ်ပါပြီ …။ ဗီနိုင်းတွေချိတ် … စာရွက်စာတမ်းတွေပြင်ဆင် …။ အဲဒီ့အချိန်မှာပဲ ဘလာဂေါက်ဦးဆောင်တဲ့ နောက်တစ်ဖွဲ့ထပ်ရောက်လာတယ် …။ ယူလာတဲ့ လက်ပ်တော့လေးကိုထုတ်၊ ဘလာဂေါက်ကလဲ ပါလာတဲ့ လက်ပ်တော့ကိုထုတ် … ပြီးတော့ ဒီပွဲလေးရဲ့ live blog (www.why-do-we-blog.blogspot.com) လေးကိုတင်ဖို့ ကော်နက်ရှင်တွေစစမ်းကြတယ် …။ အဲဒီ့အဖွဲ့ကို မလေးရှားကနေ တကူးတကပြန်လာတဲ့ ကိုကျော်ဇေယျ(၀ိုင်ချို) ကြီးက ဦးဆောင်တယ် …။ ဘလာဂေါက်က ဟောပြောသူတွေကို ရိုက်ဖို့ ဗွီဒီယိုကင်မရာဆင်တယ် …။

`ကိုမျက်လုံးဘယ်မှာလဲ ကိုမျက်လုံး …´

အရပ်အရှည်ဆုံး ကိုမျက်လုံးကြီးနဲ့ တိုင်းပြီးဆင်ရမယ်ဆိုလို့ လိုက်ရှာတော့ ဟိုလူက အိမ်သာထဲမှာ အ၀တ်အစားလဲနေတုန်း …။

`အခမ်းအနားမှူး … ပင့်ဂိုး … ပင့်ဂိုးမရောက်သေးဘူး …။ ´

` ဟိုမှာ … ဟိုမှာ ´

` အင် … ဘောင်းဘီရှည်ကြီးနဲ့ … ´

အဲလိုပြောလိုက်တော့ပင့်ဂိုးခမြာ ခဏပျောက်သွားပြီး ပြန်ရောက်လာတယ် … ၀မ်းဆက်နဲ့ အကြမ်းဖက်ခံဖို့ အဆင်သင့်ဖြစ်သွားတယ် …။ J

လာပါပြီဗျာ … မမီ …

`လူတောင်မှားတယ်ဗျာ …´

တကယ်တမ်းကျတော့ ဒီလူနဲ့ဒီလူ ခွေးချီသွားတာတောင်မှတ်မိတဲ့ကိစ္စကို … အဲဒီ့လို လောကွတ်ချော်တဲ့သူက ရှိသေး …။

` စလိုက်ရှိုးတွေ ပြင်ရဦးမယ် … လုပ်ပါဦး ကိုကြီးကျော်(ကိုကျော်ဇေယျ)ရဲ့ …´

`အာ … ခဏနေပဲပြောရတော့မယ် … စလိုက်ရှိုးက အခုထိမပြီးသေးဘူးလားဗျ …´

အဲဒီလိုနဲ့ အားနေလို့ ညလေးနဲ့ချက်ဖို့ပြင်နေတဲ့ကိုကျော်ဇေယျ မမီကြောင့် အလုပ်ရသွားတယ် … ။ J

ပြောမယ့်သူတွေက ကိုမောင်စစ်ရဲ့ လက်ပ်တော့ကိုသုံးမှာဆိုတော့ သူ့ကို မျှော်ရတာလည်ပင်းလဲရှည် … စိတ်တွေလဲမော …။ ဖုန်းခေါ်တော့လဲ ဖုန်းကမကိုင် … ဟူး …..။

`လာပြီ လာပြီ … ကိုစစ်လာပြီ …´

အိတ်ကြီးနှစ်အိတ်ကိုဆွဲပြီး ကိုစစ်ကြီးရောက်လာပါပြီ …။ ကွန်ပျူတာတွေထုတ် … ဖွင့်ကြည့်တော့ … အားပါးပါး … Desktop တစ်ခုလုံးဘာဖိုင်တွေမှန်းကိုမသိဘူးပြည့်နေတာပဲ … ပြီးတော့ ကြွက် ကြွက် (Mouse) လဲပါမလာဘူးတဲ့ …။ ဒါနဲ့ပဲ ကိုစစ်စက်ကိုအောက်မှာထားပြီး ကျွန်တော့်စက်ကိုပဲတင်ဖို့လုပ်ကြတယ် …။

ကော်နက်ရှင်ကလဲ အခုအထိစမ်းနေတာ အဆင်ကိုမပြေသေးဘူး …။ Myanmar Info Tech ဆိုတော့ ဒီလောက်တော့ရှိမှာပေါ့ …။ မိန်းစပွန်ဆာတွေရောက်လာတော့ ၁၀နာရီကျော်နေပြီ … သူတို့အတွက်ပေးမယ်ဆိုတဲ့ စားပွဲပေါ်မှာ ကျွန်တော်တို့ရဲ့ ကွန်ပျူတာတွေကပဲ သုံးလုံးဖြစ်နေတယ် …။ တစ်လုံးက အပေါ်ကိုတင်ဖို့အဆင်သင့်မဖြစ်သေးပဲ စလိုက်ရှိုးတွေပြင်နေတုန်း … ကျန်နှစ်လုံးက ကိုစစ်၊ ကိုတက်၊ ဇာနည်တို့ တရုံးရုံးနဲ့ ကော်နက်ရှင်စမ်းနေတုန်း …။ အဲဒါနဲ့ပဲ စားပွဲနောက်တစ်လုံး ထပ်တိုးပေးလိုက်တယ် … ။ အပြင်မှာလဲ စပွန်ဆာတွေအတွက် စားပွဲမဆန့်တာနဲ့ တစ်လုံးထပ်တိုးပေးလိုက်တယ် …။ ပရိသတ်တွေကလဲ တစ်ယောက်စနှစ်ယောက်စ နဲ့ တော်တော်များနေပြီ …

၁၀ နာရီခွဲခါနီးကျတော့ စိုးဇေယျကြီးကအနားကပ်လာပြီးပြောတယ် … နာရီဝက်ပဲလိုတော့တယ်တဲ့ … အစီအစဉ်ကို အတိအကျစမှဖြစ်မယ်တဲ့ …။ အိုကေ … စလိုက်ရှိုးတွေပြီးရင် စက်ကိုအပေါ်တင်ပြီး ပရိုဂျက်တာနဲ့စမ်းကြမယ် … ။

` ဘာညာ မလာသေးဘူးလေ …´

` အာ … ဒါဆိုလဲ ရှိတာနဲ့ပဲတင်ပြီးစမ်းလိုက်တော့ဗျာ … နောက်မှပဲ သွားထည့်လိုက်တော့မယ်´

အဲဒါနဲ့ပဲ ကိုတက်စ်နဲ့ ကိုကျော်ဇေယျ အပေါ်တက်ပြီး ပရိုဂျက်တာကိုစမ်းကြတယ် … ။ အားလုံးအိုကေ အပိုအလိုမရှိကွက်တိ … ။

၁၀နာရီ၄၅လောက်မှာ အခမ်းအနားမှူးပင့်ဂိုးရဲ့အသံထွက်လာတယ် …

` ကျွန်မတို့ရဲ့ဆီမီနာကို ၁၁နာရီတိတိအချိန်မှာစတင်မှာဖြစ်တဲ့အတွက် … တက်ရောက်လာသူလူကြီးမင်းများ နေရာယူပေးကြပါရန် လေးစားစွာပန်ကြားအပ်ပါတယ်ရှင် … ´

သူပြောတာ အဲလိုလားတော့အတိအကျမမှတ်မိတော့ဘူး … ဒါပေမယ့် အဲဒီ့သဘောအတိုင်းပါပဲ သူထပြောတယ် …။ အမှန်အတိုင်းပြောရရင် … ထင်တောင်မထင်ရဘူး … J

ကျွန်တော်တို့အချင်းချင်း လက်မထောင်ပြကြတယ် … ဂွတ်တယ်ပေါ့ …။ အစကတော့ကောင်းသွားပါပြီ …။

အဲဒီလိုနဲ့ ၁၁ နာရီမထိုးခင်လေးမှာပဲ ဘာညာလဲရောက်လာတယ် … စလိုက်ရှိုးတွေလဲအကုန်ပြီးသွားတယ် …။

၁၁ နာရီ နဲနဲအစွန်းမှာပဲ အခမ်းအနားကိုစတင်လိုက်တယ် …။

အစီအစဉ်(၁) အခမ်းအနားဖွင့်လှစ်ကြောင်းကြေငြာတယ် …

ဖြောင်း … ဖြောင်း … ဖြောင်း … ဖြောင်း … ဖြောင်း ….

အစီအစဉ်(၂) ဦးရဲမြတ်သူက အဖွင့်အမှာစကားပြောကြားပေးတယ် … လက်ခုပ်သံတွေက တရစပ် … ကင်မရာတွေများစွာကလည်း တဖျတ်ဖျတ် …။

ဘလော့ဂါတွေဟာ ဇော်ဂျီဖောင့်ကို အဓိကအသုံးပြုနေကြသူတွေဖြစ်ပြီး … အခုလိုစုစုစည်းစည်းနဲ့ ဖြစ်လာတဲ့အတွက် အရမ်းဝမ်းမြောင်ဝမ်းသာဖြစ်မိကြောင်း ပြောသွားတယ် … (၁၅) မိနစ်လောက်ပါပဲ …

အစီအစဉ်(၃) ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော်အလှည့်ရောက်လာတယ် …

လွတ်ကျခဲ့တဲ့မြို့တော်တွေကိုခဏထား ပုဆိုးကိုကျွတ်မကျအောင်သတိထားပြီး စင်ပေါ်တက်သွားလိုက်တယ် … ပြီးတော့ ထုံးစံအတိုင်းပေါ့ … မင်္ဂလာပါ ဘာညာကွိကွပြောပြီး … Slide Show လေးကိုစဖွင့်လိုက်တယ် … စလိုက်ရှိုးတွေတစ်ခုပြီး တစ်ခုနဲ့အတူ ကျွန်တော့်ပါးစပ်ကလဲ စကားလုံးတွေ တစ်ခွန်းပြီး တစ်ခွန်း ထွက်ကျလာတယ်…၊ လာရောက်ကြတဲ့ ပရိသတ်တွေရဲ့မျက်လုံးတွေထဲမှာလဲ စိတ်ဝင်စားမှုတွေကို သိုက်သိုက်ဝန်းဝန်းမြင်လိုက်ရတော့ ကျွန်တော်အားတက်သွားတယ် … ။ slide show တွေပေါ်နေတဲ့ screen ကြီးကို လက်ညှိုးထိုးထိုးပြီးပြောနေတဲ့ ကျွန်တော့်ကို မကြည့်ရက်လို့ စိုးဇေယျကြီးက လေဆာပွိုင့်တာလေးလာပေးတယ် …။ information ကိုအဓိကဇောင်းပေးပြောရတဲ့ ဘလော့ဂ်ရဲ့သမိုင်းကြောင်းလေးကို ကိုယ်သိသလောက်လေး ပြောအပြီး … နောက်ဆုံးမှာ လူငယ်တွေကို living fossil တွေမဖြစ်အောင်ကြိုးစားကြပါလို့တိုက်တွန်းပြီး … နိဂုံးချုပ်လိုက်တယ်… ။ လက်ခုပ်သံတွေလျှံထွက်အကျမှာပဲ ကျွန်တော် စင်ပေါ်ကနေဆင်းလာခဲ့လိုက်တယ် …။

အစီအစဉ်(၄) ဘာညာဘာညာက ဘာဘာညာညာတွေတက်ပြောတယ် …။ အောက်ကနေအလိုက်တသိနဲ့ ခုံခုပေးဖို့ကို ကျွန်တော်တို့အားလုံးသတိမရကြတော့ … သူ့ခမျာ … မော့မော့ မော့မော့နဲ့ပြောရရှာတယ် …။ သူပြောနေတဲ့တချိန်လုံး ကျွန်တော်လဲ … စင်ရဲ့ဘယ်နားက တဂျွတ်ဂျွတ်အသံမြည်လာမလဲလို့ နားစွင့်နေရတယ် …။ သိချင်တာရှိရင် သူ့လို အကျီင်္ဝတ်ထားတဲ့သူတွေကို မေးနိုင်ပါတယ်တဲ့ … သူ့လိုအကျီင်္ဝတ်ထားတဲ့သူက တစ်ယောက်မှ မရှိဘူးသူတစ်ယောက်တည်းဟာကိုဆိုပြီး ကျွန်တော့်အနောက်နားမှာထိုင်နေတဲ့ ဆရာအော်ပီကျယ်က နောက်တယ် …။ Service + က ၀ါရင့်ဆရာမတစ်ယောက်ပီပီ … ပရိသတ်ကိုအကောင်းဆုံးထိန်းခေါ်ဟောပြောသွားခဲ့တယ် …

ဖြောင်း … ဖြောင်း … ဖြောင်း …. ဖြောင်း ….။

အစီအစဉ်(၅) မိန်းစပွန်ဆာဖြစ်တဲ့ စုဗူးက မချိုဇင်အေး စကားတက်ပြောတယ် …

ဝက်ရုပ်ကလေးနဲ့စုဗူးလေးအကြောင်းကိုရှင်းပြတယ် … ပြီးခါနီး သူက သူလုပ်လာတဲ့စလိုက်ရှိုးလေးကိုဖွင့်အပြမှာ အသံလဲ မထွက်ဘူးတဲ့ … အသံနဲ့လုပ်လာတဲ့ဟာကိုတဲ့ … ။ အဲဒါနဲ့ MIT ကလူတွေကိုအပြေးသွားခေါ်ပေမယ့် … သူက အသံမပါပဲ သူကိုယ်တိုင်ပြောပြီးတော့ပဲ နိဂုံးချုပ်လိုက်ရတယ် …။ (နို့ … သူတို့က အသံပါပါမယ် ဆိုတာကို ကြိုမှမပြောတဲ့ဟာကို …) ။

ဒီအစီအစဉ်ပြီးတော့ … အချိန်က ၁၂နာရီနဲ့ ၁၅ မိနစ်ပဲရှိသေးတယ်။

အစီအစဉ်(၆) အားလုံးမျှော်လင့်နေကြတဲ့ အစားအသောက်အစီအစဉ် အတွက် အချိန် ၄၅ မိနစ်ပေးလိုက်တယ်…။ ကော်ဖီတစ်ခွက် မုန့်ကတစ်ခု …။ စားကြသောက်ကြ … live Blog တင်နေကြတဲ့သူတွေကတော့ မနားရဘူး … (live တင်သယောင်နဲ့ ချက်နေကြတာလားတော့မသိဘူး)၊ Jအကြီးဆုံးမုန့်ကိုရွေးမှာခဲ့ပေမယ့် … ထမင်းမစားရသေးတော့ ဘယ်လိုမှမ၀ဘူး … အဲဒါနဲ့ရေတွေပဲလှိမ့်သောက်နေရတယ် …။ တစ်နာရီတိတိမှာအစီအစဉ်ကိုပြန်စတယ် … ။ အစီအစဉ်ပြန်အစမှာ ကျွန်တော်ရယ်၊ ကိုညီလင်းဆက်ရယ်၊ ကိုမျက်လုံးရယ်က အထဲကိုပြန်မ၀င်ကြပဲ … Brake Time မှာ ပြန်ပေးထားကြတဲ့ မေးခွန်းစာရွက်တွေကို ဘယ်မေးခွန်းတွေဖြေမယ် … ဘာတွေကိုတော့မဖြေဘူး … ဘယ်မေးခွန်းကိုတော့ ဘယ်သူ့ဖြေမယ် … ဘယ်မေးခွန်းကိုတော့ ဘယ်သူ့ကိုဖြေခိုင်းမယ် … စသည်ဖြင့် ခေါင်းစားကြတယ် …။

အစီအစဉ် (၇) အရ စေတန်ဂေါ့(ကိုထိန်လင်းရွှေ) က ဘလော့ဂ်ရဲ့သဘောသဘာဝကိုပြောတယ် …။ စကားပြောနဲနဲမြန်နေတာကလွဲလို့ အားလုံးအဆင်ပြေတယ် …။

အစီအစဉ် (ဂ)ကတော့ ကြားဖြတ်အစီအစဉ်လေးအဖြစ် Service +ရဲ့ပိုင်ရှင် ကိုရဲ စင်ကာပူကနေလှမ်းပို့လိုက်တဲ့ စာကို ကိုဝေ(သတင်းစာ)က သူပြောချင်တာလေးတွေကိုပါ ပေါင်းထည့်ပြီးတက်ပြောတယ် …။ ကျွန်တော်က အဲဒီ့အချိန်အပြင်မှာ မေးခွန်းတွေပြန်ဖြေဖို့ခေါင်းစားနေလို့ သူဘာတွေပြောသွားသလဲဆိုတာတော့မသိလိုက်ဘူး ။ သူများတွေပြန်ပြောတာကြားရသလောက်တော့ …သူပြောတဲ့အထဲမှာ အရေပြား … အယားပြေ ဆိုတာရယ် … အသည်းနှလုံးက ကျွဲပုခုံးထဆိုတာရယ်လားမသိဘူး ပါတယ်ဆိုပဲ … J

အစီအစဉ် (၉) မှာ နာမည်ကျော် သတင်းထောက်ကြီးစိုးဇေယျက တက်ရောက်လာသူတွေထဲကို မိုက်တစ်လုံးနဲ့ဝင်ပြီး ဗျူးတဲ့ အစီအစဉ်ပေါ့ …။ သူမေးတာတွေက အမေးခံရတဲ့သူတွေက ဒီလူမဖြေရင်ထိုးမယ့်ရုပ် လို့စဉ်းစားမိလို့လားမသိဘူး … မေးသမျှကိုသေသေချာချာလေးဖြေပေးကြတယ် …။ ခမ်းမကျယ်ကြီးထဲမှာ သတင်းထောက်ကြီး ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်နဲ့ … နဲနဲဟောဟဲဆိုက်သွားတယ် …။ ဒီလိုနဲ့ပဲ

အစီအစဉ် (၁၀)ကိုရောက်လာတယ် … မမီ … စင်ပေါ်ရောက်ရောက်ခြင်း ပရိသတ်တွေများလွန်းလို့ရင်တောင် ခုန်သွားတယ် ဆိုတဲ့စကားလုံးနဲ့ အားလုံးကိုစချုပ်လိုက်တယ် …။ ပြီးတော့စပြောတယ် … ဘလော့ဂ်တွေရဲ့ ကောင်းကျိုးဆိုးပြစ်တွေအကြောင်းကို Screen Shot တွေ ဝေေ၀ဆာဆာနဲ့ ဘလော့ဂါတွေ တကယ်ပိုက်ဆံရတာမရတာအပထား အားလုံးကို သရေကျအောင်ပြောသွားတယ် …။ သေချာတာတော့ ပြောသွားတဲ့အထဲမှာ မမီအကြာဆုံးပဲဆိုတာပါ …။

ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း

အစီအစဉ် (၁၁)ကတော့ ကိုမျက်လုံးပါ …။ အားလုံး အမြင်ကြည်လင်စေဖို့ ကိုမျက်စဉ်းကိုသုံးကြပါစို့ … လို့ပြောမယ်ကြံပြီးကာမှ သူ့သားလေးမျက်နှာနဲ့ပင့်ဂိုးက ချမ်းသာပေးလိုက်တယ် …။ ကိုမျက်စိကြီးစပြောပါပြီ … ဒီတစ်ခါတော့ သူများပြောတာတွေကို ခေါင်းလိုက်လိုက်ညိတ်နေတဲ့ ကိုမျက်စိ သူပြောတာတွေကို အောက်က ပရိသတ်တွေက ခေါင်းညိတ်ညိတ်ပြနေတာနဲ့ ကြုံလိုက်ရတယ် …။ သူက မြန်မာဘလော့ဂါတွေရဲ့ နောက်ထပ်သော ခြေလှမ်းတွေဖြစ်တဲ့ portal နဲ့ စာအုပ်အကြောင်းကိုပြောတယ် …။

အစီအစဉ်(၁၂) အနေနဲ့ ကိုမျက်လုံးကြီး … ဘလော့ဂ်တစ်ခုကိုလုပ်ပြတော့မယ်လဲဆိုတော့ … ပရိသတ်ထဲက လူတော်တော်များများက စာအုပ်လေးတွေထုတ်ပြီး စိတ်ဝင်တစားလိုက်မှတ်ကြတာကိုတွေ့ရတယ် …။

ကိုမျက်လုံးပြီးတော့ အစီအစဉ် (၁၃) ပရိသတ်များမေးမြန်းထားသည်များကိုပြန်လည်ဖြေကြားခြင်းအစီအစဉ်။

အခမ်းအနားမှူးကဖိတ်ခေါ်တာနဲ့ ကျွန်တော်လဲ ကျွန်တော်ဖြေရမယ့်မေးခွန်းစာရွက်လေးတွေကို ကိုင်ပြီး ဒုတိယအကြိမ် စင်ပေါ်ကိုထပ်တက်လိုက်တယ် …။ မေးခွန်းတွေကိုဖြေနေချိန်မှာပဲ ကိုဖြိုးကစာရွက်လေးတစ်ရွက်လာပေးတယ် … ဆရာအော်ပီကျယ်ကရေးပေးလိုက်တာ … သူ့လက်မှတ်ကလေးနဲ့ … မေးခွန်းတွေများသည်ဟုထင်ပါသည် တိုတိုဖြေသင့်သည်ဟုထင်ပါသည် … တဲ့ …။ ဟုတ်တော့လဲ ဟုတ်တယ် … မေးခွန်းတွေ ဒီလောက်တက်လာလိမ့်မယ်လို့ ကျွန်တော်တို့လဲထင်မထားခဲ့ … ပရိသတ်ကလဲ ကျွန်တော်ဖြေပေးနေတာကို စိတ်ဝင်တစားနားထောင်နေကြပေမယ့် ကျွန်တော်ဗိုက်ဆာနေကြသလို သူတို့လဲ ဆာနေကြမှာပဲလို့ တွေးလိုက်မိတယ် … ။ အဲဒါနဲ့ပဲ တိုတိုတုတ်တုတ် ထိထိမိမိဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားပြီး မေးခွန်းတွေကိုဖြေပေးလိုက်တယ် …။ ကျွန်တော်ဖြေအပြီးမှာ ကိုညီလင်းဆက်ကိုထပ်မံဖိတ်ခေါ်လိုက်တယ် … သူလဲ မေးခွန်းလေးတွေကို ပါးပါးနပ်နပ်နဲ့ ဖြေပေးသွားခဲ့တယ် …။ ပြီးတော့ Technical ဆိုင်ရာမေးခွန်းအချို့ကိုဖြေဖို့ စေတန်ဂေါ့ဒ် တက်လာတယ် … သူလဲ လိုရင်းကို မြန်မြန်လေးပဲဖြေပေးသွားတယ် …။ ပြီးတော့ စုဗူးနဲ့ပတ်သက်တဲ့မေးခွန်းတွေကို မချိုဇင်အေးကပဲတက်ဖြေပေးသွားတယ် …။

အားလုံးမျှော်လင့်စောင့်စားနေကြတဲ့ အစီအစဉ်(၁၄) ကိုရောက်လာခဲ့ပါပြီ …။ အချိန်ကလဲ ၄နာရီကို နဲနဲစွန်းနေပါပြီ။ ကံစမ်းမဲအစီအစဉ်စပါပြီ … ကံစမ်းမဲနှိုက်ပေးကြမယ့် MBS အဖွဲ့သားအချို့စင်ပေါ်ကိုတက်လာကြပါပြီ …။

တီရှပ်တွေ၊ ဘလော့ဂ်လုပ်နည်းသင်တန်းတွေ၊ အင်တာနက် ၁၀နာရီသုံးစွဲခွင့်ကဒ်တွေ၊ နောက် 512 memory stick တစ်ချောင်း ၊ 1G memory stick တစ်ချောင်းတို့ကို ဦးရဲမြတ်သူ၊ စင်ကာပူကဘလော့ဂါ ကိုဝေယံလင်း၊ မလေးရှားကဘလော့ဂါ ကိုကျော်ဇေယျ ၊ ကိုတက်စလာ၊ ကိုစစ်အိမ်၊ မဘာညာ စသူတွေက မဲနှိုက်ပြီး ပရိသတ်ထဲက မဲပေါက်သူတွေကို လက်ဆောင်ပစ္စည်းတွေပေးအပ်ခဲ့ကြတယ် …။ ဇင်ကိုလတ်ရဲ့ဦးလေးက စပို့ရှပ်တစ်ထည်မဲပေါက်သွားတယ် …။ ရှားရှားပါးပါး တီရှပ်ပဲလားမသိဘူး မဲပေါက်တဲ့သူကို ကျော်ဇေယျလို့အခေါ်မှာ နှစ်ယောက်ထထွက်လာတယ် … အဲဒါနဲ့ မှတ်ပုံတင်စစ်ကြည့်ပြီး မှန်တဲ့သူကရသွားလို့ … တစ်ယောက်က လှည့်ပြန်သွားရတယ် …။ အဲဒီ့လှည့်ပြန်သွားတဲ့ ကိုကျော်ဇေယျပေါ့ 512 memory stick လဲမဲဖောက်ရော … သူ ပေါက်သွားတယ် …။ ကံထူးပါပေး ကိုကျော်ဇေယျရယ် …။ မလေးရှားကဘလော့ဂါကြီး ကိုကျော်ဇေယျကလဲ သူ့နာမည်ပါဆိုပြီး အဲဒီ့ 512 memory stick ကိုအတင်း သွားလုမယ်လုပ်နေလို့ ၀ိုင်းဆွဲထားရသေးတယ် …။ J

အားလုံးပြီးဆုံးသွားပါပြီ …

အစီအစဉ် (၁၅) စီမီနာကြီး အောင်မြင်စွာပြီးဆုံးကြောင်းကြေငြာအပ်ပါသည်တဲ့ …။

ဖြောင်း … ဖြောင်း … ဖြောင်း … ဖြောင်း … ဖြောင်း … ဖြောင်း … ဖြောင်း …. ဖြောင်း … ဖြောင်း … ဖြောင်း … ဖြောင်း … ဖြောင်း ….

အဲဒီ့လက်ခုပ်သံတွေထဲမှာ မြန်မာဘလော့ဂါတွေအားလုံးရဲ့ အဖြူရောင်ပျော်ရွှင်မှုတွေပါတယ် …။ အခက်အခဲတွေများစွာကိုကျော်ဖြတ်နိုင်ခဲ့တဲ့အတွက် အားရကျေနပ်မှုတွေပါတယ် …။ ပင်းပန်းနွမ်းနယ်မှုတွေကြားထဲက ပေါ့ပါးလန်းဆန်းမှုတွေပါတယ် …။

အခုမှပဲ ရင်ထဲက အလုံးကြီးကျသွားတော့တယ် …။ ခန်းမတစ်ခုလုံးအပြည့် တက်ရောက်အားပေးကြတဲ့ ပရိသတ်ကြီးကိုကြည့်ပြီးတော့လဲ ပီတိတွေဖြစ်ရတယ် …။ အစီအစဉ် (၁၆) နဲ့ (၁၇) အကြောင်းကိုတော့ နောက်တော့မှပြောပြတော့မယ် … ။

ကျွန်တော် မြန်မာဘလော့ဂါတစ်ယောက်ဖြစ်ရတာကို ဂုဏ်ယူပါတယ်ဗျာ …။

23 comments:

Zin Ko Latt said...

ကောင်းတယ်ကွာ...အရေးအသားကတော့...အစီအစဉ်တစ်ခုလုံးကို အောက်က ထိုင်ကြည့်နေရသလို ခံစားရတယ်။ အောင်မြင်မှုတွေရဲ့ နောက်ကွယ်က မင်းတို့ရဲ့ ပီတီတွေကို အတူတူ နွေးထွေးစွာ ခံယူလျှက်ပါကွာ။

နှင်းမိုးဝေ said...

no

နှင်းမိုးဝေ said...

မြို့ဇားဂျီးတယ် .. တောင်းယိုက်တာတွ .. ရေးချက်ကလန်ထွက် ..
မြန်မာဘလော့ဂါတစ်ယောက်ဖြစ်ရတာကို အနှင်းလည်း ဂုဏ်ယူပါတယ်ဗျာ ..

ညီညီ(သံလွင်) said...

ဖြောင်း ဖြောင်း ဖြောင်း.. စင်္ကာပူကနေ ငါလည်း လက်ခုပ်တီးလိုက်တယ်.. ဂုဏ်ယူပါတယ် ဆရာနေဘုန်းလတ် (သို့) လွတ်ကျခဲ့တဲ့ မြို့စားငါး

pandora said...

ဝေး. နေဘုန်းလတ်ရေ ဖတ်လို့ကောင်းလိုက်တာ အခန်းအနားကို မလာနိုင်သူတွေအတွက် အခုလို သေသေချာချာ သရုပ်ဖော်ရေးသွားပေးတာ ကျေးဇူးပဲ။
ဂုဏ်ယူပါတယ်။

demo said...

လွတ်ကျတဲ့မြို့တော်ကြီးရေ..
လှလှပပ လွတ်ကျသွားတဲ့ ဆီမီနာ ကြီးအတွက် ဂုဏ်ယူပါတယ်..
တကယ် ဆီမီနာကို ကိုယ်တိုင်တက်နေရသလို ခံစားရပါတယ်..
အရေးအသားကလည်း မိပါ့... ရယ်လည်း ရယ်နေရတယ်.. ဒီမို တို့လည်း cbox ထဲကနေ အားပေးနေပါတယ်..
ဒီပို့စ် အတွက် ကျေးဇူးပဲ.. ဖြောင်း... ဖြောင်း... ဖြောင်း...

နောက်ဆက်တွဲ အစီအစဉ် (၁၆) နဲ့ (၁၇) အကြောင်းကို စောင့်မျှော်လျှက်...

မောင်လှ said...

ရေးချက်တွေကို ခိုက်သွားပြီဗျာ...

kzy1980 said...

ဆီမီနာ တင် လွတ်ကျခဲ့တာ မဟုတ်သေးဘူး ထင်တယ်...
နောက်ထပ် လွတ်ကျခဲ့တာရှိသေးတယ်လေ...
အဲဒါကို ကျတော့ ထည့်မရေးဘူး....

နေဘုန်းလတ် said...

ဟုတ်ပါ့ ကိုကျော်ဇေယျရေ ... အဲဒီ့နေ့က ကျွန်တော့် Thumb Drive လေးလွတ်ကျသွားခဲ့တယ် ... တော်သေးတာပေါ့ ကိုမျက်လုံးကြီး ကောက်သိမ်းပေးထား လို့ ... :-)

Yan said...

ဖြောင်းဖြောင်းဖြောင်းဖြောင်း…

တကယ်ကိုလှပတဲ့ရေးသားချက်တွေပါပဲ. ကိုယ်တိုင် Seminar ကိုရောက်သွားသလို ခံစားလိုက်ရတယ်. ရင်တွေတောင်ခုန်သွားတယ် .ဟတ်ဟတ်ဟတ်

Aquarius said...

အရေးအသားအရမ်းကောင်းပါတယ်။
အစီအစဉ် ၁၆ နဲ့ ၁၇ ကိုဆက်လက်အားပေးပါဦးမယ်။

တပြည်သူ အိမ့်ချမ်းမြေ့ said...

5*

s_potato said...

ရောက်အောင် ကြိုးစားခဲ့ပေမယ့် မရောက်ခဲ့လို့ ဒီပို့စ်ဖတ်ပြီး ဖြေသိမ့်လိုက်ပါတယ်

Wai Phyo K said...

လှပဗျာ။ ကျွန်တော် အချိန်မှီ ပြန်မရောက်လိုက်လို့ လွတ်သွားပြီထင်တာ။ အခုလို တိတိပပ ဖတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်ဗျာ။ ..

-W

Layma said...

ကိုနေဘုန်းလတ် လွတ်ကျခဲ့တဲ့ ဆီမီနာကနေ လေးမ အများကြီး …ကောက်ရခဲ့ပါတယ်…လွှတ်ချပေးလိုက်တာ ကျေးဇူးတင်ပါတယ်… လေးမရဲ့ ဘလော့ခ်ကို အစက ကောက်ရခဲ့တဲ့ ဘလော့ခ် လို့  နာမည်ပေးမလို့ …ကိုနေဘုန်းလတ် အော်မှာကြောက်လို့ …. :P

Anonymous said...

congratulation for your success !
cyberluv

နေဘုန်းလတ် said...

မအိမ်ခြံမြေက အခုထိကြယ်တွေပေးလို့မပြီးသေးဘူးဟ ...
သူငယ်ချင်းတွေအားလုံးရဲ့ ကွန့်မန့်တွေကိုမြင်လိုက်ရတာ တကယ်ကို အပင်ပန်းခံပြီးရေးပေးရကျိုးနပ်ပါတယ်ဗျာ ...

hninhnin said...

စိတ်ထဲ ကျေနပ်မှုအပြည့် ခံစားရတယ်။ အားပါးတရကို ဖတ်သွားပါတယ်။ အောင်မြင်တဲ့ ဘလော့ဂါတစ်ယောက်ပါပဲ။ စာအုပ်ဖြစ်ပြီဆိုတဲ့အခါကျရင်တော့ ပွဲလုပ်ဦးမယ်ထင်တယ်။ အဲဒီကျရင်တော့ လာဖစ်ြအောင် လာချင်တယ်။ တနင်္ဂနွေနေ့ဆိုရင်တော့ အဆင်အပြေဆုံးပေါ့။ အခုလိုရေးထားတာတွေ ဖတ်ရတော့ ကိုနေဘုန်းလတ်ပြောသလို ကိုယ့်ကိုယ်ကိုယ် မြန်မာဘလော့ဂါတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူမိသွားတယ်။

Mr.Pooh said...

အစ်ကို - ကျွန်တော်တို့ အားလုံးအားနဲ့ စခဲ့တယ်။ အားလုံးအားနဲ့ပဲ အခမ်းနားဆုံး လုပ်ဆောင်နိုင်ခဲ့ပြီ။ MBS ရဲ့ ပွဲဦးထွက်ဟာ တကယ့်ကိုပဲ လှလှပပ လွတ်ကျခဲ့ပါတယ်။ အားလုံးစုစုစည်းစည်းနဲ့ ဒီလိုအကျိုးရှိပြီး ပျော်ရွှင်စရာကောင်းတဲ့ အစီအစဉ်လေးတွေ ဆက်လက်ကျင်းပနိုင်ပြီး ကျင်းပတိုင်းလည်း အခုလိုပဲ အားလုံးပါဝင်နိုင်ခွင့်ရပါစေလို့ ကျွန်တော် ဆုတောင်းတယ်။

မျှားပြာ said...

ကိုယ်တိုင်ရောက်နေသလို ခံစားလိုက်ရပါတယ်
ဝမ်းသာပါတယ် အစ်ကိုေ၇
ခုလို အောင်မြင်တဲ့ အတွက်

Nhni Pwint Phyu Lay said...

ဆီမီနားမှာ ကိုယ်တိုင်လာပြီးအားပေးရသလိုပဲ....
နောက်များမှာ ကြုံကြိုက်ရင် လာအားပေးပါမည်..
ဖိတ်စာ သာပို့လိုက်... ဟီးဟီး
posted အားလုံးလိုလိုကိုကြိုက်တယ်.... ကျွန်မလည်း blogger ကောင်းဖြစ်အောင်ကြိုစားပါဦးမည်။

sisain said...

Remarkable post

sisain said...

Remarkable post