Pages

Saturday, May 5, 2012

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (Myanmar Journalists Association)


မြန်မာနိုင်ငံ သတင်းစာဆရာအသင်း အသင်းဝင်မှတ်ပုံတင်ပုံစံများကို
အောက်ပါလိပ်စာသို့ပေးပို့နိုင်ကြပါသည်။
အမှတ်(၁၅၀-၁၆၀)၊ ၃၅ လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း – ၀၉
၄၂၁၀ ၉၄၆၅၉

လက်ရှိသတင်းမီဒီယာများတွင် တာဝန်ထမ်းဆောင်နေသော သတင်းသမားများ၊
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အလွတ်တန်းသတင်းထောက်များနှင့်
မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ဝင် သတင်းထောက်များ
အနေဖြင့်ယင်းလိပ်စာသို့ ဆက်သွယ်၍ အသင်းဝင်ပုံစံများ ရယူခြင်း၊
ပြန်လည်ပေးပို့ခြင်းတို့ ပြုလုပ်နိုင်ပါသည်။ (စာအိပ်ပေါ်တွင် MJA အသင်းဝင်
မှတ်ပုံတင်ပုံစံဟု ထင်ထင်ရှားရှားရေးသားပေးပါရန်)

ဆက်သွယ်ရေးခက်ခဲသောနေရာဒေသမှ သတင်းသမားများအနေဖြင့် A4 စက္ကူတွင် အမည်၊
ကလောင်အမည်၊ အဘအမည်၊ နိုင်ငံသားစိစစ်ရေးအမှတ်၊ လူမျိုး/ကိုးကွယ်သည့်ဘာသာ၊
ပညာအရည်အချင်း၊ မွေးသက္ကရာဇ်၊ / အသက်၊ လက်ရှိကိုယ်စားပြု အဖွဲ့အစည်း(သို့)
စာစောင် (ရှိလျှင်)၊ လုပ်ငန်းအတွေ့အကြုံ၊ ယခင်လုပ်ကိုင်ခဲ့ဖူးသော
စာနယ်ဇင်းများ၊ သတင်းစာပညာနှင့်ပတ်သက် တက်ရောက်ဖူးသော သင်တန်း
(ရှိလျှင်)၊ ဆက်သွယ်နိုင်မည့် လိပ်စာ အပြည့်အစုံ၊ ဆက်သွယ်ရန် ဖုန်း၊
အီးမေးလ်၊ ထိုးမြဲ လက်မှတ်နှင့် ဓာတ်ပုံ နှစ်ပုံကို
အထက်ဖော်ပြပါလိပ်စာသို့ စာတိုက်မှတစ်ဆင့်ပေးပို့နိုင်ပါသည်။
(စာအိပ်ပေါ်တွင် MJA အသင်းဝင် မှတ်ပုံတင်ပုံစံဟု ထင်ထင်ရှားရှားရေးသားပေးပါရန်)

မြန်မာနိုင်ငံသတင်းစာဆရာအသင်းဖွဲ့စည်းပုံစည်းမျဉ်း(မူကြမ်း) နှင့် ရှေ့လုပ်ငန်းစဉ်
တို့ကို http://www.mja2012.org တွင် ဖတ်ရှုကာ အသင်းဝင်အဆိုပြုလွှာကိုလည်း
download ရယူနိုင်ပါသည်။ အီးမေးလ်ဖြင့်ပို့ပါက mmjaorg@gmail.com
သို့လည်းပို့ပေးနိုင်ကြပါသည်။

1 comment:

ခိုင်လေး ( ရွှေတောင် ) said...

ကျေးဇူးတင်ပါတယ်ရှင်