Pages

Monday, November 10, 2008

ငါ့ စိတ်ဓါတ်နှင့် အနုပညာ


လူကိုသာ အကျဉ်းချလို့ ရမယ်၊ စိတ်ဓါတ်နဲ့ အနုပညာကို ဘယ်တော့မှ ချုပ်နှောင်လို့ မရဘူး . . . ။

နေဘုန်းလတ်

107 comments:

ညီညီ(သံလွင်) said...

သူငယ်ချင်း... မင်း ဘယ်ပဲရောက်ရောက် ငါတို့နဲ့ အတူ မင်းရှိတယ်.. သံလွင် စီးဆင်းသရွေ့ သံလွင်အိပ်မက်ကို အတူတကွ မက်ကြမယ်..။

Unknown said...

အရင်ကတော့ မင်းဟာ သူငယ်ချင်းဖြစ်တယ်။ အခုတော့ မင်းဟာ သူရဲကောင်းဖြစ်တယ်။ မင်းရဲ့ စိတ်ဓါတ်နဲ့ အနုပညာကို လေးစားတယ်။ ပြီးတော့ ငါတို့ ပြန်ဆုံကြမယ့် နေ့ကို လက်ချိုးရေရင်း . . .

Anonymous said...

Really feel sorry to hear that.

Htut2

Mr.Pooh @ မောင်ပွတ် said...

အစ်ကို ခံစားရသလို၊ အစ်ကို့မိသားစု ခံစားနေရသလို ကျွန်တော်တို့အားလုံးလည်း ထပ်တူခံစားရပါတယ်။ အားတင်းထားဗျာ ... အားလုံးက အတုယူလေးစားရတဲ့ နေဘုန်းလတ်ဆိုတာ ကျွန်တော်တို့နဲ့အတူ အမြဲရှိနေဆဲပါ။

cza said...

တစ်ခုခု ဖြစ်သွားပြီပေါ့.. ဘာလို့ သူ့နာမည်နဲ့ ပို့စ်တက်နေတာလဲ... ဘာဖြစ်သွားတာလဲ

ငါယုံကြည်ရာ ငါ့ကမ္ဘာ said...

ကိုနေဘုန်းလတ်ရေ
သံလွင်ရဲ့အမာခံပရိသတ်တစ်ဦးမို့ အစ်ကို့ရဲ့စာတွေကို ဖတ်ဖူးပါတယ်။ “လူကိုခွေးသတ်လေခြင်း” လို့ပြောလိုက်ရင် အတိတ်မကောင်းသလိုများ ဖြစ်သွားမလား။ ဒါပေမယ့် ရင်ထဲမှာ ဒီလိုပဲခံစားနေရလို့ပါ။ ညီမတို့ရဲ့ တွေးခေါ်တတ်တဲ့ စိတ်ဓါတ်ကိုသတ်နေကြတယ်။ အတွေးအခေါ်တွေ တုံးသွားအောင်လုပ်နေကြတယ်။ မျိုးဆက်သစ်လူငယ် တွေကို လက်ဘက်ရည်ဆိုင်နဲ့ အရက်ဆိုင်မှာ အချိန်မဖြုန်းဘဲ အမှန်တရားအတွက်လုပ်နေရင် သူတို့နဲ့ရန်သူဖြစ်သွားပြီ။ အစ်ကိုနဲ့အတူ ဒီအမှန်တရားတိုက်ပွဲကြီးမှာ ပါဝင်နေတဲ့သူတွေအားလုံးအတွက်၊ ညီမတို့မြန်မာနိုင်ငံရဲ့ မျိုးဆက်သစ်လူငယ်များအားလုံးအတွက် ဆုတောင်းပေးလိုက်ပါတယ်။ အရေးတော်ပုံအမြန် အောင်မြင်၍ တပ်မတော်ကိုခုတုံးလုပ်နေတဲ့ လူသားစားခွေးများကျဆုံးပါစေ။

နိုင်းနိုင်းစနေ said...

ကျန်းမာရေးကို ဂရုစိုက်ပါ
အခုချိန်မှာ ဒါပဲ မှာချင်ပါတယ်..
ဝမ်းနည်း စိတ်မကောင်းစွာဖြင့်

shanglawt said...

သူရဲကောင်းတွေ သွား၇ာလမ်းဟာ ချောမွေ့ခြင်းတွေ မ၇ှိလှပါဘူး။။။

Nay Phone Latt ဆိုတဲ့ နာမည်တစ်လုံး...
Blogger တွေကြားမှာ
လေးစားထိုက်စွာ
ထာဝရ တည်ရှိနေမှာပါ...

အမြန်ဆုံး ပြန်လည်လွတ်မြောက်လာပါစေ......

L'etranger said...

ငါမပြောတတ်တော့ဘူး
ပြောတတ်လည်း မပြောဘူး
ဘယ်လောက်ကြာမယ် ဘာတွေဖြစ်မယ်ဆိုတာထက်
မင်းပြောတဲ့ မနက်ဖြန်ဆိုတာကို ငါဆက်စောင့်နေမိတယ်
ကိုဖြိုး

Anonymous said...

လေးစားပါတယ်နေဘုန်းလတ်...
သမိုင်းဆိုတာစကားပြောတတ်တယ်...
တရားမှတ်ပါ...........
အရှုံးထဲကအမြတ်ရအောင်ယူပါ

Anonymous said...

မင်းဟာ အားလုံးရဲ့ သူရဲကောင်းပါ။ကမ္ဘာမကျေဘူးဟေ့ ။

Anonymous said...

မင်းဟာ အားလုံးရဲ့ သူရဲကောင်းပါ။ကမ္ဘာမကျေဘူးဟေ့ ။

ကိုငယ် said...

တရားမှုပျောက်ဆုံးနေတဲ့ ငါတို့ နိုင်ငံမှာ မင်းရဲ့
နုပျိုမှုသက်တမ်းတစ်ခုကို စတေးလိုက်ရတဲ့အတွက်တော့ ၀မ်းနည်းမိတယ်။ ဒါပေမယ့် စွန့်ရဲတဲ့သူတွေ များများလိုနေတဲ့ ဒီစနစ်ဆိုးကြီးထဲမှာ စွန့်ရဲတဲ့သူမင်းအတွက် ဂုဏ်ယူတယ်.. သူငယ်ချင်း..။ သူငယ်ချင်း...အာဏာရှင်၊အာဏာရူးတွေ လက်ထက်မှာ နိုင်ငံရေး( နိုင်ငံ အတွက်၊ ပြည်သူအတွက်) လုပ်တဲ့သူတွေတိုင်းဟာ ထောင်နံရံနဲ့ မကင်းပါဘူး...ပါးပါးလုပ်လုပ် ထူထူလုပ်လုပ် မျက်စောင်းထိုးစောင့်ကြည့်ခံရတာ သဘာဝပဲလေ..
ဒါပေမယ့် နှစ် ၂၀ ဆိုတာက နဲနဲပြင်းတယ်...

My Native Land said...

သူငယ်ချင်း.. နေကောင်းအောင်နေကွာ..
မင်းဟာ သူရဲကောင်းစိတ်နဲ့ သမိုင်းစာမျက်နှာ တွေရေးနေတာပါ။ နောင်တစ်ချိန် ငါတို့တိုင်းပြည်ရဲ့ သမိုင်းစာအုပ် တွေထဲမှာ မင်းအကြောင်းကို နောင်လာနောက် သားတွေဖတ်ကြလိမ့်မယ်။ မင်းပြောသလို..........
"တနေ့နေ့ပေါ့…
တိမ်ညစ်တို့ ဖရိုဖရဲ
မိုးစက်တွေ စဲမယ့် တစ်နေ့
ငြိမ်းချမ်းခြင်းရဲ့ ရှေ့မှာ
ငါတို့ ပြန်တွေ့ကြမယ်။ ။"
သူငယ်ချင်း..

Tesla said...

(((((( တောက် )))))).. ဒါ.. လူ့ပြည်ကော ဟုတ်ပါရဲ့လား....

Unknown said...

KO Nay Myo,
Really feel sorry to hear this news.It is not fair for you, we know. Truth will come oneday. Be courage & Strong enough for 20 years. ALl the world know about "you did good things to your country". We really appreciate you. Take care of yourself!You are the hero for the truth. May God Bless you!

dare2fight said...

Ko Nay Phone Latt,

They can keep your body in prison but they cannot keep your spirit.

You will always be a hero in our heart.

:'(

Andy said...

One day, history will prove.

A random thoughts of a Burmese man said...

အားတင်းထား သူငယ်ချင်း...အားတင်းထား..
တစ်နေ့တော့ အမှန်တရားဆိုတာ တို့အတွက်ပါ...
မင်းနဲ့အတူ ငါတို့ ရှိနေမှာပါ....

လင်းလက်ကြယ်စင် said...

စိတ်မကောင်းမှုအတွက် ပြောစရာ စကားလုံးမရှိတော့ပါဘူး။ ကျန်းမာရေးကို ဂရုစိုက်ပါ။ ခိုင်မာထက်သန်သော စိတ်ဓာတ်ဆိုတာ ဘယ်လို အာဏာရှင်ကမှ ပိတ်လှောင်ထားလို့မရပါဘူး။

ကေဇီလင်း said...

ကိုနေဘုန်းလတ်ရေ
ဖော်မပြတတ်အောင်ကို ၀မ်းနည်းမိတယ်။ တိုးတက်တဲ့ လူငယ်တွေကို အညွန့်ချိုးတဲ့ နအဖ စစ်ခွေးများ အမြန်ဆုံးကျရှုံးပါစေ။ ပြည်သူများအောင်ပွဲအမြန် ရရမည်။
အကို မြန်မြန်ပြန်လွတ်လာပါစေ။

ကလူသစ် said...

(((((((((((( တောက် )))))))))))))))

eyepop21 said...

ကိုနေဘုန်းလတ် ..
တကယ်ကိုလေးစားခြင်းနဲ့ ..စိတ်မကောင်းခြင်း ပြည့်နှက်နေ တယ် ..
စစ်အာဏာရှင်တွေကျဆုံးတော့မယ့်အချိန်နီးပါပြီဗျာ..
ခင်ဗျားမိသားစုနဲ့ထပ်တူခံစားရပါတယ် ..
လူကိုခွေးသတ်လေခြင်း ..ဗျာ ..
တောက် ... ရိုင်းလိုက်တဲ့သမိုင်း ....
HOPING FOR THE FREEDOM OF OUR'S LAND ..
WE R NEVER GONNA GIVE UP TO THESE DAY ..

Unknown said...

စကားလုံးတွေ မရှိတော့ဘူးဗျာ....ရက်စက်လိုက်
ဲကြတာ....

VIRATHU said...

ကိုနေဘုန်းလတ်
ကျွန်တော်တို့လဲ ခင်ဗျားမိသားစုနဲ့အတူ ထပ်ထူထပ်မျှခံစားရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားဟာ သူရဲကောင်းတစ်ယောက်ပါ။ အခုဆိုရင် စစ်အာဏာရှင်တွေဟာ ခင်ဗျားတို့လို နိုင်ငံ့သူရဲကောင်းတွေကို ခင်ဗျားလိုပဲ အကျဉ်းချ ထောင်ဒဏ်တွေ ကျခံနေရတယ်။ ကျွန်တော်တို့ဟာ ခင်ဗျားတို့နဲ့အတူ ရှိတယ်ဆိုတာကို ပြောချင်ပါတယ်။

VIRATHU said...

ကိုနေဘုန်းလတ်လို နိုင်ငံသူရဲကောင်းတွေကို သူရဲကောင်းလို မြင်ကြတဲ့ အမိမြန်မာနိုင်ငံသူနိုင်ငံသားများ၊ သူ့သူငယ်ချင်းများကို ပြောချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သူ့ဘလော့လေး ဆက်လက်ရှင်သန်အောင် ဆွေးနွေးခန်းသဖွယ် ဒီမှာ ကွန်မန့်များ လာရေးကြဖို့ တောင်းပန်ပါတယ် ခင်ဗျား။

Naung Lay said...

သူငယ်ချင်း နေမျိုးကျော်
ငါတို့ YIT တတ်တုန်းက မင်း စာအုပ် တွေ မှာ ရေးနေကြ စာလိုပေါ့ ကွာ.....

" အာဇာနည်မျိုး သေမျိုးမရှိ ။ "

မင်း သူငယ်ချင်း
SN

Moe Cho Thinn said...

ဒီလိုမျိုးအဖြစ်တွေ အများကြီးကြုံခဲ့၊ ကြုံဆဲ မြန်မာပြည်ကြီးပါ။ ကြုံရအုံးမယ်လို့ မပြောရအောင် အပြင်ကလူတွေ အများကြီး ညီညီညွတ်ညွတ် ကြိုးစားကြရမှာပါ။
စိတ်ကျန်းမာအောင်၊ လူကျန်းမာအောင် နေထိုင် ဂရုစိုက်စေချင်ပါတယ်။ ရှေ့ဆက်ရမဲ့ တိုက်ပွဲတွေအတွက် တောင့်ထားပါအုံး။
သူရဲကောင်းတယောက်ကို အလေးအမြတ် ပြုလိုက်ပါတယ်။
သစ္စာဖြင့်
မိုးချိုသင်း

ဇဝါ said...

brother Nayphonelatt, u r hero for our country. God know u work is right. History will prove. Be smart.

Maharburma said...

ညီလေးရေ

ကိုယ်ချင်းစာတယ် အရမ်း ၀မ်းနည်း ဒေါသဖြစ်တယ်။
ဒါပေမဲ့ ငါတို့ တစ်နေ့  တူ ဘ၀ကို ရမှာပါ။
အဲဒီနေ့ ကျရင် ------
အဲဒီနေ့ ရောက်အောင် ငါတို့  အားလုံး လက်တွဲညီညီ ကျိုးစားမယ်။
မင်းတာဝန်က မင်းကျန်းမာအောင်နေ စိတ်ကို တရားနည်းနဲ့ သမာဓိကို တည်ထောင်ထား။
လွတ်လပ်တဲ့ ငါတို့ မြေမှာ မကြာခင် ပြန်တွေ့ ကြမယ်။

Unknown said...

တကယ့်ကိုစိတ်မကောင်းဖြစ်မိပါတယ်.
အရေးကြီးတာကျန်းမာအောင်နေပြီး စိတ်ဓါတ်မကျအောင်ကြိုးစားစေချင်ပါတယ်

ခင်မင်းဇော် said...
This comment has been removed by the author.
ခင်မင်းဇော် said...

ဒီလိုမျိုးတွေ..
ကြုံခဲ့ကြတယ်..
ကြုံနေရတယ်လေ..
တို့တာဝန်မကျေသေးဘူး...
(နေဘုန်းလတ်ရဲ့ အဒေါ်အငယ်တုန်းကလဲ နှစ် ၂၀ ပဲလေ အားတင်းထားပါ)

Away Pann Eain said...

Brother....,U r the only one hero in Myanmar bloggers. Actually they(Stupid Junta)lose u.U did not lose them.Hopping..one day will be ours.

Anonymous said...

Guys
THANKYOU ALL...

Oh... how I love to print this and take it to Nay, the energy on your comments will keep him strong...

Yes, they can take his freedom of movement but they cannot touch his mind nor his spirit...

The junta's loss as Nay Phone Latt has got brains the junta lacks...

May I suggest to Please keep the blog going... start a new topic daily...

SPAMMERS, stay away from the CBOX,
if you have nothing nice to say, just SHUT YOUR FLY and allow us to stay focussed.

Unknown said...

YIT mhar khin khat tae ah ko ta yout........
pyaw sayar sakar lone ma shi aung sate ma kg phit mi par dae....
Be Courage!
History will be prooved!
Time will be prooved!
We honoured to you!
Take care of your health!

MMO said...

အလေးပြုပါတယ်ကိုနေဘုန်းလတ်...လေးလေးစားစားကို ဦးညွှတ်ပါတယ်...

MELODYMAUNG said...

သူငယ်ချင်း..
ဘယ်တော့မှ ဦးမညွတ်နဲ့
အမြန် ပြန်ဆုံမယ်

Unknown said...

ကျော်ကျော်ရေ...

မီးခဲကို ကိုင်ထားတဲ့ သူသာ ဒီမီးရဲ့ အပူရှိန် ဘယ်လောက်ပြင်းတယ်ဆိုတာကို ပိုသိမှာပါ။ ဘေးလူကတော့ မီးပူတာကို ကိုယ်ချင်းစာနိုင် ပေမဲ့ မီးအပူရှိန်ကိုတော့ မင်းလောက် ပိုမသိ နိုင်ပါဘူး.. ..မင်း စိတ်ဓါတ်နဲ့ အနုပညာကို ပိုထက်မြက်အောင် ထောင်ထဲမှာ ကျန်းမာရေးကို ဂရုစိုက်ရင်း သွေးခဲ့ပါ။ မင်းလည်း အနှစ် (၂၀)ထောင်ထဲမှာ မနေရသလို ..စစ်အာဏာရူးတသိုက်လည်း တသက်လုံး မအုပ်ချုပ်နိုင်ပါဘူး...တနေ့ သူတို့ ကျဆုံးတော့မှာပါ..။

အမ
မိုးအဉ္ဇလီ

citypoint said...

naing htut
ကျနော်တို့  မြို့ စားကြီးအတွက် ဘာလုပ်ပေးနိုင်ကြမလဲ...
တစ်ခုခုတော့ လုပ်ကြရအောင်ဗျာ

အောင်သူ said...

ကိုနေဘုန်းလတ်သတင်းကြားကြားခြင်း အရမ်းကိုဝမ်းနည်းပါမိပါတယ်။
စစ်အာရှင်စနစ်ကြီး အမြန်ဆုံး ကျဆုံးပါစေ.....။

Unknown said...

ညီလေး အားတင်းထား လူကို သတ်လို့ရပေမဲ့ စိတ်ဓာတ်ကို သတ်လို့ မရဘူး။ လူသေပေမဲ့ နာမည် မသေဘူး။

Unknown said...

ကိုနေဘုန်းလတ် ရဲ့ သူငယ်ချင်းများ ခင်မင်သူ လေးစားသူများ ခင်ဗျား။

စစ်အုပ်စု ကို မစင် သဖွယ် သဘောထား အဆက်အဆံ မလုပ် မရှိ ကြဘို့ မေတ္တာ ရပ်ခံပါရစေ။ ဒင်းတို့ နဲ့ တကွ ဒင်းတို့ နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းများကိုပါ ရှောင်ကြဉ် ကြပါစို့။ ကိုနေဘုန်းလတ် ကျမ်းမာနေဘို့ ဆုတောင်းကြပါစို့။

Unknown said...

သန်းရွှေ နဲ့ တကွ မောင်အေး အောင်သောင်း မောင်သောင်း ရွှေမန်း မြင့်ဆွေ ကျော်ဆန်း ဥာဏ်ဝင်း ဒင်းတို့ တသိုက် ဒင်းတို့မိသားစုတွေ တသိုက် မြန်မြန် ကာလနာ တိုက်ဘို့လဲ ဆုတောင်းကြပါစို့။ တကယ်ပြောတာ ရီစရာ ရေးတာ မဟုတ်ရပါ။
ကျွန်တော် ကတော့ နေတိုင်း ဆုတောင်းနေပါတယ်။

HAPPY CLOUD said...

မြို့သစ်တည်ခြင်း

ငါ့နှလုံးသားက
ခွဲထုတ်လင်းလတ်ချင်တာ
တိမ်မျှင်ပါးပါးလေးတစ်စ...
မြို့ရိုးတွေ ကျိုးပျက်
နန်းတော်ကြီး ပြိုလဲသွားတော့
ငါ့သွေးတွေလည်ပတ်ဖို့
ငါ့ရင်ထဲက
ဓါးတစ်စင်းက
တလတ်လတ် ၀င်းပရတော့မှာ...
ဒီတစ်ခါရှုံးပေမဲ့
ငါ့နှုတ်ခမ်းမှာ
ဓါးကွေးတစ်စင်းကို
ထက်ရှရှလေး တင်ထားလိုက်တယ်...
စူးရှတဲ့ မျက်ဝန်း အစုံမှာ
ယုံကြည်ချက်မြှားတစ်စင်းက
မီးတောက်တွေ တ၀င်းဝင်းနှင့်...
ဓါးဆိုတာ
ဓါးအိမ်ထဲ ထားရုံနှင့်
တုံးသွားရိုး ထုံးစံမရှိဘူး...
ငါ့စိတ်ဓါတ်တွေ မသုန်းသမျှ
ငါ့ မြို့ရိုး မကျဆုံးဘူး...
ငါလွတ်ကျခဲ့တဲ့
အဲဒီ မြို့တော်ထဲမှာပဲ
အမှန်တရားကို
ပြန်ကောက်ပစ်မယ်...
ငါ့နှလုံးသွေးတွေနှင့်
ငါ့မြို့ရိုး အသစ်ကို
ကြံခိုင်စေမယ်...
ငါ မျှော်လင့်တဲ့
သစ္စာတွေလင်းတဲ့ မြို့တော်ကို
ငါ့ကိုယ်အနှံ့ကသွေးတွေနှင့်
အသက်သွင်းမယ်...
တိမ်ညိုတွေ ပြိုကျပြီး
ကောင်းကင်တစ်ခုလုံး
အလင်းဖြာမဲ့နေ့...
လင်း...ဖြာ...မှိုင်း...ရီ...နေ....မဲ့....
ငါ့ အာရုံအတက်မနက်ခင်းမှာ
ရွှင်းပ ၀င်းမြနေမဲ့...
မင်းတို့ရဲ့မျက်နှာ တွေနှင့်အတူ...
ဆူးမငြိမဲ့ မင်းတို့ရဲ့
ခြေဖ၀ါးတွေ
နင်းချစေဖို့....
ငါ့ နှလုံးသားတစ်စုံကို..
မြို့အ၀င်တံခါးဝမှာ...
ခင်း...ချ...လို့...ထား...လိုက်...မယ်...။
လေးစားစွာ ခံစားရေးဖွဲ့ပါသည်
(ဖိုးမောင်)

အောင်ပိုင်စိုး said...

နောက်ဆုံးတွေခဲ့ရတုန်းက အစ်ကိုက ပြုံးပြုံးနဲ့ပြောတယ် အောင်ပိုင်စိုး ကြည့်ထားကွ အဲဒါထောင်ထဲက ထမင်းတဲ့ မင်းနေကောင်းလား ကျွန်တော်က ဘာမှမေးမထွက်ခင် အစ်ကို က စကားတွေဖောင်ဖွဲ့လို့ အစ်ကိုက အရာရာကို အပြုံးနဲ့ရင်ဆိုင်တယ် အပြန်ကျတော့ တနလာင်္နေ့ အမိန့်ချမှာ အမေ့ကိုမင်းပြောလိုက်ဦးတဲ့ အစ်ကိုက အမှန်တရားအတွက် ခမ်းနားတဲ့ မျက်နှာထားနဲ့ အဲဒီတနလာင်္ပေါ့ ကျွန်တော်တို့ရင်ထဲကို မိုးကြိုးပစ်သလို ထစ်ချုန်းသွားခဲ့တာ အမှန်တရားဆိုတာ ဘယ်မှာလည်းလို့ ကျွန်တော်စိတ်ရှိလက်ရှိ အော်ဟစ်ပစ်လိုက်ချင်တယ်.... ရှက်တတ်ရင် လဲသေလိုက်ဖို့ပဲရှိတော့တယ်အစ်ကို မြင့်မြတ်တဲ့နိုင်ငံသားတွေကို ထောင်ချထားပြီး အပြင်မှာက..............တွေ။

တောင်ပေါ်သား said...

အကိုရေ လူချင်းအပြင်မှာ မမြင်ဘူးပေးမဲ့လို့ အကိုနာမည်ကို ကျနော် ရင်းနှီးနေတာကြာပါပြီ ဘယ်လို ပြောရမှန်းမသိအောင်ကို ၀မ်းနည်းမိပါတယ်.. အားတင်းထားအကိုရေ တနေ့ ကျနော်တို့ လွတ်ကျသွားတဲ့ မြို့တော်ကို ကျနော်တို့ လက်တွေနဲ့ ပြန်တည်ဆောက်နိုင်မယ်လို့ ကျနော် ယုံကြည်ပါတယ် လေးစားလျက်ပါ အကို

dreamer said...

ဘလော့ရေးသားခြင်း ဟာ အနှစ် နှစ်ဆယ် အကျဉ်းကျစေ တဲ့တန်ဖိုး ရှိပေမယ် ကျနော်တို ကို တော့ မရေးပဲနေအောင်မတား စီးနိုင်ပါဘူး။ တချိန် ပေါ့ပေါ့ .......အဒီတချိန်ချိန် ကျရင်တော့.......

Nyi Lin Win said...

အာဏာရှင်စံနစ် အမြန်ကျဆုံးပြီး ကိုနေဘုန်းလတ် အမြန်ဆုံး ထောင်မှလွတ်မြောက်နိုင်ပါစေ

Unknown said...

မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်...တဲ့...

မိုးကောင်းတုံးရွာထားအုံးပေါ့ကွာ..
ငါ့အလှည့်ကျရင် မိုးကြိုးပါပစ်ချလိုက်မယ်...တဲ့၊

တကယ်ဖြစ်သွားတာက...
တချို့ က ၂နှစ်၊ တချို့ က ၁၀နှစ်၊
တချို့ က အနှစ် ၂၀
တချို့ က ၆၅နှစ်၊ တချို့ က..

ကံတရား၊ အတုံ့အလှည့်....
အေး...
ငါတို့အလှည့်ကျရင်...
..
မီးဟုန်းဟုန်းတောက်နေတဲ့
မိုးကြိုးမုန်းတိုင်းအလည်မှာ
သေမင်းကို တွေ့ရစေ့မယ်။
မှတ်ထား၊ မင်းတို့ အလှည့်မှာ...
သေမင်းကို ခါးခါးသည်းသည်းတွေရလိမ့်မယ်၊

Thet Oo said...

နေဘုန်းလတ်ရေ.. မင်းဟာ အာဇာနည် ဘလော့ဂါမို့ ရေးထားသမျှကို အချိန်ယူပြီး သေချာ ပြန်ဖတ်ပါအုံးမယ်လို့ ပြောလိုပါတယ်။

Thet Oo said...

ဘလော့ဂ်တခု ရင်ထဲနုမြစ်
ဖြစ်ပြီးသထက်ဖြစ် သစ်ပြီးသထက်သစ်
ရက်လနှစ်ရှည် တာမျော
မပြောသာပြီ
နေဘုန်းလတ် ရေ..
တို့ရင်ထဲမှာတော့ မင်းအတွက်
“သောကရာသီ”

(ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ကဗျာအား ကော်ပီယူထားပါသည်)

ကိုကိုသုန် said...

ကျန်းမာရေးကိုဂရုစိုက်ပါ။ အစ်ကိုက (ကိုမင်းကိုနိုင်) ကဗျာရွတ်ခဲ့ဖူးတယ်။ "ကျောင်းနံရံတ၀ိုက်ဒေါင်းအလံပြန်စိုက်တဲ့အချိန် ငါတို့.........."

မေငြိမ်း said...

Reporters Without Borders Award on December 4th

RSF ASIA

Reporters Without Borders Award

On Thursday 4 December, 11 a.m., at the Espace Fondation EDF, 6 rue Récamier, in Paris, Shirin Ebadi, Nobel Peace Prize winner, will present the prize to the winners.

Category 1 : Journalists who through their work, their principled stand or their attitude have displayed support for freedom of information

The 2008 nominees in the "Journalist" category are :

Burma - Nay Phone Latt
A special court in Insein prison sentenced 28-year-old blogger Nay Phone Latt to 20 years and six months in prison on 10 November for violating the Electronic Act, which punishes using the Internet against the government. His mother was not allowed to attend the trial and his lawyer was himself jailed for criticising the court.
The owner of two Rangoon Internet cafés, Nay Phone Latt was arrested on 29 January in possession of a video banned by the military government. In his blog (http://www.nayphonelatt.net), he described the difficulties that Burmese youth have to express themselves, especially since the street demonstrations by Buddhist monks and young people in the autumn of 2007. The blog was also a very important source of information about the so-called Saffron Revolution. The government is still cracking down hard on those who participated in or reported on the protests.
The prison authorities have not allowed Nay Phone Latt to see a doctor for the eye condition he suffers from.
နေဘုန်းလတ်ရဲ့ နိုင်ငံချစ်မှုအတွက် သမိုင်းဝင် အောင် ဂုဏ်ပြုတာမျိုးဖြစ်တာမို့ မှတ်တမ်းတင်ပေးချင်ပါတယ်။ ပညာတတ် စိတ်ထားမြတ် လူငယ်လေး တယောက်ရဲ့ နုပျို တက်ကြွတဲ့ အရွယ်ကို ဒီဆုနဲ့ တန်ဖိုးမဖြတ်ချင် ပါဘူး။ ဒါပေမဲ့ လောလောဆယ်မှာတော့ သူရဲကောင်း တွေအတွက် ဂုဏ်ပြုမှတ်တမ်းလို့ သဘောထားကြတာ ပေါ့နော်..။ နေဘုန်းလတ် ကျန်းမာပါစေ..။

Hteink Min said...

ကိုနေဘုန်းလတ်ရေ Nominee အဖြစ် အရွေးခံရတာကို ဝမ်းသာသလို၊ ကျွန်တော်တို့ လူငယ်တွေ ဘာတွေဆက်လုပ်သင့်တယ်ဆိုတာ အကို နမူနာ ပြသွားတာပါပဲဗျာ..

BUFO said...

လေးစားလျှက်ပါ

Nandar said...

I am really sad to hear about you.We never give up.You are my hero.I believe you that you can pass successfully this worst time. fucking government!

Nandar said...

I am really sad to hear that.I want to kill them.Never give up Ko Nay Phone Lat!I believe you that you can pass successfully this worst time.Take care your health.I always pray for you and all of my hero such as 88 students and U Zarkanar.Fucking Government!rrrrrrrrrrrrr want to kill!!!!!!!!

ZMT said...

ကိုနေဘုန်းလတ် ဟာ ကျွန်တော်တို့ အားလုံးလေးစားရတဲ့ လူတစ်ယောက် ပါပဲ။ အမြန်ဆုံး လွတ်မြောက်ပါစေ။

Anonymous said...

ဘလော့တွေထဲက သူရဲကောင်း အစ်ကိုရေ့ ဒီအချိန်မှာ စိတ်မကောင်းစွာနဲ့ ကျန်းမာပါစေလို့ပဲဆုတောင်းပေးနိုင်ပါတယ် ။ စိတ်ဓာတ်နဲ့ အနုပညာကို အားပြုရင်း နေ့ရက်တွေကိုကျော်ဖြတ်နိုင်ပါစေဗျာ။

said...

ဂုဏ်ယူပါတယ်။
တစ်ချိန်မှာ အမှန်တရား အောင်ပွဲရမှာ မလွဲပါ။
အချိန်တွေကိုစောင့်နေရင်း............

mikozan said...

Bloggerဆိုတဲ့စကလုံးကိုကြားတိုင်း နေဘုန်းလတ် ဆိုတာကိုရင်ထဲကသတိရလာတယ် နှလုံးသွေးတွေဆူတက်လာပီး မျက်ဝန်းအိမ်မှာမျက်ရေတွေစို့လာတယ် လက်သီးကိုတင်းတင်းဆုပ်ပီး အံကိုတင်းတင်းကျိတ်လိုက်တယ် သူ့ကိုပိုပိုလေစားလာသလို အနာဂတ်အတွက်တာဝန်မသိတဲ့Bloggerတွေကိုမုန်းလာတယ်
အနာဂတ်အတွက်တာဝန်မသိတဲ့ ဗမာ တွေကိုမုန်းလာတယ်
ကို့ကိုယ်ကို လဲမုန်းလာတယ်
HERO IS NEVER DIE

lovelessguiter said...

တစ်နေ့နေ့တော့ အားလုံး မျှော်လင့်သလို ဖြစ်လာဖို့ရည်မှန်းပါတယ်ဗျ... အစ်ကိုတစ်ယောက်လည်း အမြန်ဆုံးလွတ်မြောက်ပါစေလို့.. ဆုတောင်းရင်း....

Unknown said...
This comment has been removed by a blog administrator.
mu2ng said...

MU MUNG&မူမူန်!!!!!! Jail ဆိုးတာ ယခင်ကလူမိုက်တို့မသွားရာလမ်းလို့သမုတ်ခဲ့ကြတယ်။ယခုတော့ Jail ဆိုးတာပညာရှင်းတွေး တစ်စုံးတခုကို Research ပြုလုပ်ရာ Hall ပါ။ကျွန်တော်ယုံးကြည်တယ် ကိုဘုန် လဲကျောင်းနံရံတ၀ှိုက်ဒေါင်းအလံစိုက်တဲ့တနေ.ပြန်လာမယ်လို.ယုံကြည်ပါတယ်။ Blogger Hero စိတ်ပျက်ရင်ပျက်ပါ တရာတော့မပျက်စေးနဲ့......Blogger Hero အတွက် အဝေးတနေရာကနေဆုတောင်းပေနေမယ် သွေးသစ်ရဲဘော်.... မူမုန်[ကလေးမြို.]နယ်မြေသစ်[Maryland&Baltimore]

ခွန်မြလှိုင် said...

နေရာ

ဇန်န၀ါရီ ၂၉
ထပ်ထပ်တိုးတဲ့ ကြံ့ခိုင်ရေး သင်ခန်းစာတွေကို
သင်ရိုးမရှိတဲ့ ကျောင်းမှာ စူးစမ်း လေ့ကျင့်ရင်း
တနှစ်တင်းတင်း ပြည့်ခဲ့ပြီ။

တိုက်ပိတ်သတဲ့လား
ဒီမိုကရေစီ ဘာဝနာ ပွားရင်း
လွတ်လပ်ရေး ကမ္မဌာန်းကိုကျင့်
စိတ်စွမ်းအားတွေ မြင့်သထက်မြင့်
အတွေးအခေါ်နဲ့ ခံယူချက်တွေက ရင့်သထက်ရင့်လို့။

နှုတ်ဆင့်ကမ်းလိုက်ပါ သူငယ်ချင်း
လက်ဆင့်ကမ်းလိုက်ပါ သူငယ်ချင်း
နင်ရဲ့ အတွေ့အကြုံတွေကို
နင်ဆည်းပူးခဲ့တဲ့ သင်ခန်းစာတွေကို

မိုးကောင်းတုန်း ရွာထားစေဦးပေါ့
အမြဲမှန်တဲ့ အနိစ္စတရားထဲ
မိုးရာသီ ကုန်တဲ့နေ့
ငါတို့ ပြန်တွေ့ကြမယ်။

A random thoughts of a Burmese man said...

သူငယ်ချင်း ငါ့စိတ်ထဲမှာ မင်းကို အရမ်းသတိရလွန်းလို့ လာလည်သွားတယ်ကွာ။ အခုတစ်လော မင်းလွတ်လာပြီလို့ ငါ့အိပ်မက်တွေ မက်နေမိတယ် ။

mgphyu said...

Hi, Big Brother Nay Phone Latt.U are the Man.Don't worry.U 're very young.U fell down now.Just hold down and stand up again.They 're Jealous because all 3 dog generals combine together 've not finish one High school diploma.Take care your Health all the times.
MC,San Francisco.U.S.A

mgphyu said...

Hi,Big Brother Nay Phone Latt.U are THE MAN.Hopefully Stand up and Walk away very soon again.All 3 Doggy generals are jealous because all they combine are not finishing one High School Diploma.Take care u health all the time.God Bless You and Mother land BURMA.
MC.San Francisco,U.S.A

tzngenge said...

အစ်ကို စိတ်ဓာတ်မကျနဲ့နော်... အကို့ အတွက်နေ့တိုင်းဆုတောင်းနေမယ်...ကျန်းမာရေး ဂရုစိုက်ပါအကို.
ငယ့်ကို တော့ အကိုသိမှာမဟုတ်ပါဘူး...

tartar said...

ဘယ်အချိန်၊ ဘယ်နေရာကိုရောက်ရောက် အစ်ကိုနေဘုန်းရဲ့ အယူအဆတွေ၊ စကားတွေနဲ့ အကို့ရဲ့မြို့တော်ထဲမှာ ပျော်ဝင်နေဆဲပါ။ နေ့တစ်နေ့ ၊ အဲဒီနေ့ကို စောင့်နေမယ်။ အကိုနေကောင်းပါစေ။

Kinshi said...

ပထမတော့ Blogger အနေနဲ့ ကိုနေဘုန်းလတ်ကို သိတယ်။ နောက် Liverpool Fun ဆိုတာ သိတယ်။ အဲ...နောက်ဆုံးကျတော့ သူရဲကောင်းတစ်ယောက်လို့ သိလိုက်တယ်။ လူကိုခွေးကိုက်တယ် လို့ပဲပြောပါရစေ။ သတ်တယ်ဆိုတာမသုံးချင်ဘူး။ သူရဲကောင်းဆိုတာ သတ်လို့ မသေပါဘူး။ နောင်နှစ်ပေါင်းများစွာ ဆက်လက်ရှင်သန်နေမှာပါ။ လေးစားပါတယ် ကိုနေဘုန်းလတ်.......

Unknown said...

လေးစားပါတယ်...ဗျာ...။ ဒီစကားကို ... ကျုပ် အသိုင်းအ၀န်းမှာ ကျုပ် စိတ်ပါလက်ပါနဲ့ တခုမှ မပြောခဲ့ရိုး အမှန်ပါ... ကျနော်ခင်ဗျားကိုလေးစားပါတယ်..။( ဒီ စကားကို ပြောနေတာ စစ်အစိုး၇ ၇ဲ့ ဘက်တော်သား တယောက်ဆိုတာ ကို ခင်ဗျားသိ၇င်...)
လေးစားပါတယ်ဗျာ....။

Unknown said...
This comment has been removed by the author.
Unknown said...

ကိုနေဘုန်းလတ်ရေ...

အစ်ကိုအရမ်းချစ်တဲ့မြို့ လေးကို လာလည်သွားပါတယ်...
စိတ်ထဲမှာဆို့ နင့်ရလွန်းလို့  ပြောစရာစကားလုံးတွေလဲ ရှားပါးကုန်ပါပြီ...
ဟိုတလောကမှ အသိတယောက်နဲ့ စကားစပ်မိရင်း အစ်ကိုနဲ့ အပြင်မှာဆုံဖူးမှန်း စကားပြောဖူးမှန်း သိလိုက်ရတယ်...
အဲဒီတုန်းက 'နေဘုန်းလတ်' ဆိုတာမသိခဲ့တဲ့အတွက် နှမြောလို့ မဆုံးဘူးဗျာ...
တနေ့ နေ့ ပေါ့... ကျွန်တော်တို့ ပြန်ဆုံကြမှာပါ...

အစ်ကို ကျန်းမာပါစေ... သံတိုင်တွေကိုဖောက်ထွက်ပြီး စိတ်ဓာတ်တွေ ဟိုးအမြင့်ဆုံးထိ အတောင်ပံဖြန့် ပျံသန်းနိုင်ပါစေ...

မေတ္တာဖြင့်
ပုံကြီး...

ကိုလူထွေး said...

ကျွန်တော်တို့ တွေ ဘလော့စာမျက်နှာပေါ်ကနေ ဆက်လက် တိုက်ပွဲဝင်နေမှာပါ...

Unknown said...

အကို ရေ ကျမ က သူရဲကောင်း မဟုတ်ပေမယ့် အကိုတို့ လို သူရဲကောင်း တွေ ကို အရမ်း လေးစား ပါတယ်။ အကို ကျမ်းမာ ပါစေ အကို။

HRmyanmar said...

အမဲရောင် ပန်းချီကားမှ အလင်းစက်တို့

ကောက်ကြောင်းရေးခဲ့သူတို့
မရှိတော့သည့်နောက်ဝယ်
ငရဲပြည် ဗီဇာကျထားသူအချို့
ပုတ်သင်ညိုတစ်ချို့ကို စုစည်း
အမဲရောင် စုတ်တံတွေကိုင်ဆွဲလျက်
ပိန်းပိတ်အောင်ခြယ်နေလည်း
အလင်းစက်တွေ အလင်းစက်တွေ
ပန်းချီကားအနှံ့
တဖြတ်ဖြတ် တောက်နေဆဲ ဟေ့ !
ဖြိုးဝေ-mmp

ကိုနေဘုန်းလတ် ရဲ့ အလင်းစက်ကလည်း တဖြတ်ဖြတ် ယနေ့တိုင်တောက်နေဆဲပါ

မောင်ရင်ညို said...

ဒီနေ့ ပွဲဟာ
ရှုံးရှုံး နိုင်နိုင်
ယှဉ်ပြိုင်ခြင်းသာ အဓိက ဆိုတဲ့ ပွဲမဟုတ်ဘူး
သူသေကိုယ်သေ အပြိုင်နွှဲ
ဝိညာဉ်ချင်း ရိုက်ခွဲတဲ့ ပွဲ ဖြစ်တယ်။

"ဟေ့ ကြိုးစင်"
ငါ ရင်ကော့ပြီး လာခဲ့မယ်။

ရွှေဘုန်းလူ

ကိုတာရာရေးခဲ့ တာလေးနဲ့ အတူ ကျွန်တော် သတိရတယ်
ကျွန်တော့် မှာ ပြော စရာ တစ် ခုပဲ ရှိတယ်


"ဟေ့ ကြိုးစင်"
ငါ ရင်ကော့ပြီး လာခဲ့မယ်။

Lynn said...

နေဘုန်း..ပေးဆပ်သူတို့ရဲ့ သမိုင်းထဲက နင့်ကို ငါလေးစားတယ်။ တိုင်းပြည်ပြောင်းလဲဖို့ လစ်ဘရယ် ပညာတတ် နိုင်ငံရေးသမား ရှိဖို့ဘဲ လိုတယ် ဆိုတဲ့ သူငယ်ချင်းတယောက်ရဲ့စကား ငါဖနှောင့်နဲ့ ဆောင့်ကန်ချင်တယ်။ ပေးဆပ်သူတွေကို ငါတို့ ဘယ်မှာ ချန်ထားခဲ့လို့ရပါလိမ့်။ နင်ပြန်လာတဲ့ တနေ့ ငါတို့ စောင့်နေဆဲ။

Lynn said...

နေဘုန်း..နိုင်ငံတနိုင်ငံ ပြောင်းလဲဖို့ လစ်ဘရယ် ပညာတတ် နိုင်ငံရေး သမား တွေက အဓိကကျတယ်။ ပေးဆပ်သူတွေဆိုတာ ပဓါန။ အဓိက မဟုတ်ဆိုတဲ့ အသိတယောက် ..ငါ ဖနှောင့်နဲ့ ပေါက်ချင်နေတယ်။ တကယ်တော့ ပေးဆပ်သူတွေက ငါတို့ ရင်ပတ်ထဲက ဆွဲထုတ်လို့ မရနိုင်တဲ့အရာတွေ..နင်တို့တွေက ငါတို့ရဲ့ သူရဲကောင်းတွေဘဲပေါ့။ အေး..ပြန်လာမဲ့ တနေ့ အားမွေးရင် စောင့်နေဆဲဟာ။ ငါတို့ဘက်က အဆင်သင့်ဖြစ်အောင် ပြင်ရင်းနဲ့ပေါ့။

ကိုရင်နော်ခင်လေးငယ် said...

ကိုနေဘုန်းလတ်..

၂၀၁၀ တဲ့.. နှစ်သစ်ကူးပြန်ပြီ အစ်ကိုရေ..
ကျန်းမာပါစေ..

လေးစားမှုများစွာဖြင့်

Unknown said...

အစ်ကို နေကောင်းပါစေ။ အမြန်ဆုံးပြန်လွှတ်မြောက်နိုင်ပါစေ။ အစ်ကို ဟာ ကလောင်တံ ကိုင်ပြီး အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့တဲ့ သူရဲကောင်းပါ။

Unknown said...

မနက်ဖြန်ဆိုတာ ရှိနေသရွေ.

phyoaung said...

အရှက်သိက္ခာမရှိသူတွေကြောင့် အကိုတို့လို တန်ဖိုးရှိသူတွေရဲ့ အချိန်၊ ပညာနဲ့ အတွေးအခေါ်တွေ
အလဟသဖြစ်နေရတာ၊ ကာယကံရှင်၊ မိသားစုနဲ့ တကွ အကိုတို့ကို ချစ်ခင်လေးစားသူတွေ ခံစားနာကျည်းနေရတာတွေ အမြန်ဆုံး အဆုံးသတ်စေချင်လှပါပြီဗျာ..
အကို့သမိုင်းကို အကိုကိုယ်တိုင်လှလှပပရေးနေဆဲပါပဲ။
လူကိုပဲထောင်သွင်းအကျဉ်းချလို့ရမယ်။ အကို့သူရဲကောင်းစိတ်ဓါတ်ကို ထောင်သွင်းပြီးအကျဉ်းချလို့မရနိုင်ပါဘူး။
ကျနော်တို့ အားလုံးအကို့ကိုလေးစားစွာ စောင့်နေတယ်..

Unknown said...

အချိန်တွေကုန်လွယ်တယ်ဆိုတာနားလည်သဘောပေါက်ပါ ပန်းတိုင်ဆိုတာလဲစွန့် စားတဲ့ သူရဲကောင်းအတွက်ပါ အမှန်တရားကို၇င်ဆိုင်ဝန့် တဲ့ မင်းလိုသူရဲကောင်းမျိုးအတွက် အရပ်ဆယ်မျက်နှာက ကောင်းချီးပေးနေပါတယ် ကျမ္မာရေးကိုအထူးဂရုစိုက် အရှုံးထဲကအမြတ်ရှာကြီးကျယ်မြင့် မြတ်သူကိုသိမ်ငယ်သူတို့ အကြောက်တရားဖြင့် ရင်ဆိုင်နေကြ၏ ဒီနေ့ ဟာမြန်မာသကြန်အကျနေ့  ၁၃ ၄ ၂၀၁၀ ဒီလိုဆိုအချိန်တွေကုန်လွယ်တာသိမှာပါ လွတ်လပ်ခြင်းချက်ချင်းလက်ငင်းရပါစေ

Unknown said...

ဘယ်တော့မှအရှုံးမပေးနဲ့။ "ငါသေမှ ငါ့ ကလောင် မြေခ စေရမယ် "

Htoo said...
This comment has been removed by the author.
Htoo said...

We heard About your achievement.
Congratulation ...
May you endure all obstacles ...
One day we will be in Liberty ...
Democracy is coming to us now...

Blogger Diary

We wrote what we found out,
We posted what we felt,
But the Army doesn't like us
Put you behind Iron bars,
That is twelve-years.

We shocked when we heard,
We felt sorry we couldn't help you,
But your writings still remain,
In the Bloggers' history days,
You are the ideal bloggie star.

Sooner the era will change,
Freedom will be gained,
All your Post still remains,
You the heroes of the days,
Thank you for these freedom-days,
We will sooner meet again,
We will speak out our feeling in that days.

to honor Senior Blogger Ko Latt

Unknown said...

အတုယူစရာကောင်းတဲ့ စာပေအရေးအသား၊ရိုးသားသန့်စင်တဲ့အတွေးအခေါ်၊ တိုင်းပြည်အပေါ်မှာချစ်တဲ့စိတ်၊လူငယ်တို့ရဲ့စံပြဖြစ်တဲ့ ကိုနေဘုန်းလတ်အတွက်ဂုဏ်ယူပါတယ်။

ကိုငယ် said...

ဟေ့ကောင်ကြီး..
အသက်တွေလည်း တစ်နှစ်ပြီးတစ်နှစ်ကြီးလို့ လာပြီကွး)
တကယ်ဆို သေဖို့ရာ တစ်ရက်ပြီးတစ်ရက် နီးလာတယ်ပေါ့။ ပေးဆပ်ရမယ့်သူတွေကပေးဆပ်ရမှာပဲ။ အသိနဲ့ သတိရှိဖို့ ပဲလိုတယ်။ ဒေါသတွေ မောဟတွေ မလွှမ်းဖို့ အရေးကြီးတယ်။ အေးအေးချမ်းချမ်းပါပဲ။ စိတ်တွေကို ငြိမ်းချမ်းအောင်ပဲထားပါ..။ လုပ်စရာရှိတာဆက်လုပ်ရမှာပဲ..။ မွေးနေ့ဆိုတော့လဲ Happy Birthday လို့ နှုတ်ဆက်တဲ့ ဓလေ့ကြောင့်မို့ ပြောရမှာ။ ငါကတော့ ငြိမ်းချမ်းတဲ့ စိတ်နဲ့ အေးငြိမ်းပါစေလို့ပဲ ဆုတောင်းတယ်။ လွတ်လပ်ခြင်းတွေနဲ့ အမြန်ဆုံး ဆုံစည်းပါစေ.. သူငယ်ချင်း..

Unknown said...

ကြာတတ်တာတွေ၊မကြာစေဖို.၊ကြာတွေ လှုကာ၊ဆုတောင်းပါ၏။

Zaw Wonna said...

ကိုနေဘုန်းလတ် ကျန်းမာစွာနဲ့ အမြန်ဆုံး လွတ်မြောက်နိုင်ပါစေလို့ ဆုတောင်းနေပါတယ် ....

Du Ko said...

ကျွန်တော်က အကို့ရဲ့ ပရိတ်သတ်တစ်ဦးပါ...
သတိရလျက်....

. said...

အစ်ကိုနေဘုန်းဘတ်ကျန်းမာပါစေ..

ခင်မင်သတိရစွာဖြင့်
ရတနာ

ကြည်ဖြူ said...

သိပ်ကို တော်တဲ့ လူငယ် တစ်ယောက်ပါပဲ ...
လူကို မမြင်ဘူးပေမယ့် အရမ်းကို လေးစားမိပါတယ် ...
အခုချိန်ထိ နိုင်ငံအတွက် သဲတပွင့်အဖြစ်တောင်
မပါဝင်နိုင်သေးတဲ့ ကိုယ့်ကိုယ်ကိုတောင် ပြန်မြင်မိလာတယ် ...
ကျန်းမာရေးကို ဂရုစိုက်ပါ ...
တကယ် ရင်နင့်မိပါတယ် ...

BarNyar said...

နဘလ.

သတိရတယ်.. ခုတစ်လောအိမ်မက်တွေလည်းမက်ပြီးသတိတွေလည်းရနေတယ်။မခွန်မြလှိုင်လည်းတူတူပဲ။ နင့်အကြောင်းအိမ်မက်မက်တယ်တဲ့။ =(

may said...

Bro , We all pray and waiting you .

l.lion said...

ကိုကြီးရေ... ဒီနေ့လည်း မပါလာပြန်ဘူးနော်... မှန်တာပြောရင် ဒီတခေါက် ပိုမျှော်မိတယ်... ကိုကြီး ကျန်းမာပါစေ....

ညီမငယ် KL

♫♪★လွမ်းပိုင်ရှင်★♪♫ said...

လူကိုသာ အကျဉ်းချလို့ ရမယ်၊ စိတ်ဓါတ်နဲ့ အနုပညာကို ဘယ်တော့မှ ချုပ်နှောင်လို့ မရဘူး . . . ဆိုတဲ့ ကိုနေဖုန်းလတ် (လွတ်ကျခဲ့တဲ့မြို့တော်ကို ပြန်လည်တည်ဆောက်နိုင်တဲ့ အတွက်ဝမ်းသာပါတယ်) အားပေးလေးစားလျှက်ပါ

ကိုဇော် said...

မင်္ဂလာပါ ကိုနေဘုန်းလတ် . . .
ကြိုဆိုပါတယ်ဗျာ။

チリの人生 said...

နှစ်ထောင့် ဆယ့်နှစ်ရောက်ပါပီ ..
နှစ်သစ်မှာ စိတ်သစ်လူသစ် ခွန်အားသစ်တွေ ဖြစ်စေချင်ပါတယ် ..
ကြိုဆိုပါတယ် ကိုနေဘုန်းလတ်

. said...

နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ။

ဆန္ဒတွေအားလုံး ပြည့်ဝပါစေ အစ်ကို။

ရတနာ

ကိုရင်နော်ခင်လေးငယ် said...

ဝမ်းသာအားရ ကြိုဆိုပါတယ် ကိုနေဘုန်းလတ်..း)

မဒမ်ကိုး said...

ကိုနေဘုန်းလတ်
အမြဲနားစွင့်နေခဲ့ပါတယ်
ခုအင်မတန်မှဝမ်းသာရပါတယ်
အရမ်းကိုဝမ်းသာပါတယ် ပျော်ရွှင်ဖွယ် ၂၀၁၂ ဖြစ်ပါစေ


လေးစားဂုဏ်ယူလျှက်

မဒမ်ကိုး

sai said...

အကို ရေ အရမ်းဝမ်းသာပါတယ် ။ နိုင်ငံတော်
တိုးတက်ရေး အတွက် အကို တို့ လို လူမျိုးတွေ
အရမ်းလိုအပ်ပါတယ် ။ အကို ရဲ့ ပုံကိုတွေ့ ရတော့ ၀မ်းသာလွန်းလို့  ရင်ထဲတောင်ဆို့  တယ်ဗျာ ။ ကြိုဆိုပါတယ် ...အကို ရေ..........

Nayi Min Khin said...

Blogger လို့ပြောလိုက်တာနဲ့ လူတွေအားလုံးက "နေဘုန်းလတ်"ဆိုတာကို တွဲပြီးသိနေကြပြီ။