Pages

Friday, April 27, 2007

နောက်ဆုံးသောည



နောက်ဆုံးသောည


သီချင်းဆိုချင်တယ်
အဲဒီ့စိတ်တစ်ခုနဲ့ ဂစ်တာလေးရင်ခွင်ထဲအရောက်
လက်တွေက ...
အလွတ်ရနေပြီးသားကော့ဒ်တွေကို ဖမ်းထောက်ကြတယ်
အလွမ်းရဲ့ည ... တဲ့။

သိုက်သိုက်ဝန်းဝန်းပါပဲ
ငါနဲ့ ငါ့ရင်ခုန်သံအစစ်တွေ
မိုးစက်တွေအောက်မှာ တဖျစ်ဖျစ်လောင်ကျွမ်း
အဲဒီ့ညနေတစ်ခုလုံး
ငါလွမ်းနေတာ ...
အစိမ်းရောင်တွေရင်တစ်ခွင်လုံးလွှမ်းလို့ ...။

မနက်ခင်း ...
နေကပေးတဲ့အရောင်နဲ့လင်းလာတယ်
လဲ့လဲ့စင်စင်ပါပဲ
ငါ မမြင်တော့တာကလွဲရင်ပေါ့ ...။ ။

နေဘုန်းလတ်


စိတ်တွေအရမ်းမွမ်းကျပ်လာတဲ့အခါမျိုးမှာ ဒီကဗျာလေးထဲကအတိုင်း မိုးရွာကြီးထဲ ဂီတာထိုင်တီးချင်မိတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့လဲ မလုပ်ဖြစ်ပါဘူး။ ဘယ်လောက်ပဲ စိတ်ညစ်စရာတွေနဲ့ကြုံကြုံ ဘ၀တစ်ခုအပေါ် ပုံသဏ္ဍာန်တစ်ခုခုနဲ့ ကျွန်တော်ညိတွယ်မိနေဆဲလေ။

7 comments:

Unknown said...

ဖြောင်း . . . ဖြောင်း . . .ဖြောင်း . . . (ကဗျာကို ကြိုက်လို့ အားပေးတဲ့လက်ခုပ်သံတွေပါ။)

NayPhoneLatt said...

ဟီး ဟီး ငါ့သူငယ်ချင်းကြီးပဲ အားပေးမယ့်သူရှိတယ် ...

ညီညီ(သံလွင်) said...

“ငါနဲ့ ငါ့ရင်ခုန်သံအစစ်တွေ
မိုးစက်တွေအောက်မှာ တဖျစ်ဖျစ်လောင်ကျွမ်း”

အဲဒီ စာကြောင်းလေး မိုက်တယ်.. ငါလည်း အားပေးပါတယ်ကွ..

Tesla said...

ကဗျာလေးက လဲ့လဲ့စင်စင်လေးပါ ကျနော်လည်း အားပေးပါတယ်- ခေါင်းစဉ်က မြုတ်ကွက်နဲ့လားဗျ- နောက်ဆုံးည ဆိုတာကို ရောရောထွေးထွေး ရှိနေတယ်- လွတ်ချလိုက်တဲ့ည လား လွတ်ကျသွားတဲ့ညလား ဘ၀ရဲ့နောက်ဆုံးညလား လား လား...

NayPhoneLatt said...

ဂီတာလေးတစ်လုံးကိုပိုက်ပြီး မိုးရွာကြီးထဲမှာ ကောင်လေးတစ်ယောက် နောက်ဘ၀တစ်ခုကိုရောက်သွားတယ်။ သူမသွားခင် သူ့ရဲ့ခံစားချက်တွေကို သီချင်းလေးတစ်ပုဒ်အဖြစ်နဲ့ လွတ်လွတ်လပ်လပ် သူဆိုညည်းသွားခဲ့တယ်။

Nayi Min Khin said...
This comment has been removed by the author.
Nayi Min Khin said...

"ငါလွမ်းနေတာ
အစိမ်းရောင်တွေရင်တစ်ခွင်လုံးလွှမ်းလို့"
ပထမတော့ ဒီစာသားက ဘာကိုဆိုလိုလဲဆိုတာ မသိခဲ့ဘူး။ အခုမှပဲ သိတော့တယ်။ :)