Friday, August 3, 2012
ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော် ... စာအုပ် မိတ်ဆက်ပွဲနှင့်အရောင်းပွဲ
ကြွရောက်လာကြတဲ့ စာဖတ်ပရိသတ်များ ၊ တက်ရောက်ပြီး နှုတ်ခွန်းဆက်စကား ပြောကြားပေးကြတဲ့ စာရေးဆရာမောင်ဝံသ၊ စာရေးဆရာမင်းလူ၊ ဦးသူရ(ခ) ဇာဂနာ၊ စာရေးဆရာမင်းကိုနိုင်၊ အခန်းအနားမှူးအဖြစ်ဆောင်ရွက်ပေးတဲ့ ကိုဇော်သက်ထွေး ... စာအုပ်ထွက်နိုင်ဖို့ အစမှအဆုံးအထိ မငြီးမငြူ ကူညီပေးခဲ့တဲ ညီငယ် မြေမှုန်လွင်၊ မျက်နှာဖုံးဒီဇိုင်းကို မေတ္တာနဲ့ရေးဆွဲပေးခဲ့တဲ့ ညီငယ် မောင်ပွတ်၊ အတွင်းပန်းချီပုံတွေရေးဆွဲပေးခဲ့တဲ့ ကိုလင်းဝဏ္ဏ၊ ပွဲပြုလုပ်ခွင့်ပေးခဲ့တဲ့ HOME မှတာဝန်ရှိသူများ၊ MIDO အဖွဲ့မှ ညီငယ် ညီမငယ်များအားလုံး ... ချစ်သောမိသားစုတွေနဲ့ ... ကျေးဇူးတင်ထိုက်သူများအားလုံးကိုကျေးဇူးတင်ပါတယ် ...။
Subscribe to:
Post Comments (Atom)
12 comments:
အောင်မြင်မှုတွေအတွက် ၀မ်းသာတယ် ကိုနေ.
ရှေ့လျှောက် အများအပေါ်ထားတဲ့ စေတနာအကျိုး ပြန်လည်ခံစားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာ.
ခင်မင်လျက်.
Y.
ဘာဗျ...မေတ္တာနဲ့ဟုတ်လား... ပိုက်ဆံတောင်းမရမှန်းသိလို့ မေတ္တာနဲ့လိုလို စေတနာနဲ့လိုလို ရောကြိတ်လိုက်ရတာ။ တကယ်တော့ ငွေမလိုပေမယ့် ပိုက်ဆံရမလားတော့ မျှော်လင့်တာပေါ့ဗျာ...
စတာပါဗျာ... အစ်ကိုမြို့တော်က လွတ်မကျတော့ဘဲ တကယ့်မြို့တော်ထဲကို ခြေလှမ်းစခဲ့ပါပြီ။ ဝိုင်းဝန်းပံ့ပိုးကြတဲ့ စာပေအင်အားကို ကြည့်လိုက်ရင်ပဲ မသွားခင်က ရောက်နှင့်သူမှန်း သိသာပါတယ်။ အစ်ကို့ ပထမခြေလှမ်းမှာ မျက်နှာစာက ပါဝင်ခွင့်ရလို့ အတိုင်း မသိ ပီတိတွေဖြာ အီးအီတွေပါလျက်...
ညီငယ်
မောင်ပွတ်
ငါလဲ မင်းကို ပိုက်ဆံပေးမလို့စဉ်းစားပါသေးတယ်ကွာ ... ဒါပေမယ့် ခင်မင်မှုကို စော်တကားမော်တကားလုပ်သလိုများ ဖြစ်သွားမလားဆိုပြီး မင်းကိုမပေးတော့ပဲ အရက်ပဲဝယ်သောက်ပစ်လိုက်တာ...။ နောက်တစ်အုပ်ကျရင်တော့ ဒီဇိုင်းဖိုးပေးရင်ကောင်းမလားလို့စဉ်းစားနေပါတယ်။ ;-P
မင်းကိုယ်ဟန်ပြပေးရုံနဲ့ ငါဘာမှမြင်ရမှာမဟုတ်ဘူး ဆိုတဲ့ ဒုတိယအုပ်မှာ မြင်ရအောင်ဘယ်လို လုပ်လည်းဆိုတာ ရင်ခုန်စွာနဲ့ စောင့်မျှော်နေပါကြောင်း :P
အားကျလေးစားလျက်ပါ ...
စာအုပ်တစ်အုပ်တော့ ထွက်ပြီးပြီ။ နောင်ထွက်ရှိမယ့် စာအုပ်တွေကိုလဲ ဒီလိုပဲ ဝိုင်းဝန်းကူညီပေးဖို့ စောင့်နေပါတယ်လို့ အသိပေးရင်း... ဂုဏ်ယူပါတယ် ကိုနေမျိုးကျော်း)
အကိုရေ... အောင်မြင်မှုတွေအတွက် ၀မ်းသာနေပါတယ်ဗျာ... ကျွန်တော်က ဒေါင်းမျိုးဆက်ပါ ကျွန်တော့် blog က www.daungmyoeset.com ပါ... လာရောက်လည်ပတ်ဖို့ဖိတ်ခေါ်ပါရစေ....။
ဂုဏ်ယူလျှက်ပါ..ကိုနေဘုန်းလတ်
ကျွန်တော် အဲ့စာအုပ်ကို စာအုပ်ဆိုင်တွေမှာ ၄ခါမြောက်မေးပြီးမှပဲ ၀ယ်ဖတ်ခွင့်ရခဲ့တယ်...ဘာပဲဖြစ်ဖြစ်ခင်ဗျားလွပ်ကျခဲ့တယ်မြို့တော်ထဲကို ကျွန်တော့်စိတ်တွေခဏခဏကျကွဲတော့မယ်ထင်တယ်...
http://dlutaungdwingyi.blogspot.com/ကိုလဲလာလည်ဖို့ဖိတ်ပါတယ်ဗျာ...
လေးစားချစ်ခင်လျှက်
ဒီလူ(တောင်တွင်းကြီး)
စာပေရပ်ဝန်းကို ထူးခြားမှုတွေ သယ်ယူ လာခဲ့တဲ့ စာအုပ်အဖြစ် ဖတ်ခဲ့ရပါတယ် ...
ညီမလည်းအားပေးသွားတယ်နော်
အစ်ကိုရေ.အဲဒီနေ့ကရိုက်ထားတဲ့ video file ရှိရင် upload တင်ပေးပါလားဗျ၊ နားထောင်ကြည့်ချင်လို့ပါ။ အထူးလေးစားလျှက်..
Post a Comment